
သမီးလေး စင်ကာပူရောက်ပြီးမှ သူ့ အကြောင်းလေးတွေ ဘလော့ ပေါ် အရင်လို မရေးမှတ်နိုင်ဘူးဖြစ်နေတယ်။ သမီးလေးကအခုဆို ၂ နှစ်နဲ့ ၈ လရှိပြီး ချစ်စရာလည်းအရမ်းကောင်းနေပြီ ။ Playgroup တက်နေပြီ တစ်နေ့ ၂ နာရီပေါ့။ မှန်လည်းအရမ်းကြိုက်တယ် ကလစ်လေးတွေတွယ်ပေးရင်မှန်ကိုပြေးပြေးကြည့်ရတာအမော.......း)
သမီးလေးကို ပုံမှန်ကတော့ ငါး (ဆယ်လမွန်ငါး) ကို ဂျင်းရေလေးညစ်ပြီး ပြုတ်ကြော်လုပ်တယ် နောက်အားလူးဖြစ်ဖြစ် ၊ ပြောင်းဘူးလေးနဲ့ ဖြစ်ဖြစ် ဆီ၊ ဆား၊နှမ်းလေး နဲ့ နယ်ကျွေးရင်စားတယ်။ အရွက်တော့ကျွေးလို့ မရသေးဘူး။ အိမ်မှာ သမီး အီးအီးပါရေးဟာ ပါးပါးမား အတွက်အရမ်းအရေးကြီးနေတယ်.........း) အီးတစ်ရက်မပါရင် Yakult တိုက်တယ်၊ အသီးကျွေးတယ် ၊ မကျီးဖျော်ရည်ဖျော်တိုက်တယ်၊ ဒိန်ချဉ်ကို သကြားလေးနဲ့ ရောပြီးကျွေးတယ်၊ နောက်ဆုံး ၂ ရက်လောက်ဝမ်းမသွားသေးဘူးဆိုရင် ကလေးဝမ်းနုတ်ဆေးလေး Guardian က၀ယ်ထားတာလေးတိုက်ရတယ်။ ပိတ်ရက်ဆိုရင်တော့ မားမားသမီးအတွက် menu အသစ်အမြဲလုပ်ပေးတယ် သမီးလေးများစားမလားလို့  ကြက်ဥကို သကြားနဲ့ ခေါက် ဆားလေးနဲနဲထည့်ပြီးနွားနို့ ထည့်ပြီး ရေခံပြီးပေါင်းတဲ့ 
နို့ ပေါင်းကို လည်းသမီးလေးများစားမလားလို့ ကျွေးကြည့်သေးတယ်။ မစားလို့  ပါးပါးနဲ့ မားမားစားလိုက်ရတယ်......စားကောင်းလိုက်တာ....း) နောက် ဆယ်လမွန်ငါးပြုတ်လေးကို အာလူးခြစ်ထားတာလေးနဲ့ ရောပြီး ကြော်ထားတဲ့ အာလူးကတ်သလစ်ကြော်လေးကိုတော့သမီးကြိုက်တယ် .......စားတယ်.......။ မနေ့ ကလည်း သမီးအတွက်ဆိုပြီး ရွေဖရုံသီးပြုတ်ကို အာလူးရယ် ဆယ်လမွန်ငါးလေးရယ်ရောပြီး အလုံးလေးတွေလုပ်ပြီးကြော်ကျွေးတော့ သမီးစားတယ်.....ပျော်လိုက်တာ။ အီတလီခေါက်ဆွဲကိုပြုတ် စပါကတီအနှစ်လေး နဲ့  Cheese လေးထည့် အသားလေးထည့် ပြီး မားမား လုပ်ပေးတဲ့  spaghetti ခေါက်ဆွဲကိုလည်းသမီးကြိုက်တယ်.....နုတ်ခမ်းမှာ ခရမ်းချည်သီး အနှစ်လေးတွေပေလို့ ။
အရင်လတုန်းက သမီး တစ်ပတ်ခြားပြီး နှစ်ခါတောင် နှာစေး ချောင်းဆိုး အဖျားဝင်ဖြစ်လိုက်တာ မားမား စိတ်ပူလိုက်ရတာ။ သမီးကဖျားရင် အရမ်းသနားဖို့ ကောင်းတာဘဲ မျက်နှာလေးကချောင်သွားတာဘဲ ........အရမ်းလဲလူကပ်တယ်.......ညတိုင်းပါးပါးကိုယ်ပေါ်မှာတွယ်နေလို့  ပါးပါးလည်းတော်တော်ပင်ပန်းသွားတယ်။ အခု မားမားအဖြစ်ချင်ဆုံးကတော့သမီးလေး ကျန်းကျန်းမားမားရှိဖို့ ဘဲ......။
သမီးကအခု ကျောင်းပို့ ပေးမှဘဲ သူနဲ့ ရွယ်တူကလေးတွေနဲ့ ဆော့ရကောင်းမှန်းသိလာတယ်။ ကလေးကကျောင်းလည်းပျော်သွားပြီ။ သမီးကျောင်းပိတ်ရက်တွေမှာ အောက်ထပ်ဆင်းရင်သူ့ ကျောင်းတံခါးကိုသွားပြီးဖွင့်ခိုင်းတယ်........း) သမီး ရဲ့ အန်းကုန်းနဲ့ အန်းမကတော့ ဖုန်းဆက်တိုင်းသမီးကိုလွမ်းကြောင်းပြောကြတယ်။ သမီးရဲ့ ဓတ်ပုံလေးတွေကို အီးမေးကနေပို့ ပို့ ပေးရတယ်။ နောက်နှစ် ဇန်န၀ါရီဆို သမီး PAP တက်ရတော့မယ် ......ကျောင်းလည်းအပ်ထားပြီးသွားပြီး အိမ်ကနေတော့ တစ်မှတ်တိုင်လောက်လမ်းလျှောက်ရမယ်အခုလို အောက်ထပ်ဆင်းတာနဲ့ ရောက်တဲ့ ကျောင်းမဟုတ်တော့ဘူး အချိန်ကလည်း မနက် ၈ နာရီကနေ ၁၁ နာရီအထိဆိုတော့ မနက်ကို သမီးလေးအိပ်ရာကထနိုင်ပါ့မလားလို့ .........း)
0 comments on "ဘ၀နေ့ ရက်များ ( ၈. ၈. ၂၀၁၁ )"
Post a Comment