သမီးရဲ့ ပါးပါး NUH မှာ ၂၉ ရက်နေ့ နားခွဲဖို့ ရှိတယ်လေ။ ၂၇ ရက်နေ့ ညနေ ၅နာရီလေယာဉ်နဲ့ သမီးရဲ့ ဖွားဖွားစင်ကာပူကိုရောက်လာတယ်။ သားဇောနဲ့ မို့ တစ်ယောက်တည်းလာခဲ့ ရတယ်။ ပါးပါးနဲ့ မားမားသွားကြိုကြတယ်လေ။ ၂၈ ရက်တော့ခပ်မြန်မြန်ဘဲကုန်သွားခဲ့ တယ်။ အဲ့ ဒိည ၁၂ နာရီကစပြီးရေအစာတွေမစားရတော့ဘူးလို့ ဆေးရုံကမှာထားလို့ ၁၀ နာရီမှာနဲနဲစားသောက်ပြီးကထဲကပါးပါးကိုတန်းပြီးအိပ်ခိုင်းလိုက်တော့တယ်။ မနက် ၅နာ၇ီကျော်ထဲကမားမားအိပ်လို့ မရတော့လို့ စောစောထပြီး ဆေးရုံမှာလို့ မယ် ထင်တာတွေထည့်ထားတဲ့ အိတ်ကိုထပ်စစ်ဖြစ်တယ်။ ပါးပါး၊မားမား နဲ့ ဖွားဖွားတို့ အတွက်အနွေးထည်တွေ။ ဗိုက်ဆာရင်စားဖို့ ပေါင်မုန့် အစာပြေစားဖို့ မကျီးတော်ဖီ စောင့်ရင်းနဲ့ ဖတ်ဖို့  စာအုပ် လိုရင်ထည့်လို့ ရအောင်ပလပ်စတိတ်အိတ်လေးတွေ ၊ ရှုဆေး၊ တစ်ရှုး၊ ဆေးရုံကဆေးမှတ်တမ်းတွေ ပါးပါးဖတ်ဖို့ စာအုတ်တွေ။ အင်းပြည့်စုံပြီလို့ ထင်ပါတယ်။ မနက်စာဝက်သားခေါက်ဆွဲပြူတ်ကို ချက်လိုက်တယ်။ ဖွားဖွားနဲ့ မားမားစားကြတယ် ပါးပါးကတော့ရေတောင်မသောက်ရဘူးဘေးကနေငေးပေါ့ ။
မနက် ၇နာရီ ၁၅ လောက်မှာကားငှားပြီးသုံယောက်သားဆေးရုံသွားကြတယ်။ လမ်းမှာကားပိတ်နေတာနဲ့ ၈နာရီ ၁၅လောက်မှဆေးရုံရောက်သွားတယ်။ ရောက်တာနဲ့ အိမ်သာတန်းသွားကြတယ် နောက်Day Surgery Centre ကိုရှာတော့အိမ်သာရှေ့မှာဖြစ်နေတယ်။ ပါးပါးလဲအ၀တ်တွေလဲပြီးတော့ ခွဲခန်းထဲကိုဝင်သွားတယ် အချိန်က ၉ နာရီမတ်တင်းလောက်ဖြစ်နေပြီပေါ့ ။ ဖွားဖွားအတွက်အိမ်သာလိုက်ရှာရင်းကနေအဲ့ ဒိမှာဆေးလာကုနေနဲ့ မြန်မာအမကြီးနဲ့ တွေ့ လို့ စကားတွေလဲပြောဖြစ်တယ် ။ဒီလို နဲ့ စောင့် လိုက်တာ ၁၀ နာရီကျော်သွားတယ် ။ ၁၀ နာ၇ီ ၁၅ မှာမှ စပြီးခွဲမှာမို့ လို့ ဖွားဖွားနဲ့ မားမားမနက်စာသွားစားကြတယ်လေ။ ပြန်လာပြီးဆက်စောင့်ကြတယ် ၁၁နာရီခွဲ တော့မားမား ခွဲခန်းထဲကိုဖုန်းဆက်တော့ခွဲနေတုန်းလို့ ပြောတယ်။ ၁၂ နာရီကျတော့ထပ်ဆက်တော့ ခွဲနေတုန်းလို့ ပြောတယ် ။ ၁၂ နာရီခွဲတော့ မားမားမထိုင်နိုင်တော့ဘူး ခွဲနေတာ၂နာရီတောင်၇ှိပြီးဘာဖြစ်လို့ မပြီးသေးတာလဲ ။ ခွဲခန်းအပြင်ဘက်မှာလမ်းလျောက်နေလိုက်တယ် ၁နာ၇ီခွဲလောက်မှခွဲခန်းကဖုန်းဆက်တယ် ခွဲပြီးသွားပြီတဲ့ နောက်တစ်နာ၇ီမှအပြင်ထွက်လာမှာမို့ လို့ နေ့ လည်စာသွားစားလိုက်ပါလို့ ပြောတယ်။ အဲ့ ဒါနဲ့ ဖွားဖွားနဲ့ မားမားနေ့ လည်စာကိုအေးဆေးစားနေလိုက်မိတယ်။ စားလို့ ပြီးခါနီးကျတော့ဖုန်းဆက်လာပြန်တယ် ကုတင်နံပါတ် ၄၄ ကိုဒါရိုက်လာခဲ့ ပါတဲ့  ။ ဆက်မစားနိုင်တော့ဘူး ခွဲခန်းကိုပြန်ပြေးလာရပြန်တယ်။ တော်သေးတယ် သူတို့ ကလည်း ပါးပါးကိုတွန်းလာတာနဲ့ တွေ့ တယ် ။
ဆေးရုံမှာ အနားယူပြီး ဆရာဝန်ကိုစောင့်နေရတယ်။ ညနေ ၆ နာရီလောက်မှာဆရာဝန်ရောက်လာပြီ ဆင်းလို့ ရပြီဆိုလို့ အိမ်ပြန်ခဲ့ ကြတယ်။ ဆေးရုံမှာမအိပ်ရလို့ တော်သေးတယ်။ ဆေးဖိုးကတော့ စင်ကာပူဒင်းဂါး ၄ထောင်လောက်ကျမယ်ပြောတာဘဲ ။အခုထိတော့ bill မလာသေးဘူး။
သမီးကိုမန်းလေးပို့ ပြီးပြန်ေ၇ာက်ချင်းစိတ်ပူတာနဲ့ ဆေးရုံကိုတန်းပြီးသွားပြလိုက်မိတယ်။ နောက်မှပိုလီကသွားရင်Subsidise ရမှန်းသိတယ်။
ဆေးရုံကနောက်နှစ်လနေရင်ထပ်လာပြဆို လို့ ထပ်သွားတော့ခွဲရမယ်ဆို လို့ ၂၉ရက်ကိုရက်ယူလိုက်တယ်လေ။
0 comments on "NUH မှာတစ်ရက်တာ"
Post a Comment