သမီးကြိုက်တဲ့ အစာလေးတွေ
၁။ ထမင်းဖြူ
၂။ စာကလေးချီး
၃။ ရေညှိ
၎။ ငါးကြော်
၅။ အာလူးကြော်
၆။ ကွေ့ လင်းကောင်း( ကျောက်ကျောအမဲ)
၇။ ဒိန်ချဉ်
၈။ လျှက်ဆား
၉။ ဆင်တုံးမနွယ်( အောင်တံခွန်)
၁၀။ လေပုတ်ထုတ်ဆေး (ပါးပါး ရန်ကုန်သားမကြိုက်ပါ)
၁၁။ အပေါက်ကြော်၊ ဗရာကြော်
၁၂။ ကောက်ညှင်းခွက်ကြော်
၁၃။ Cream Cracker
၁၄။ Yakult( red colour)
၁၅။ သီဟိုစေ့ လှော်
၁၆။ နှမ်းလှော်
၁၇။ မြေပဲဆန်
၁၈။ ၀က်သားလုံးကြော်
၁၉။ orange
၂၀။ Milo
သမီးက အစားရွေးလွန်းလို့ ကိုယ့် မှာ သမီးကြိုက်တက်တာလေးတွေကိုမှတ်ထားရပါတယ်။ ၀မ်းမချုပ်အောင် Yakult ကတော့နေ့ တိုင်းတစ်ဗူးတိုက်ပါတယ်။ သမီးကအရွက်မစားတော့ ၀မ်းအရမ်းချုပ်ပါတယ်။ သမီး အဲ့ ဒိလိုအစာရွေးတာ မိခင်ဖြစ်တဲ့ လူကသေချာမလုပ်ပေးတာနဲ့ လည်းဆိုင်တယ်လို့ သမီးပါးပါးကအပြစ်ဆိုလာပါတယ်။ အခုတော့သမီးကို ငါး၊ထမင်း၊ မြေပဲဆန် နဲ့ တစ်မျိုး ၀က်သားလုံးကြော်လို့ တစ်ဖုံ ငါးကြော်လို့ တစ်မျိုး သမီးလေးအတွက်တော့ လုပ်ပေးနေပါတယ်......။
Friday, May 20, 2011
Subscribe to:
Post Comments (Atom)

2 comments on "သမီးကြိုက်တဲ့ အစာလေးတွေ"
အိမ်ကသားသားကတော့ အစားမရွေးပေမယ့် နည်းနည်းပဲစားလို့ စိတ်ညစ်ရတယ်.. သူ့ကိုအစားကျွေးရတာ အရမ်းခက်တာပဲ.. ဘယ်လိုလုပ်ရမှန်းကိုမသိဘူး..
မြူးမြူးရေ
သူများကလေးတွေ ကျွေးတာအကုန်စားရင် အရမ်းအားကျတာဘဲနော်....း)
Post a Comment