Tuesday, March 30, 2010

NUH မှာတစ်ရက်တာ

0 comments

သမီးရဲ့ ပါးပါး NUH မှာ ၂၉ ရက်နေ့ နားခွဲဖို့ ရှိတယ်လေ။ ၂၇ ရက်နေ့ ညနေ ၅နာရီလေယာဉ်နဲ့ သမီးရဲ့ ဖွားဖွားစင်ကာပူကိုရောက်လာတယ်။ သားဇောနဲ့ မို့ တစ်ယောက်တည်းလာခဲ့ ရတယ်။ ပါးပါးနဲ့ မားမားသွားကြိုကြတယ်လေ။ ၂၈ ရက်တော့ခပ်မြန်မြန်ဘဲကုန်သွားခဲ့ တယ်။ အဲ့ ဒိည ၁၂ နာရီကစပြီးရေအစာတွေမစားရတော့ဘူးလို့ ဆေးရုံကမှာထားလို့ ၁၀ နာရီမှာနဲနဲစားသောက်ပြီးကထဲကပါးပါးကိုတန်းပြီးအိပ်ခိုင်းလိုက်တော့တယ်။ မနက် ၅နာ၇ီကျော်ထဲကမားမားအိပ်လို့ မရတော့လို့ စောစောထပြီး ဆေးရုံမှာလို့ မယ် ထင်တာတွေထည့်ထားတဲ့ အိတ်ကိုထပ်စစ်ဖြစ်တယ်။ ပါးပါး၊မားမား နဲ့ ဖွားဖွားတို့ အတွက်အနွေးထည်တွေ။ ဗိုက်ဆာရင်စားဖို့ ပေါင်မုန့် အစာပြေစားဖို့ မကျီးတော်ဖီ စောင့်ရင်းနဲ့ ဖတ်ဖို့  စာအုပ် လိုရင်ထည့်လို့ ရအောင်ပလပ်စတိတ်အိတ်လေးတွေ ၊ ရှုဆေး၊ တစ်ရှုး၊ ဆေးရုံကဆေးမှတ်တမ်းတွေ ပါးပါးဖတ်ဖို့ စာအုတ်တွေ။ အင်းပြည့်စုံပြီလို့ ထင်ပါတယ်။ မနက်စာဝက်သားခေါက်ဆွဲပြူတ်ကို ချက်လိုက်တယ်။ ဖွားဖွားနဲ့ မားမားစားကြတယ် ပါးပါးကတော့ရေတောင်မသောက်ရဘူးဘေးကနေငေးပေါ့ ။


မနက် ၇နာရီ ၁၅ လောက်မှာကားငှားပြီးသုံယောက်သားဆေးရုံသွားကြတယ်။ လမ်းမှာကားပိတ်နေတာနဲ့ ၈နာရီ ၁၅လောက်မှဆေးရုံရောက်သွားတယ်။ ရောက်တာနဲ့ အိမ်သာတန်းသွားကြတယ် နောက်Day Surgery Centre ကိုရှာတော့အိမ်သာရှေ့မှာဖြစ်နေတယ်။ ပါးပါးလဲအ၀တ်တွေလဲပြီးတော့ ခွဲခန်းထဲကိုဝင်သွားတယ် အချိန်က ၉ နာရီမတ်တင်းလောက်ဖြစ်နေပြီပေါ့ ။ ဖွားဖွားအတွက်အိမ်သာလိုက်ရှာရင်းကနေအဲ့ ဒိမှာဆေးလာကုနေနဲ့ မြန်မာအမကြီးနဲ့ တွေ့ လို့ စကားတွေလဲပြောဖြစ်တယ် ။ဒီလို နဲ့ စောင့် လိုက်တာ ၁၀ နာရီကျော်သွားတယ် ။ ၁၀ နာ၇ီ ၁၅ မှာမှ စပြီးခွဲမှာမို့ လို့ ဖွားဖွားနဲ့ မားမားမနက်စာသွားစားကြတယ်လေ။ ပြန်လာပြီးဆက်စောင့်ကြတယ် ၁၁နာရီခွဲ တော့မားမား ခွဲခန်းထဲကိုဖုန်းဆက်တော့ခွဲနေတုန်းလို့ ပြောတယ်။ ၁၂ နာရီကျတော့ထပ်ဆက်တော့ ခွဲနေတုန်းလို့ ပြောတယ် ။ ၁၂ နာရီခွဲတော့ မားမားမထိုင်နိုင်တော့ဘူး ခွဲနေတာ၂နာရီတောင်၇ှိပြီးဘာဖြစ်လို့ မပြီးသေးတာလဲ ။ ခွဲခန်းအပြင်ဘက်မှာလမ်းလျောက်နေလိုက်တယ် ၁နာ၇ီခွဲလောက်မှခွဲခန်းကဖုန်းဆက်တယ် ခွဲပြီးသွားပြီတဲ့ နောက်တစ်နာ၇ီမှအပြင်ထွက်လာမှာမို့ လို့ နေ့ လည်စာသွားစားလိုက်ပါလို့ ပြောတယ်။ အဲ့ ဒါနဲ့ ဖွားဖွားနဲ့ မားမားနေ့ လည်စာကိုအေးဆေးစားနေလိုက်မိတယ်။ စားလို့ ပြီးခါနီးကျတော့ဖုန်းဆက်လာပြန်တယ် ကုတင်နံပါတ် ၄၄ ကိုဒါရိုက်လာခဲ့ ပါတဲ့  ။ ဆက်မစားနိုင်တော့ဘူး ခွဲခန်းကိုပြန်ပြေးလာရပြန်တယ်။ တော်သေးတယ် သူတို့ ကလည်း ပါးပါးကိုတွန်းလာတာနဲ့ တွေ့ တယ် ။


ဆေးရုံမှာ အနားယူပြီး ဆရာဝန်ကိုစောင့်နေရတယ်။ ညနေ ၆ နာရီလောက်မှာဆရာဝန်ရောက်လာပြီ ဆင်းလို့ ရပြီဆိုလို့ အိမ်ပြန်ခဲ့ ကြတယ်။ ဆေးရုံမှာမအိပ်ရလို့ တော်သေးတယ်။ ဆေးဖိုးကတော့ စင်ကာပူဒင်းဂါး ၄ထောင်လောက်ကျမယ်ပြောတာဘဲ ။အခုထိတော့ bill မလာသေးဘူး။


သမီးကိုမန်းလေးပို့ ပြီးပြန်ေ၇ာက်ချင်းစိတ်ပူတာနဲ့ ဆေးရုံကိုတန်းပြီးသွားပြလိုက်မိတယ်။ နောက်မှပိုလီကသွားရင်Subsidise ရမှန်းသိတယ်။

ဆေးရုံကနောက်နှစ်လနေရင်ထပ်လာပြဆို လို့ ထပ်သွားတော့ခွဲရမယ်ဆို လို့ ၂၉ရက်ကိုရက်ယူလိုက်တယ်လေ။

Saturday, March 27, 2010

ဘ၀နေ့ ရက်များ(၄)

0 comments



  • မားမား .. ဟယ်လို မားမားလား။


  • အန်းမ.....အေးသမီးပြော။


  • မားမား......စနိုးလေးနေကောင်းလားဟင်အခုကောဘာလုပ်နေလဲ။


  • အန်မ......အခုမှအစောကြီးရှိသေးတာအိပ်နေတာပေါ့ ။မနေ့ ညကအိပ်တာနဲနဲနောက်ကျသွားလို့ ။


  • မားမား....သမီးကညဆိုအိပ်တာနောက်ကျလားဟင်။ ဂျီကောကျသေးလား။


  • အန်းမ.....ကလေးဆိုတော့တစ်ခါတစ်လေအအိပ်နောက်ကျတာပေါ့ ။ဘာမှမဖြစ်ပါဘူး။လိမ်မာပါတယ်။


  • မားမား.....မားမားပါးပါးတို့ ကောနေကောင်းလားဟင်။မားမားကောညညအိပ်မရဖြစ်သေးလား။အစာအိမ်ကောဘယ်လိုနေသေးလဲဟင်။(အခုမှမေးဖို့ သတိရတယ်)


