Tuesday, February 13, 2024

ဘလော့ အလည် သွားခဲ့သမျှ


 ပြစ်ထားတာ ၇ နှစ်နီးပါးရှိပြီဖြစ်တဲ့ ကိုယ့် ဘ‌လော့့လေး ပြန်သွားရင်း သူငယ် ချင်းဟောင်းတွေ ဆီ အလည်သွားမိတယ် 

(၁) အမချစ် ဆီ မရောက်တာ ကြာပေါ့ အပြင်မှာလဲသိ မျက်နှာ စာအုပ်မှာလည်း သိသွားတော့ အဲ့ဒိကနေဘဲ ကြည့် ဖြစ်တော့ ဒီကိုမရောက်ဖြစ်တော့ဘူး ပေါ့  အမချစ်လည်း ကိုယ်လိုဘဲ အပင်စိုက်ရတာဝါသနာပါတာ ဘဲ လို့ ဘလော့ လေး ပြန်ကြည့် ရင်းသိလိုက်ရတယ် အမချစ်တို့ လင်မယားကို အားကျတယ် ကိုယ်လည်း ကလေးတွေကြီးလာပြီး လက်လွတ်ရတဲ့ တစ်ရက် အမတို့လို ဘဝ မျိုး လေးဖြစ်ချင် မိတယ် 

(၂) ပို့စ် အသစ်တင်ထားတာ ၄ လ ဘဲရှိသေးတဲ့ တီတီ ဆွီ ဆီမရောက်တာကြာ တော့ ချက်တာတွေလိုက်ကြည့် မိတယ် ကိုယ်လည်း မူလက အချက်တစ်လိုင်းပါ အခုတော့ သူများ ချက်တာ‌တွေဘဲ ကြည့်ရင်း

(၃) မခင်ဉီးမေ ဆီလည်းသွားခဲ့တယ် zawgyi ဖောင့်မို့ ကိုယ်လည်း သူဘာရေးထားမှန်းမ သိတော့  ကိုယ်က သူ့ရဲ့ ရေးချင်ရာရေးတာကို ကြိုက်တဲ့ ဖန်တစ်ယောက်ပါ အခုတော့ ဘာရေးမှန်းတောင်မသိရတေ

(၄) Rose of Sharon ဆီလည်း ရောက်ခဲ့တယ် သူလည်း စာ‌မရေးတာ ကြာပြီ ကိုယ်လိုဘဲပေါ့ 

(၅) မိုးသန့်စင် ဆီလည်း ရောက် ‌ဖြစ်တယ် သူရန်ကုန် ပြန်သွားပြီးကတည်း အသစ်တွေ သိပ်မတင်ဖြစ် တော့ တာ အခု ဝင်ကြည့် မှ သမီးလေးတစ် ယောက်တောင်ထပ် ရနေပြီကိုး 

(၆) The Queen လည်း အသစ်တွေ မတင်တော့ဘူး မျက်နှာစာအုပ်မှာ သူငယ်ချင်းတွေမို့သာ တော််တော့တယ် 

အရင်တုန်းက အမြဲသွားဖြစ်တဲ့ ဘလော့ တွေလည်း အသစ်မတင် တော့ 

ကိုယ်လည်း ဘဝအမော တွေ ကြောင့် ဒီဘက် မရောက်ဖြစ်

ဒီနေ့ ဖတ်မိသမျှတွေ မှတ်တမ်းတင် .....


0 comments on "ဘလော့ အလည် သွားခဲ့သမျှ"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates