Sunday, November 20, 2011

သူငယ်ချင်းကောင်း

0 comments
Channel U မှာ စင်ကာပူကဆရာဝန်တွေက နိုင်ငံတကာလှည့်ပြီး နုတ်ခမ်းကွဲတဲ့ ကလေးတွေကို ခွဲစိတ်ကုသပေးတဲ့ အစီစဉ်ကိုအပတ်တိုင်းပြတာကို ကြည့်လိုက်ရတယ်။

မြန်မာနိုင်ငံကို လည်းသွားရောက်ပြီး ကုသပေးတာတွေပါတော့ပိုစိတ်ဝင်စား
သွားတယ်။ နုတ်ခမ်းကွဲတာတော်တော်ဆိုးနေတဲ့ မြင့်မြင့်စန်းဆိုတဲ့ ကောင်မလေးကို ခွဲပေးတာ ရုပ်ပြောင်းသွားတော့ကိုယ်တောင် ပီတိဖြစ်သွားတယ်။ ကျောင်းမှာ အနှိမ်ခံရတယ်ဆိုတဲ့ အကြောင်း ၊ ငိုပြီးတော့သူ့ အဖွားကိုတိုင်တဲ့ အကြောင်းလေးတွေလည်းပါတယ်။

နောက်ဆုံးအပတ်မှာတော့ စင်ကာပူမှာရှိတဲ့ နုတ်ခမ်းကွဲတဲ့ ကလေးတွေအကြောင်းပြတယ်။ အဲ့ ဒိမှာ ၁၈ နှစ်ရှိပြီဖြစ်တဲ့ ကလေးမလေးကိုနောက်ဆုံးအကြိမ်ခွဲစိတ်မှုပြုလုပ်ရင်း သူ့ မိခင် ကိုခံစားချက်လေးတွေကိုမေးတာလေးပါတယ်။ သူ့ မိခင်ဟာ သမီးလေးကိုစောင့်ရှောက်ဖို့ အတွက် အလုပ်ကထွက်ပြီးကလေးငယ်စဉ်ကတည်းက အနီးကပ်စောင့်ရှောက်ခဲ့ တယ်။ သူ့ သမီးအကြောင်းကို ဘေးပတ်ဝန်းကျင်မပြောနဲ့ အချစ်ဆုံးသူငယ်ချင်းတွေကိုတောင် သူ့ သမီးအကြောင်း ပြောဆိုတိုင်ပင်ခြင်းမရှိဘူးတဲ့ ။ ကြားကြားခြင်းမျက်ရေ၀ဲမိတယ်..... ခံစားချက်ခြင်းတူနေလို့ ပါ။

သူတို့ လည်းကိုယ့်ကို ဘယ်လို မှမကူညီနိုင်တဲ့ မွေးရာပါ ချို့ ယွင်းချက်ကို တကူးတကမပြောပြချင်တဲ့ သူ့ ရဲ့ စိတ်ကိုကိုယ်ချင်းစာမိတယ်။ စိတ်သဘောထားသေးသိမ်သူတွေကိုပြောပြမိရင် သူတို့ က အဲ့ ဒါ ဘယ်သူ့ ပရောဂကြောင့် ဖြစ်ရပါတယ် ၊ ဘယ်သူကအမှားလုပ်မိလို့ ဖြစ်ရပါတယ်လို့ ပြောရင် ကိုယ့် မှာ စိတ်မကောင်းဖြစ်ရတာဘဲအဖတ်တင်မယ် ။ သူငယ်ချင်းကောင်းဆိုတာ စိတ်သဘောထားကြီးပြီး မှန်ကန်တဲ့ စိတ်ထားရှိဖို့ လိုတယ်ဆိုတာသိလာတယ်။ အဲ့ ဒိလိုအချိန်မှာ ကိုယ် ဘယ်လိုရှေ့ ဆက်ရမယ်ဆိုတာကို ကျန်းမာရေး ၀န်ထမ်းဆရာဝန်တွေနဲ့ ၊ ကိုယ်လိုအတွေ့ အကြုံရှိထားဖူးတဲ့ လူတွေဆီကနေအကြံဥဏ်ကောင်းတွေရနိုင်တယ်။

Sunday, August 7, 2011

ဘ၀နေ့ ရက်များ ( ၈. ၈. ၂၀၁၁ )

0 comments
ကျောင်းဝတ်စုံအပြည့်နဲ့ 
မှန်ကြိုက်ခင်လေး(မားမား ရဲ့ လက်ရာ အပေါ်ဝတ်လေးနဲ့ )

သမီးလေး စင်ကာပူရောက်ပြီးမှ သူ့ အကြောင်းလေးတွေ ဘလော့ ပေါ် အရင်လို မရေးမှတ်နိုင်ဘူးဖြစ်နေတယ်။ သမီးလေးကအခုဆို ၂ နှစ်နဲ့ ၈ လရှိပြီး ချစ်စရာလည်းအရမ်းကောင်းနေပြီ ။ Playgroup တက်နေပြီ တစ်နေ့ ၂ နာရီပေါ့။ မှန်လည်းအရမ်းကြိုက်တယ် ကလစ်လေးတွေတွယ်ပေးရင်မှန်ကိုပြေးပြေးကြည့်ရတာအမော.......း)

သမီးလေးကို ပုံမှန်ကတော့ ငါး (ဆယ်လမွန်ငါး) ကို ဂျင်းရေလေးညစ်ပြီး ပြုတ်ကြော်လုပ်တယ် နောက်အားလူးဖြစ်ဖြစ် ၊ ပြောင်းဘူးလေးနဲ့ ဖြစ်ဖြစ် ဆီ၊ ဆား၊နှမ်းလေး နဲ့ နယ်ကျွေးရင်စားတယ်။ အရွက်တော့ကျွေးလို့ မရသေးဘူး။ အိမ်မှာ သမီး အီးအီးပါရေးဟာ ပါးပါးမား အတွက်အရမ်းအရေးကြီးနေတယ်.........း) အီးတစ်ရက်မပါရင် Yakult တိုက်တယ်၊ အသီးကျွေးတယ် ၊ မကျီးဖျော်ရည်ဖျော်တိုက်တယ်၊ ဒိန်ချဉ်ကို သကြားလေးနဲ့ ရောပြီးကျွေးတယ်၊ နောက်ဆုံး ၂ ရက်လောက်ဝမ်းမသွားသေးဘူးဆိုရင် ကလေးဝမ်းနုတ်ဆေးလေး Guardian က၀ယ်ထားတာလေးတိုက်ရတယ်။ ပိတ်ရက်ဆိုရင်တော့ မားမားသမီးအတွက် menu အသစ်အမြဲလုပ်ပေးတယ် သမီးလေးများစားမလားလို့  ကြက်ဥကို သကြားနဲ့ ခေါက် ဆားလေးနဲနဲထည့်ပြီးနွားနို့ ထည့်ပြီး ရေခံပြီးပေါင်းတဲ့ 
နို့ ပေါင်းကို လည်းသမီးလေးများစားမလားလို့ ကျွေးကြည့်သေးတယ်။ မစားလို့  ပါးပါးနဲ့ မားမားစားလိုက်ရတယ်......စားကောင်းလိုက်တာ....း) နောက် ဆယ်လမွန်ငါးပြုတ်လေးကို အာလူးခြစ်ထားတာလေးနဲ့ ရောပြီး ကြော်ထားတဲ့ အာလူးကတ်သလစ်ကြော်လေးကိုတော့သမီးကြိုက်တယ် .......စားတယ်.......။ မနေ့ ကလည်း သမီးအတွက်ဆိုပြီး ရွေဖရုံသီးပြုတ်ကို အာလူးရယ် ဆယ်လမွန်ငါးလေးရယ်ရောပြီး အလုံးလေးတွေလုပ်ပြီးကြော်ကျွေးတော့ သမီးစားတယ်.....ပျော်လိုက်တာ။ အီတလီခေါက်ဆွဲကိုပြုတ် စပါကတီအနှစ်လေး နဲ့  Cheese လေးထည့် အသားလေးထည့် ပြီး မားမား လုပ်ပေးတဲ့  spaghetti ခေါက်ဆွဲကိုလည်းသမီးကြိုက်တယ်.....နုတ်ခမ်းမှာ ခရမ်းချည်သီး အနှစ်လေးတွေပေလို့ ။

အရင်လတုန်းက သမီး တစ်ပတ်ခြားပြီး နှစ်ခါတောင် နှာစေး ချောင်းဆိုး အဖျားဝင်ဖြစ်လိုက်တာ မားမား စိတ်ပူလိုက်ရတာ။ သမီးကဖျားရင် အရမ်းသနားဖို့ ကောင်းတာဘဲ မျက်နှာလေးကချောင်သွားတာဘဲ ........အရမ်းလဲလူကပ်တယ်.......ညတိုင်းပါးပါးကိုယ်ပေါ်မှာတွယ်နေလို့  ပါးပါးလည်းတော်တော်ပင်ပန်းသွားတယ်။ အခု မားမားအဖြစ်ချင်ဆုံးကတော့သမီးလေး ကျန်းကျန်းမားမားရှိဖို့ ဘဲ......။

သမီးကအခု ကျောင်းပို့ ပေးမှဘဲ သူနဲ့ ရွယ်တူကလေးတွေနဲ့ ဆော့ရကောင်းမှန်းသိလာတယ်။ ကလေးကကျောင်းလည်းပျော်သွားပြီ။ သမီးကျောင်းပိတ်ရက်တွေမှာ အောက်ထပ်ဆင်းရင်သူ့ ကျောင်းတံခါးကိုသွားပြီးဖွင့်ခိုင်းတယ်........း) သမီး ရဲ့ အန်းကုန်းနဲ့ အန်းမကတော့ ဖုန်းဆက်တိုင်းသမီးကိုလွမ်းကြောင်းပြောကြတယ်။ သမီးရဲ့ ဓတ်ပုံလေးတွေကို အီးမေးကနေပို့ ပို့ ပေးရတယ်။ နောက်နှစ် ဇန်န၀ါရီဆို သမီး PAP တက်ရတော့မယ် ......ကျောင်းလည်းအပ်ထားပြီးသွားပြီး အိမ်ကနေတော့ တစ်မှတ်တိုင်လောက်လမ်းလျှောက်ရမယ်အခုလို အောက်ထပ်ဆင်းတာနဲ့ ရောက်တဲ့ ကျောင်းမဟုတ်တော့ဘူး အချိန်ကလည်း မနက် ၈ နာရီကနေ ၁၁ နာရီအထိဆိုတော့ မနက်ကို သမီးလေးအိပ်ရာကထနိုင်ပါ့မလားလို့ .........း)

Friday, May 20, 2011

သမီးကြိုက်တဲ့ အစာလေးတွေ

2 comments
သမီးကြိုက်တဲ့ အစာလေးတွေ

၁။ ထမင်းဖြူ
၂။ စာကလေးချီး
၃။ ရေညှိ
၎။ ငါးကြော်
၅။ အာလူးကြော်
၆။ ကွေ့ လင်းကောင်း( ကျောက်ကျောအမဲ)
၇။ ဒိန်ချဉ်
၈။ လျှက်ဆား
၉။ ဆင်တုံးမနွယ်( အောင်တံခွန်)
၁၀။ လေပုတ်ထုတ်ဆေး (ပါးပါး ရန်ကုန်သားမကြိုက်ပါ)
၁၁။ အပေါက်ကြော်၊ ဗရာကြော်
၁၂။ ကောက်ညှင်းခွက်ကြော်
၁၃။ Cream Cracker
၁၄။ Yakult( red colour)
၁၅။ သီဟိုစေ့ လှော်
၁၆။ နှမ်းလှော်
၁၇။ မြေပဲဆန်
၁၈။ ၀က်သားလုံးကြော်
၁၉။ orange
၂၀။ Milo

သမီးက အစားရွေးလွန်းလို့ ကိုယ့် မှာ သမီးကြိုက်တက်တာလေးတွေကိုမှတ်ထားရပါတယ်။ ၀မ်းမချုပ်အောင် Yakult ကတော့နေ့ တိုင်းတစ်ဗူးတိုက်ပါတယ်။ သမီးကအရွက်မစားတော့ ၀မ်းအရမ်းချုပ်ပါတယ်။ သမီး အဲ့ ဒိလိုအစာရွေးတာ မိခင်ဖြစ်တဲ့ လူကသေချာမလုပ်ပေးတာနဲ့ လည်းဆိုင်တယ်လို့ သမီးပါးပါးကအပြစ်ဆိုလာပါတယ်။ အခုတော့သမီးကို ငါး၊ထမင်း၊ မြေပဲဆန် နဲ့ တစ်မျိုး ၀က်သားလုံးကြော်လို့ တစ်ဖုံ ငါးကြော်လို့ တစ်မျိုး သမီးလေးအတွက်တော့ လုပ်ပေးနေပါတယ်......။

Wednesday, March 2, 2011

ကျန်းမာပျော်ရွင်

2 comments
ပါးပါး မားမား နဲ့ သမီးလေး တို့ ရန်ကုန် ကိုပြန်ရောက်ရောက်ချင်းသွားကြည့်တဲ့ ဂိုဒေါင်ထဲမှာ သမီးဆော့နေတဲ့ ပုံလေးပါ။ သမီးကစကားနဲသလောက် အဆော့ကတော့မက်တယ် အမြင့်တက်ရတာလည်းအရမ်းကြိုက်တယ်။ အိမ်မှာရှိတဲ့ စားပွဲခုံတွေ စက်ခုံတွေ စာကြည့်ခုံတွေ သမီးမတက်ဘူးတာမရှိဘူး။

စင်ကာပူရောက် လို့ တစ်ပတ်ပြည့်တဲ့ နေ့ တစ်နေ့ မားမားကလည်း နေမကောင်းလို့ အလုပ်ကခွင့်ယူထားချိန် နေ့ လည်ခင်းသမီး အခန်းထဲက စာကြည့်စားပွဲကိုတက်ဖို့ ကြိုးစားတာ အကြိမ်မနဲတော့ဘူး မားမားလည်း သမီးကိုမတက်ဖို့ ဆွဲချရင်းနောက်ဆုံးစိတ်မရှည်လို့ တက်ချင်တက်ကွာလို့ ပြစ်ထားမိတယ်။ ဆေးအရှိန်ကြောင့်မားမားခဏငိုက် သွားတုန်း ၀ုန်း ဆိုတဲ့ အသံကြောင့် နိုးလာတော့။ သမီးက ကြမ်းပြင်မှာပုံပုံလေးဖြစ်နေတယ်။ သမီးလေ ငိုလိုက်တာကွယ်...

မေးစေ့ လေး နီသွားတယ်။ မားမားလည်း ၂ နာရီလောက်သမီးကိုအဆက်မပြတ်ချီပြီးလမ်းလျှောက်လိုက်ရတယ်။ သမီးကြိုက် တဲ့ ကျောက်ကျောအမဲဘူးကို အေးအေးလေးနဲ့ သမီးကိုကျွေးတော့ သမီး ပါးစပ်နာသက်သာသွားတယ်။ သမီး အန်းကုန်း နဲ့ အန်းမ ခရီးကပြန်ရောက်လာတော့ မားမားအဆူခံရတော့တာပေါ့။ ငါတို့ တစ်နှစ်ကျော်ထိန်းတာ ဘာအပွန်းအပဲမှမရှိဘဲ နင့် ကို ၃ ရက်လောက်ထိန်းခိုင်းတာနဲ့ ဖြစ်ရလားဆိုပြီးတော့လေ။ သမီးပါးပါးကလည်းဆူတယ် ...

စင်ကာပူရောက်ပြီး သုံးပတ်အကြာ သမီးကျောင်းကအပြန် နေပူခံလိုက်ရလို့ ဘဲလား။ ကျောင်းကဘဲရောဂါကူးလာတာလား။ မားမားဆီကဘဲ ချောင်းဆိုးကူးသွားတာလား။ ရာသီအပြောင်းကြောင့်ဘဲလား။ ဘာကြောင့်ရယ်မသိ ကိုယ်ပူချောင်းဆိုးပါတော့တယ်။ ညကောင်းကောင်းမအိပ်တော့ပါ လူကပ်နေပါတော့တယ်။ သားသမီးတွေ ကျန်းကျန်းမားမာပျော်ပျော်ရွင်ရွင် ဆိုရင်မိဘတွေ စိတ်ချမ်းသာရပါတယ်.........

Tuesday, December 28, 2010

Rainbow

0 comments


သမီးကိုသတိရတိုင်းနားထောင်ဖြစ်တဲ့ သီချင်းလေးပါ။

အရင်တုန်းက နားထောင်ခဲ့ ဘူးပေမယ့် မခံစားတက်ခဲ့ ဘူး။

သမီးနဲ့ ဝေးနေ မှ ဒီသီချင်းလေး ကိုခံစားတက်လာတယ် .....

Thursday, December 23, 2010

ဆံနွယ် အလှဆင်ခြင်း

4 comments
ဆံပင်တွေရှည်နေလို့ ကလှစ် လှလှလေးနဲ့ ။ သမီးကအန်းကုန်းကို သိပ်သိပ်ချစ်.........
ရီးရီး ရဲ့ ဘီးကုတ်ပန်းရောင်လေးနဲ့ လှနေတာပါ...
သစ်ခွပန်းလေး နဲ့ လည်းလှတာပါဘဲ....
ယောင်ပေစူးလေး နဲ့ တစ်မျိုးလှနေတဲ့ သမီးပါ.....

မြေးအဖွားနှစ်ယောက်ခြေပြစ်လက်ပြစ်ထိုင်နေကြတာပါ။ သမီးရဲ့ ရီးရီး(မားမားရဲ့ ညီမ) ၀ယ်ပေးထားတဲ့ Mickey Mouse ဘီးကုတ်လေးနဲ့ .....

စံပယ်ပန်းလေးနဲ့ အလှပိုနေသူလေးပါ....
မားမားဝယ်ပေးတဲ့ နေကာမျက်မှန်ကိုချက်ချင်းဘီးကုတ်လုပ်လိုက်တာ.....

Thursday, December 16, 2010

My Daughter's Vaccination

2 comments
သမီး ကိုရန်ကုန်မှာပြန်မွေးမယ်လို့ ဆုံးဖြစ်ကတည်းက စင်ကာပူရဲ့ ကာကွယ်ဆေးထိုးတဲ့ ဇယားနဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးတဲ့ ဇယားတွေကိုသေချာလေ့ လာထားပါတယ်။ ကွာခြားချက်တွေကတော့

(၁) BCG - စင်ကာပူမှာ မွေးမွေးခြင်း ထိုးပေးပြီး
ရန်ကုန်မှာတော့ မွေးပြီး ၁ လခွဲမှထိုးပါတယ်

(၂) Hepatitis B - စင်ကာပူမှာ ၁လခွဲ နဲ့  ၆ လခြားမှာထိုးပြီး
ရန်ကုန်မှာတော့ မွေးမွေးခြင်းထိုးပါတယ်

(၃) ဆုံဆို့ ၊ကြက်ညှာ၊မေးခိုင် - စင်ကာပူမှာ အသာဝါဘီ နဲ့ ပေါင်းပြီး 5 in 1 တဲ့ ။ အသာဝါဘီမပါတဲ့  5 in 1 တဲ့ ။
ဦးနှောက်အမှေးရောင်ပါပါရင် 6 in 1 ၁ လခွဲကနေ ၆ လအကြားမှာသုံးလုံးထိုးရမှာပါ။
ရန်ကုန်မှာတော့ ဆကမ ဆိုပြီးတော့ ကလေး ၁လခွဲကနေ ၃ လခွဲအထိသုံးကြိမ်ထိုးပေးတယ်။