  • အန်းမ.......နင့် သမီးရောက်လာတော့မှငါလဲကလေးအိပ်တာနဲ့ အိပ်ကလေးထတာနဲ့ ထတာဘဲ။ အိပ်မရတာတွေလဲမရှိတော့ဘူး။ အစာအိမ်ကတော့သမီးတို့ စင်ကာပူကိုလိုက်ပြီးစနိုးကိုတစ်လလိုက်ထိန်းပေးကတည်းကစပြီးသက်သာသွားတယ်။


  • မားမား.....စနိုးလမ်းလျောက်နိုင်ပြီလားဟင်။


  • အန်းမ.....နင့် သမီးကတစ်အိမ်လုံးအနှံလျောက်သွားနိုင်နေပြီ ချစ်ဖို့ လဲအရမ်းကောင်းတာဘဲ။


  • မားမား......တွေ့ ချင်လိုက်တာ တရုတ်နှစ်ကူးပြန်လာရင်ကောင်းမလားဟင်။


  • အန်းမ......ပြန်မလာနဲ့ ။ အလကားစိတ်မပြတ်အောင်။ တော်တော်ကြာမှပြန်လာခဲ့ အခုလဲအားလုံးအဆင်ပြေနေတာဘဲ ။ နွေရာသီမန်းလေးကအရမ်းပူတယ် အဲ့ ဒိအခါကျရင်လိုရင်ဖုန်းလှမ်းဆက်လိုက်မယ် ။အဲ့ဒိတော့မှပြန်လာခေါ်။


  • မားမား.....စနိုးကအခုဘာစားလဲဟင်။နို့ ကောသောက်လား။


  • အန်းမ.....နို့ ကတော့သောက်ပါတယ်။ သူ့ ဟာသူDream Bed ပေါ်မှာအိပ်ပြီးသောက်တယ်။ နို့ ဘူးကိုကိုင်သောက်တက်နေပြီ။ Frisco ကုန်သွားရင်ဒီမှာဝယ်လို့ ရတဲ့ Gain IQ ကိုဘဲပြောင်းတိုက်လိုက်တော့မယ်။ ဆန်ပြူတ်ကတော့အရမ်းကြိုက်ဘဲ ။ အခုငါက ရွှေဖရုံသီးနဲ့ ငါး(ငါးကြင်းခြစ်ကိုရေနဲနဲနှင့် ဖျော်)မုန်လာဥနီ ၊အားလူး တစ်ခါတစ်လေငါတို့ ကြက်စွတ်ပြူတ်လုပ်ရင်အဲ့ ဒိအရေပါထည့်တယ် အဲ့ ဒါတွေနဲ့ ဆန်ပြူတ်လုပ်ကျွေးတယ်။ ရွှေဖရုံသီးကချိုလို့ လားမသိဘူးအရမ်းကြိုက်တယ်။


  • မားမား......အားရင်ဂျီမေးထဲကနေသမီးပုံလေးတွေပို့ ပေးလိုက်ပါအုံး။


  • အန်းမ.....အေးငါလည်းနင့် ညီမကိုပြောတယ်။ ဟောနင့် သမီးတောင်နိုးလာပြီ ။ခေါ်လိုက်ပါအုံးမားမားလို့ ။ ခေါ်လိုက်လေ ....ခေါ်လိုက်....


  • စနိုး.......ပါးပါး ပါးပါး ပါးပါးပါး.....အားအား


  • မားမား......အောင်မလေး ငါ့ သမီကအသံအောင်လှချည်လား။


  • အန်းမ......နင့် သမီးကဖုန်းနားကပ်ပြီးသေချာနားထောင်နေတယ်။သိတာကျနေတာဘဲ။


  • ၁၈၁၈......သင်မှာတစ်မိနစ်သာပြောရန်ကျန်ရှိပါတော့တယ်။


  • မားမား.......မားမားတို့ တော့ကလေးနဲ့ အလုပ်များနေမှာပေါ့ ။ ပါးမားတို့ ကိုဒုတ်ခပေးသလိုဖြစ်နေပြီ။


  • အန်းမ......ငါတို့ အားရပါးရမရီရတာကြာပြီပေါ့ ။ နင့် သမီးရောက်လာမှငါတို့ မှာသူကိုကြည့်ပြီးရီလိုက်ရတာ။ နင့် ညီမတောင်ပြောနေတယ် အိမ်မှာဒီလိုရီသံမကြားရတာကြာပြီတဲ့ ။ မားမားပါးပါးတို့ လဲဒီလိုရီရီမောမောမနေတာကြာပြီတဲ့ ။


Sunday, March 21, 2010

သတိရမိတယ်

0 comments
၂၀၀၈ နိုဝင်ဘာလဆန်းမှာသမီးလေးကိုပြန်မွေးဖို့ ကိုယ်ဝန်အရင့်အမာနဲ့ ရန်ကုန်ကိုတစ်ယောက်ထဲ မားမားပြန်သွားခဲ့ တယ်။ စင်ကာပူကဆရာမက နိုင်ဘာ ၁၅ ရက်နောက်ပိုင်းလေယာဉ်မစီးဖို့ မှာထားပါတယ်။ အဲ့ ဒါနဲ့ ရန်ကုန်ရောက်ရောက်ခြင်း ကိုယ်ဝန်အပ်ဖို့ ဆရာဝန်ကိုအမြန်ရှာရပါတယ်။ နောက်ဆုံး ဆရာဦးမြင့် မောင်မောင်နဲ့ အပ်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့ မှာမန်းလေးကိုတစ်ယောက်တည်းလေယာဉ်စီးပြီးသွားဖြစ်ခဲ့ တယ်။ မန်းလေးမှာလည်း ၄ ရက်ဘဲနေရပါတယ် ရန်ကုန်ကိုတစ်ခါပြန်လာရပြန်တယ် အန်းကုံးကလိုက်ပို့ ပေးတယ်လေ။ ဒီလိုနဲ့ ရန်ကုန်မှာသမီးမွေးမည့် ရက်ကိုစောင့် နေဖြစ်ခဲ့တယ်။ စင်ကာပူမှာတုံးကဆရာမက ဂျူးဒိတ်ကို ဒီဇင်ဘာ၃၁ လို့ ပေးထားခဲ့ တယ် ဒါပေမဲ့ ဆရာဦးမြင့် မောင်မောင်ကတော့ ဒီဇင်ဘာ ၁၈ ရက်တဲ့ ။ အဲ့ ဒိလိုနဲ့ စောင့်နေရင်းဆရာဦးမြင့်မောင်မောင်က ခွဲစိတ်ရင်အဆင်ပိုပြေကြောင်းပြောလာခဲ့ တော့တယ်။ မားမားကရိုးရိုးမွေးလို့ မရဘူးလားလို့ ဈေးဆစ်လို့ ဆရာအဆူလဲခံထိတယ်လေ။ ဖွားဖွားတို့ တစ်အိမ်လုံးက၀ိုင်းပြီးနာချကြတယ် ။



နောက်တော့သမီးရဲ့ ကြီးတော်နှစ်ယောက်နဲ့ မားမားတို့ ဗေဒင်တွေသွားမေးကြတယ် ဘယ်ရက်ခွဲမွေးရင်ကောင်းတယ်ဆိုပြီးတော့လေ။ ဒေါက်တာဒဂုံ ဆီကိုေ၇ာက်သွားတော့ ဆရာက မွေးခါနီးဖွားခါနီးဗေဒင်လာမေးလို့ အံသြနေလေရဲ့ ။ ဆရာက ဒီဇင်ဘာ ၂၁ နောက်ပိုင်းက ရက် သုံးရက်ကကောင်းလို့ ရွေးပေးလိုက်ပါတယ်။ ပြီးတော့သူကဒီနေ့ ဘယ်သူ မှမဟောပေးဘူးလို့ နေတာ ဗိုက်ကြီးတစ်လုံးနဲ့ လာမေးတာတွေ့ လို့ ဟောပေးတာလို့ လဲပြောလေရဲ့ ။ ဆရာကလဲပြောသေးတယ် သမီးကောင်းလိမ်မာလိုချင်ရင်ကိုယ်ကလည်းသမီးကောင်းလိမ်မာဖြစ်ရမယ်လို့ ပြောတယ် ။ အဲ့ ဒိစကားကတော့ဗေဒင်ဟောစရာမလိုအောင်ကိုမှန်ပါတယ်။ အဲ့ ဒိလိုနဲ့ မားမားကလဲရိုးရိုးမွေးမယ်လို့ ပြောဆရာဝန်ကလည်းခွဲရမယ်နဲ့ မတင်မကျဖြစ်နေတုံး ။ ပန်းလှိုင်မှာအက်ထရာဆောင်းရိုက်ဖို့ သွားဖြစ်တော့ အဲ့ ဒိကဆရာမက သမီးဟာ ၇ ပေါင်ခွဲအနဲဆုံးရှိနေပြီဖြစ်ကြောင်းပြောလာပါတယ်။ ဆရာဦးမြင့် မောင်မောင်ကပါးပါးရဲ့ အကို ကလေးသုံးယောက်လုံးကိုသူနဲ့ ဘဲမွေးခဲ့တာမို့ စိတ်ချရတယ်လို့ ဖွားဖွား(ပါးပါးရဲ့ မားမား)ကလည်းပြောလာတာနဲ့ ခွဲမယ်လို့ ဆုံးဖြစ်မိသွားပါတယ်။ ဆရာဦးမြင့်မောင်မောင်က မွေးနေ့ ကိုဘဲရွေးခွင့် ရှိပြီးမွေးရက်ကိုရွေးခွင့် မရှိလို့ မားမားကဂျူးဒိတ်နဲ့ အနီးဆုံးဖြစ်အောင်Monday ကိုရွေးမယ်လို့ စည်းစားထားတယ် ။ အဲ ဒိနေ့ ကဆရာ့ ကိုသွားပြတော့မားမားရဲ့ လင်ညီအမလို့ ဘဲခေါ်မလား(ပါးပါးအကိုရဲ့ မိန်းမ)မသီတာကလိုက်ပို့ ပေးတယ် မားမားနဲ့ နှစ်ယောက်ပေါ့။ မားမားက မန်းဒေးလို့ ပြောတော့ဆရာက ဒီဇင်ဘာ ၈ ရက်ကိုေ၇ွးတယ် မားမားနဲ့ ဈေးဆစ်ရပြန်ရောအဆူခံထိပြန်ရော မားမားကသမီးကိုတက်နိုင်သမျှဂျူးဒိတ်နဲ့ နီးပြီးမွေးချင်တယ် ။ အိမ်ပြန်ရောက်တော့မားမားလေတစ်ညလုံးအိပ်လို့ မပျော်ဘူး သမီးအတွက်စိတ်ပူလွန်းလို့ ရင်တွေပူပြီးအိပ်လို့ မရတာလေ မားမားမအိပ်နိုင်တော့သမီးဖွားဖွားလဲမအိပ်နိုင်ဘူး။ မားမားကိုနှစ်သိမ့် တယ် အားလုံးအဆင်ပြေသွားမှာပါလို့ ။ မနက်မိုးလင်းတော့မားမားအိမ်ကဘယ်သူ့ ကိုမှအသိမပေးဘဲ ဆရာ့ အိမ်ကိုဖုန်းလှန်းခေါ်တယ် ခွဲမဲ့ ရက်ကို wednesday ပြောင်းလို့ ရလားပေါ့ သမီးလေးအတွက် တစ်ရက်နှစ်ရက်ကလည်းအရေးကြီးတယ်လို့ ထင်မိလို့ ပါ။ ဒါပေမဲ့ သူတို့ ကမေ့ ဆေးဆရာဝန်တွေ ကလေးဆရာဝန်တွေနဲ့ အကုန် ဒိတ်ယူပြီးသွားပြီလို့ ပြောတယ်။ မားမားဘာတက်နိုင်အုံးမှာလဲ။

Wednesday, March 17, 2010

လွမ်းစာ(၂)

2 comments
သမီးရေ

မားမားနဲ့ ပါးပါးသတိရစွာဖြင့်စာရေးလိုက်ပါတယ်။ အခုတစ်လောရာသီပြောင်းလို့ သမီးဖျားဖျားနေတယ်ဆို စင်ကာပူမှာတုန်းက stoamach flu တစ်ခါဖြစ်ရုံကလွဲရင်ဒေါင်ဒေါင်မြည်နေတဲ့ သမီး အခုတော့မချူချာလေးဖြစ်နေပြီနော်။ မန်းလေးရောက်ခါစတုန်းက နို့ ဘူးကောင်းကောင်းစို့ လို့ မားမားနဲ့ ပါးပါးမှာဝမ်းသာလိုက်ရတာ အခုတော့တစ်နေ့ သုံးကြိမ်စို့ တဲ့ နို့ ဘူးတောင်တစ်ခါတစ်လေမကုန်ဘူးဆို။ အဲ့ ဒါကြောင့် သမီးအတွက်ထပ်ပြီး Philip ကသုံးဘက်စို့ လို့ ရတယ်ဆိုတဲ့ နို့ ဘူးရယ်၊ နို့ သီးခေါင်းသုံးမျိုးပါတဲ့  Piegon တံဆိပ်နို့ ဘူးရယ် ကိုဝယ်ပြီး သပြေနုကနေပို့ လိုက်တယ်နော် သမီးလေးနို့ ပြန်စို့ ပါစေကွယ်။ သမီးအခုလမ်းတောင်လျောက်တက်နေပြီဆို တွေ့ ချင်လိုက်တာသမီးရယ်။ စင်ကာပူမှာရှိတုန်းကသူများကလေးတွေ ( The Queen, မင်းရဲ ) လမ်းလျှောက်နိုင်တာကိုတွေ့ရင်သမီးကိုလည်းလမ်းလျောက်စေချင်တာအရမ်းဘဲ။ အခုမားမားမှာဖုန်းဆက်ရင် ကိုယ့် အမေအဖေကိုနေကောင်းလားလို့ အရင်မမေးဘူး သမီးကောဟင်ဘာလုပ်နေလဲနေကောင်းရဲ့ လားနဲ့ အဲ့ ဒိလို ကျေးဇူးဆပ်တာ။ သမီးမန်းလေးရောက်သွားတော့ပါးပါးနဲ့ မားမားစင်ကာပူမှာဘယ်လို နေကျလဲဆိုသမီးကတော့သိချင်နေမှာဘဲနော်။ သမီးရေ အပျင်းရောဂါရနေတယ်လို့ ဘဲပြောရမှာပါဘဲ။ သမီးကိုပြန်မပို့ ခင်တုန်းကတော့လင်မယားနှစ်ယောက် သမီးမရှိတုန်းဟိုသင်တန်းတက်မယ်ဒီသင်တန်းတက်မယ် ဆိုတာလဲအခုတော့ဘာမှလည်းမတက်ဖြစ်ဘဲ လယ်လယ်ဘဲထွက်ဖြစ်နေတယ်။ သမီး တွေ့ ပုချီနော်။ မားမားနဲ့ ပါးပါးလဲအခုမှ ဂျလန်းဂျလန်း လုပ်နိုင်လို့ ပါသမီးရယ်။ သမီးလည်းမန်းလေးမှာလိမ်မာနေနော် ကျန်းမာရေးလဲဂရုစိုက် နို့ လည်းတစ်ဘူးကုန်အောင်စို့ နော် ။ ဆန်ပြုတ်ကတော့ သမီးအရမ်းကြိုက်တယ်ဆိုတဲ့ အကြောင်းအန်းမကအမြဲပြောလို့ ဝမ်းသာရပါတယ်။

လွမ်းနေတဲ့ 

ပါးပါးနဲ့ မားမား

ပိတောက်

0 comments
ပိတောက်တွေတောင်ပွင့် ကုန်ပြီနော်။
အလုပ်ရှေ့ ကအပင်မှာပွင့်နေလို့ ခူးလာခဲ့ တာ ။ အလုပ်ထဲကလူတွေကဒီအပင်အပွင့်ပွင့်မှန်းငါတို့ တောင်မသိဘူးတဲ့ ကောင်းရော။

ဘုရားပန်းလည်းကပ်တယ်လေ။


ပိုနေလို့ စာအုပ်စင်မှာလည်းတင်ထားလိုက်တယ်။ တစ်ခန်းလုံးပိတောက်နံ့  သင်းနေတာဘဲ။




 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates