လိုအပ်တာတွေကတော့ 
(၁) ထမင်း(ဆန်ကိုချက်ရင်ကြာလို့ )
(၂) ကြက်ဥ
(၃) ပဲပြား
(၄) အာလူး
ချက်ပြုပ်ပုံ
(၁) ထမင်းအနည်းငယ်နှင့်အားလူးခြစ်ထားတာကို Slow Cooker ထဲတွင်ထည့်ပါ။ ရေနွေးပွပ်ပွပ်ဆူကိုလည်းပေါင်းထည့်လိုက်ပါ။
(၂) ကြက်ဥကိုပြုပ်ပါ အကာကိုဖယ်ပြီးမိဘများစားဖို့ ဖယ်ထားလိုက်ပါ ။အနှစ်ကိုချေပါ။ ပဲပြားကိုလည်းချေထားပါ။
(၃) ထမင်းနှင့် အာလူးများ Slow Cooker ထဲတွင် နူးသွားပါ က ချေထားသော ကြက်ဥအနှစ်နှင့် ပဲပြားများကိုထည့်လိုက်ပါ။ မိနစ် ၃၀ ခန့် နူးအောင်ထားပြီး စားသုံးနိုင်ပါပြီ။

သမီးရဲ့ ထမင်းပေါင်းအိုး(Slow Cooker ) လေ
2 comments on "ကြက်ဥဆန်ပြုပ်"
ကြက်ဥဆန်ပြုပ်လည်း စနိုးလေးက ကြိုက်တယ်ပေါ့နော်.. ချက်နည်းလေးတွေ မှတ်ထားမယ်.. နောင်တချိန် အသုံးကျမလားပဲ... ထမင်းပျော့ပျော့လိုမျိုး ဆန်ပြုတ်လိုမျိုး ကိုလေ ကလေး ဘယ်အချိန်လောက်ကစပြီး ကျွေးလို့ရလဲဟင်..:)
အမ nu-san ရေ သမီးကို ၅ လကစပြီး ဆန်မှုန့် (Frisco)တံဆိပ်ကိုကြိုပြီးကျွေးပါတယ်။ ၆လကစပြီးငါးဆန်ပြုပ်ကိုနာနီကလုပ်ကျွေးပါတယ်။ ကိုယ်ကတစ်ပတ်စာငါးဝယ်ပြီးပေးလိုက်ရုံပါဘဲ။ ကလေးကနို့ သောက်တယ်ဆိုရင်တော့ ၆လမှစပြီးဆန်ပြုပ်ကြွေးတာကောင်းပါတယ်။ အခုကြက်ဥဆန်ပြုပ်ချက်နည်းကိုတော့ ဇတ်လမ်းတွဲတစ်ခုထဲမှာချက်ပြတာတွေ့ လိုမှတ်ထားလိုက်တာပါ။
Post a Comment