(၄) ပိုလီယို - စင်ကာပူမှာတော့ 5 in 1 တို့  6 in 1 တို့ မှာပါပါတယ်
ရန်ကုန်မှာတော့ တစ်နိုင်ငံလုံးစီမံချက်နဲ ကလေးတစ်လခွဲကတည်းကတိုက်တယ်

(၅) MMR - စင်ကာပူမှာ တစ်နှစ် ကနေစထိုးလို့ ရပါပြီ
ရန်ကုန်မှာတော့ စီမံချက်ထဲမပါပါဘူးကိုယ်ထိုးချင်ရင်တော့ အထူးကုဆေးခန်းတွေမှာထိုးလို့ ရပါတယ်။

အဲ့ ဒိလိုတွေကွာခြားတယ်လို့ တော့နားလည်မိပါတယ်။
နားလည်တာတော့နားလည်တာပါဘဲ ......
ဒါပေမဲ့ သမီးလေးအတွက် ထိုးပေတဲ့ ကာကွယ်ဆေးတွေကတော့.....

(၁) BCG - ရန်ကုန်မှာရပ်ကွက်ဒေသံဒရဆေးခန်းမှာ သွားထိုးဖြစ်ပါတယ်။ စင်ကာပူလာခါနီးကို English လိုဘာသာပြန်ကိုအပြေးအလွားသွားယူခဲ့ ရပါတယ်။

(၂) Hepatitis B - ရန်ကုန်မှာသမီးကိုမွေးမွေးချင်းမှာတစ်လုံးထိုးပြီး။ ဒုတိယအလုံးကို နောက်တစ်လမှာထိုးရပါတယ်။

(၃) 5 in 1 - စင်ကာပူကအိမ်နားကဆေးခန်းမှာ သမီး၃ လမှာတစ်ခါ ၄ လမှာတစ်ခါထိုးပါတယ်။

(၄) 6 in 1 - စင်ကာပူ မှာအိမ်နားကဆေးခန်းမှာ သမီး ၅ လမှာနောက်ဆုံးအလုံးထိုးပါတယ်။ အသားဝါဘီကာကွယ်ဆေးက မြန်မာနိုင်ငံမှာ ၂ လုံးထိုးပြီးသားမို့ ဒီမှာတစ်လုံးဘဲထိုးဖို့ လိုတာပါ။

(၅) Oral Rotavirus - သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတော့မဟုတ်ပါဘူး။ ပါးစပ်ထဲကိုတိုက်တာပါ။ နှစ်ကြိမ်တိုက်ရပါတယ်။ သမီးအတွက်တော့ ၄ လမှာတစ်ကြိမ် ၅ လမှာတစ်ကြိမ်တိုက်ဖြစ်ပါတယ်။ စင်ကာပူမှာအိမ်နားကဆေးခန်းမှာဘဲတိုက်ဖြစ်ပါတယ်။

(၅) MMR - မန်းလေးမှာထိုးဖြစ်ပါတယ်။ ဆရာမကတော့ ထိုးနှံပြီးကြောင်းစာရေးပေးပါတယ်။ လိုအပ်ရင် နိုထရီလုပ်ရပါမယ်။

(၆) Hepatitis A - မန်းလေးမှာဘဲထိုးဖြစ်ပါတယ်။ စင်ကာပူကသတ်မှတ်ထားတဲ့ ဇယားထဲမှာမပါလို့ ထောက်ခံချက်မတောင်းတော့ပါဘူး။

(၇) Chickenpox - မန်းလေးမှာဘဲထိုးဖြစ်ပါတယ်။ စင်ကာပူကသတ်မှတ်ထားတဲ့ ဇယားထဲမှာမပါလို့ ထောက်ခံချက်မတောင်းတော့ပါဘူး။

အဲ့ ဒိထောက်ခံချက်တွေနဲ့ ဘယ်လိုကျောင်းအပ်ရမယ်ဆိုတာ.........
 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates