Showing posts with label မိသားစုပုံပြင်. Show all posts
Showing posts with label မိသားစုပုံပြင်. Show all posts

Saturday, September 18, 2010

NLD

0 comments
မနေ့ ကသတင်းတစ်ခုထဲမှာ NLD ဖျက်သိမ်း ခံရတယ်ဆိုတဲ့ သတင်းကိုဖတ်လိုက်ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းက တီဗွီ ကနေမဲဆွယ်တဲ့ သတင်းတွေလာတယ်။ ဦးအောင်ကြီးပါတီ၊ ဦးနုပါတီ နဲ့ NLD တို့ ရဲ့ မဲဆွယ် စည်းရုံးရေးတရားဟောတာကို နားမလည်တလည်နဲ့ တီဗွီကနေကြည့်လိုက်ရတယ်။

အဲ့ ဒိမှာညီအစ်မနှစ်ယောက် အဖေနဲ့ အမေကို စည်းရုံးရေးဆင်းပါတော့တယ်။ အမေကို NLD ကိုမဲပေးဖို့ ပထမစည်းရုံးတယ် ဒါပေမဲ့ အမေက သူ စာအိပ်တံဆိပ်ပါတီကို မဲပေးမှာမို့ သူ့ ကိုမစည်းရုံးပါနဲ့ လို့ ပြောတယ်။ အဲ့ ဒါနဲ့ အဖေ့ကို ညီအစ်မ နှစ်ယောက် တစ်ယောက်တစ်ပေါက် NLD ကိုမဲပေးဖို့ ပြောကြတယ်။

မဲပေးတဲ့ နေ့ မှာ အဖေပြန်လာတော့ လည်း NLD ကို မဲပေးခဲ့ ရဲ့ လားလို့ မေးရတာအမော။ အဖေက သမီးတွေစိတ်တိုင်းကျ မဲပေးခဲ့ ပါတယ် ။ ငယ်ဘ၀အမှတ်တရလေးတွေပေါ့။

Saturday, April 17, 2010

ကိုရင်မောင် နှင့် မမယ်မ(၁)

2 comments
ကိုရင်မောင် မမယ်မ တို့ ရဲ့ အကြောင်းကိုသမီးကိုပြောပြမယ်နော်။ အစိုးရ၀န်ထမ်း တွေဖြစ်ကြတဲ့ ကိုရင်မောင်နှင့် မမယ်မ တို့ မှာအိမ်ထောင်ကျပြီး ၁ နှစ်အကြာမှာသားဦးလေးရှိလာခဲ့ ပါတယ်။ အိမ်ထောင်ဦးကတည်းက ကိုရင်မောင်က နယ်မှာစိုက်ပျိုးရေးဘဏ်မန်နေဂျာအဖြစ်နဲ့ တာဝန်ကျနေပြီး မမယ်မကတော့ဆိပ်ကမ်းမှာ စာရင်းစစ်မို့ ရောင်နောက်ဆံထုံးပါ ချက်ချင်းလိုက်မသွားနိုင်ဖြစ်နေပါတယ်။

သားဦးလေး ၉လရောက်မှ ကိုရင်မောင်လည်း ကျောင်းကုန်းဆို တဲ့ နယ်မြို့ လေးကိုပြောင်းခွင့်ရ မမယ်မလည်းဘဲအဲ့ ဒိနယ်မြို့ လေးကိုပြောင်းခွင့် ရနဲ့ မိသားစုအတူပျော်ရွင်စွာအတူနေခွင့်ရခဲ့ ပါတယ်။ သားလေးကိုတော့မနက်အလုပ်သွားရင်အိမ်မှာသိပ်ခဲ့ ပြီး တစ်ယောက်တစ်လှည့်စီအိမ်ပြန်ပြီးကြည့်ကြပါတယ်။ တကယ်လို့ ကလေးကငိုနေခဲ့ ၇င်လည်းအိမ်နားနီးချင်းတွေက ကိုရင်မောင်အလုပ်လုပ်တဲ့ ဘဏ်ရှေ့ကိုလာပြီ။ ဗျို့ ကိုရင်မောင် ခင်ဗျားကလေးငိုနေပြီဗျ အိမ်ပြန်ပြီးကလေးထိန်းလိုက်အုံးလို့ အော်တယ်တဲ့ ။ ညနေအလုပ်ကပြန်ရောက်ရင် မိသားစုညနေစာစားသောက်ပြီးတော့လမ်းလျောက်လည်းထွက်ကြတယ်တဲ့ ။ မြို့ လေးကလည်းသေးလွန်းတော့လျောက်စရာဆိုလို့ ဒီလမ်းမကြီးတစ်ခုဘဲရှိတယ်တဲ့ ။

ဒီလိုနဲ့ နေလာလိုက်တာ သားဦးလေး ၂ နှစ်ပြည့် လုပြည့်ခင်မှာ မမယ်မမှာ ဒုတိယကိုယ်ဝန်ရှိလာတယ်တဲ့ ။ မျော်လင့် မထားခဲ့ လို့ လင်မယားနှစ်ယောက်လုံးရှေ့ ရေးအတွက်ရင်လေးနေမိကြတယ်။ မိဘဆွေမျိုး တွေမရှိကြတဲ့ နယ်မြို့ လေးမှာ မို့ အားငယ်မိကြပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်ရင့် လာတော့မမယ်မက မိဘတွေရှိတဲ့ ရန်ကုန်မှာ သမီးလေးကို ချော့ မွေ့ စွားမွေးဖွားခဲ့ တယ်။ မီးဖွားခွင့် ပြည့်လို့ နယ်မြို့ လေးကို ဒုတိယကလေး လသားလေးကိုပိုက်ပြီး ပြန်လို့ လာခဲ့ တယ်။ အလုပ်ကနေထွက်ဖို့ လည်း စိတ်ပြင်ဆင်ထားခဲ့ ပြီ။ တွေ့ ကြုံရမယ့် အခက်အခဲ တွေအတွက်လည်းကြို စည်းစားထားပြီးပြီ။

သမီးလေးရဲ့ ကံလို့ ဘဲပြောရမလားဘဲ။ အိမ်ဘေးနားက ဒေါ်ကြီး နဲ့ သူ့ ရဲ့ သမီး လေးတို့ ကအလုပ်မထွက်ဖို့ နဲ့ သူတို့ ဒီသမီးလေးကိုထိန်းပေးမယ်လို့ ပြောလာခဲ့ တယ်။ ဒီလိုနဲ့ မမယ်မလဲအလုပ်ကမထွက်ဖြစ်ခဲ့ ဘူး။ ဒါပေမဲ့ ဘ၀အလှည့်အပြောင်းတွေ ကြောင့်  သမီး ၁ နှစ်ပြည့်ခါနီးမှာကိုရင်မောင်က ပျဉ်းမနားကိုပြောင်းဖို့ ဖြစ်လာခဲ့ တယ်။စိတ်သွားတိုင်းကိုယ်မပါတဲ့ ပြည်သူ့ ဝန်ထမ်းဘ၀မို့  မမယ်မလည်း ရန်ကုန်ကို ပြောင်းဖို့ Transfer ကျလာတယ်။

၎ နှစ်အရွယ်သားလေးနဲ့ ၁ နှစ်ရွယ်သမီးလေးနဲ့ မမယ်မတစ်ယောက်တည်းရန်ကုန်ကိုပြောင်းလာခဲရ့တယ်။ ကိုရင်မောင်လည်း မမယ်မနဲ့ ကလေးတွေကို အမအိမ်မှာထားခဲ့ ပြီးတော့ ပျဉ်းမနားကိုပြန်သွားတယ်။
 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates