Friday, November 27, 2009

ဟန်းနီးမွန်း

2 comments
ရွှေမန်းသူကားကြီးနဲ့  ဒီဇင်ဘာ ၅ ရက်ညနေ မှာညားခါစဇနီးမောင်နှံ ဟန်းနီးမွန်းခရီးထွက်ခဲ့ ပါတယ်။
တစ်ညလုံးကားစီးပြီးတော့ မနက်ဝေလီဝေလင်းမှာ နေပြည်တော်သစ်ကိုရောက်ရှိသွားပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများပြုလုပ်ပြီး ။ ၂၀၀၆ ဒီဇင်ဘာ ၆ ရက် ညနေမှာ နေပြည်တော်အဝေးပြေးကားဂိတ်မှ မြို့ တော်ရန်ကုန်သို့ ပြန်ခဲ့ ပါတော့တယ်။



Wednesday, November 25, 2009

အကြံဥဏ်

0 comments
သမီးလေးကိုယ်ဝန်ရှိတာကိုသိကတည်းက ဆွေမျိုးတွေ၊အသိမိတ်ဆွေတွေနဲ့ သူငယ်ချင်းများကပါသူတို့ တက်နိုင်သလောက်အကြံဥဏ်တွေပေးကြပါတယ်။

၁။အဘိုးအဖွားတွေကိုစင်ကာပူခေါ်ပြီးကလေးထိန်းခိုင်းပါလားလို့ ပြောတဲ့သူကတော့အများဆုံးပါဘဲ။

(ပြောရရင်အဲဒါကလဲပါးပါးမားမားအဖြစ်စေချင်ဆုံးပါဘဲ။ လူကြီးတစ်ယောက်အိမ်မှာရှိရင်ကလေးထိန်းဖို့ တင်မကပါဘူး။ မိသားစုပိုဆန်သွားတယ်လို့ တောင်ထင်မိပါတယ်။ ပိုပြီးတော့လဲလုံ ခြုံသွားတယ်လို့ ထင်မိပါတယ်။ တစ်ခုခုဆိုတိုင်ပင်မယ်ဆိုရင်လည်းမိဘတွေကနီးနီးနားနားမို့ ပိုကောင်းပါတယ်။ ဒါပေမဲ့ သမီးရဲ့ နှစ်ဖက်အဖိုးအဖွားတွေကအသက်တွေကြီးကုန်ကြပြီလေ။ စိတ်သွားတိုင်းကိုယ်မပါကြတော့ဘူး။ ပြီးတော့လည်းပတ်ဝန်းကျင်မတူတဲ့ရေခြားမြေခြားမှာသူတို့ ကြာရှည်လည်းမနေနိုင်ကြပါဘူး။ )

၂။ မြန်မာနိုင်ငံမှာပြန်ထားပြီးကလေးကြီးမှပြန်ခေါ်လေ။

(အဲဒါကတော့ ရှေးရှေးစီနီယာတွေကျင့်သုံးတဲ့နည်းပေါ့ ။ အခုနောက်ပိုင်းဒါမျိုးရှားသွားပြီလို့ တောင်ပြောလို့ ရပါတယ်။ အပြောလွယ်သလောက် မိဘနဲ့ သားသမီးခွဲနေရတယ်ဆို တာနှစ်ဖက်စလုံးခံစားရတာတော့အမှန်ဘဲ။ အခုတော့ကိုယ်တိုင်ခံစားနေရတော့ပိုပြီးသိလာတယ်။)

၃။ အိမ်ဖော်တစ်ယောက်ခေါ်လိုက်ပါလား။

(သမီးကိုယ်ဝန်နဲ့ တုံးက မားမားအလုပ်ကလုပ်ဖော်ကိုင်ဖက်သူ ငယ်ချင်းကလဲကိုယ်ဝန်ရှိနေတယ်။ သူ ကတော့ကိုယ်ဝန်ရှိတာသိကတည်းကအိမ်ဖော်ခေါ်ဖို့ စီစဉ်တာ ။ နောက်သူ ကလေးမွေးတော့ သူ့ အမေနဲ့ အတူအိမ်ဖော်ကလိုက်လာနိုင်တယ်။ စာမေးပွဲတွေလဲချောချောချူချူအောင်သွားပြီ။ အခုသူ့ အမေကမြန်မာနိုင်ငံပြန်သွားပြီး သူ့ သားလေးကအိမ်ဖော်ညီမလက်ထဲမှာအခု ဆို ၈ လတောင်ရှိသွားပြီ။ တွေ့ တိုင်းမားမားကို အဆင်ပြေကြောင်းပြောပါတယ်။ သူ့ လိုစိတ်ချရတဲ့ လူတစ်ယောက်ခေါ်ဖို့ ပြောတဲ့ အပြင် သမီးအတွက်လည်းရှာပေးရှာပါတယ်။ အခုတစ်ခေါက်ပြန်တုံး သူငယ်ချင်းမိတ်ဆက်ပေးတဲ့ အမကြီးနဲ့ လည်းတွေ့ ခဲ့ ပါတယ်။ အသက်၄၀ လောက်ရှိပြီးရိုးရိုးသားသားပုံပါဘဲ။ ဒါပေမဲ့ သူ က ၇ တန်းအောင်ပြီးကတည်းကစာနဲ့ ဝေးသွားတာအခုထိဘဲ။ တော်တော်ကိုပြန်ပြီးသင်ပေးရမယ့် ပုံဘဲ။ လူရိုးမို့ သူ့ ကို ပတ်စပို့ အမြန်လုပ်ပေးဖို့ နဲ့ စင်ကာပူကိုအမြန်လာခဲ့ ဖို့ ဘဲတစ်တွင်တွင်ပြောနေပါတယ်။ မေးခွန်းတွေပြလိုက်တော့မှသူ စာတော်တော်လုပ်ဖို့ လိုမှန်းသိသွားတယ်။ )

Tuesday, November 24, 2009

ရွှေမန်းသူ

1 comments
သူ့ အဒေါ်နဲ့ ပျော်နေတာလေ။
သူ့ အန်းကုန်းအန်းမ နဲ့ တီဗွီတူတူကြည့်တယ်လေ။


အခုဆိုမတ်တပ်ရပ်ပြီးလက်ခုတ်တီးတက်နေပါပြီ။


Friday, November 6, 2009

အိမ်အပြန်

2 comments
ညနေဆိုရင်သမီးနဲ့ မားမား Channel U က ကိုရီးယားကားတွေကိုမလွတ်တမ်းသားအမိတွေကြည့် နေကျနော်။ မန်းလေးအိမ်မှာသမီးကိုထားခဲ့ ရင်သမီးကတော့ညနေဆိုမားမားလာကြိုမယ်ထင်ပြီးမျှော်နေတော့မယ်။ Monday မှာ SilkAir နဲ့ မွေးရပ်မြေကိုပြန်ကြမယ်။ သမီးလေးပါပါတယ်လေ ။






ညနေဆိုသမီးရဲ့ အ၀တ်တွေကိုလျှော်ပြီးလှန်းရတယ်။နောက်ဆိုဒီလို မလျှော်ရတော့ဘူးနော်။




 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates