Friday, April 9, 2010

ဖွားဖွား



ပါးပါးရဲ့ ကျန်းမာရေးကြောင့် ဖွားဖွားမှာသားဇောနဲ့ စင်ကာပူကိုရောက်အောင်တစ်ယောက်တည်းလာခဲ့ ပါတယ်။ တရုတ်စာ၊အင်္ဂလိပ်စာ များမတက်ပေမယ့် မြန်မာလိုပြောပြီး ရောက်လာခဲ့ပါတယ်။မိခင်မေတ္တျာကြောင့် လို့ ဘဲပြောရမှာပေါ့ ။ ပါးပါးကိုလည်းမခွဲခင်ရောခွဲပြီးမှာပါ အသက်အရွယ်အရလိုက်မလုပ်ပေးနိုင်ပေမယ့် ဘေးကနေတတွတ်တွတ်ပြောနေတာ စိုးရိမ်လို့ ။


ဆေးရုံကဆင်းပြီးအိမ်မှာနားနေတုန်းတစ်ရက်မှာ။ ပါးပါးကဖွားဖွားကိုမျက်စဉ်းဆေးခတ်ပေးမလို့ အိပ်ရာပေါ်မှာလဲခိုင်းလိုက်တာ ဖွားဖွားမှာမူးပြီးချာချာလည်သွားပါတော့တယ်။ ပါးပါးလည်းချက်ချင်းသွေးပေါင်ချိန်တိုင်းလိုက်တော့ အပေါ်သွေး က၁၈၀ နဲ့ အောက်သွေးက ၁၀၂ ဖြစ်နေပါတယ်။ သွေးတက်နေတာပေါ့ ချက်ချင်းဘဲသွေးကျဆေးတွေတိုက် အိပ်ရာမှာခေါ်င်းအုံး ၂ ခုနဲ့ မှီပြီးထိုင်ခိုင်းထားရပါတယ် မားမားကိုလည်းဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြထားတယ်။ အဲ့ ဒိနေ့ ကတည်းကစပြီး ၄ ရက်လောက်အထိဖွားဖွားမှာကုတင်ပေါ်လှဲပြီးမအိပ်နိုင်တော့ပါဘူး။ ခေါ်င်းအုံးတွေနဲ့ ခံပြီးထိုင်ရက်လေးအိပ်ရပါတော့တယ်။


ဆန်းဒေးမှာတော့မဖြစ်ဘူးဆိုပြီး မြတ်စေတနာဆေးခန်းကိုပြေးရပါတယ်။ ဆရာဝန်ကတော့ဦးနှောက်ထဲသွေးမရောက်လို့ လို့ ပြောပါတယ်။ သွေးပိုရောက်စေတဲ့ ဆေးပေးလိုက်ပါတယ်။ ဆေးတော့မသောက်ဖြစ်ပါဘူး။ အိမ်ပြန်ရောက်တော့ မြန်မာဆရာဝန်တွေကို NUH မှာရှာကြည့်တော့တွေ့ တာနဲ့ ဖုန်းဆက်ပြီး appointment ယူ့တော့ သောကြာနေ့ ညနေမှရတယ်။ မားမားရဲ့ အကိုဝမ်းကွဲတစ်ယောက်က Jurong Medical Centre မှာလည်းမြန်မာဆရာမတစ်ယောက်ထိုင်တယ်ဆိုတဲ့ အကြောင်းသတင်းပေးလာတယ်။ သောကြာနေ့ မှာNUH ကဆရာမနဲ့ ပြဖို့ မစောင့် နိုင်တာနဲ့ အဂါင်္နေ့ မှာမားမားအကိုလမ်းညွန်လိုက်တဲ့ Jurong Medical Centre ကိုဖွားဖွားနဲ့ ပါးပါးသွားလိုက်တယ်။


ဆရာမကဖွားဖွားရှင်းပြတာကိုသေချာနားထောင်ပါတယ် ။ ရောဂါရာဇ၀င်ကိုလည်းသေချာမေးပါတယ်။ လှဲပြီးတော့ ၊ထိုင်ပြီးတော့ ၊ လှေကားအဆင်းအတက်လုပ်ပြီး သွေးပေါင်ချိန်တွေကိုတိုင်းပါတယ်။ ပါးပါးကအင်တာနက်ထဲမှာရှာပြီးဖတ်ကြည့်တော့ဒါမျိုးတွေက လူကြီးတွေမှာနားထဲကအရေခမ်းသွားလို့ ဖြစ်တက်ကြောင်းပြောပြတော့ လည်းနားကိုသေချာကြည့်ပြီးစမ်းပေးပါတယ်။ မျက်စိခွဲထားဘူးကြောင်းပြောလို့ မျက်လုံးကိုလဲသေချာစမ်းပေးပါတယ်။ ရန်ကုန်မှာတုန်းကဆရာဝန်က ကြီးပေါင်းတက်တာဖြစ်နိုင်တယ်လို့ ပြောဘူးကြောင်းပြောပြလို့ ပုခုံးကို ဓတ်မှန်ရိုက်ခိုင်းပါတယ်။ အဖြေတော့မသိရသေးပါဘူး။


ဆရာမပေးလိုက်တဲ့ အမူးပျောက်ဆေးကိုသောက်လိုက်တာအခုတော့တော်တော်သက်သာသွားပါပြီ။

0 comments on "ဖွားဖွား"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates