အခုတစ်လောကလေးမရှိလို့ အားနေတုန်း မန်းလေးအိမ်ကပါလာတဲ့ သိုးမွေးအဟောင်းလေးတွေနဲ့ သမီးအတွက်လက်ရှည်အင်္ကျင်္ီထိုးပေးဖြစ်ပါတယ်မထိုးတာကြာလို့ လက်ရာတော့သိပ်မကောင်းပါဘူးဒါပေမဲ့ သမီးလေးအတွက်ပေးချင်ပါတယ်။
ထိုးရင်းနဲ့ ချည်ကုန်သွားလို့ ဒိုင်ဇိုကနေချည်အဖြူ ထပ်ဝယ်ပြီးဆက်ထိုးပါတယ်။ အရောင်တူမရမှာစိုးလို့ အဖြူရောင်ဘဲဝယ်လိုက်ပါတယ်။ စပ်ကြားလေးဆိုတော့တစ်မျိုးလှတာပေါ့ ။လူကြုံမရှိတာနဲ့ သပြေနုကနေသမီးအကျီင်္အဟောင်းလေးတွေနဲ့ ရောပို့ လိုက်တာ ၂၅ ကျပ်ကုန်သွားတယ်။
သမီးအတွက်ဒိုင်ဇိုမှာချည်သွားဝယ်တော့ ၂ကျပ်ဘဲဆိုပြီး ကိုယ့် အတွက်ပါချည်တွေရောင်စုံဝယ်ဖြစ်ခဲ့ ပါတယ်။ တစ်ချောင်းထိုးအပ်လည်း ၃ ချောင်းဝယ်ခဲ့ တာဝါးနဲ့ လုပ်ထားတဲ့ တစ်ချောင်းထိုးအပ်တွေဆိုတော့တစ်ချောင်းကကျိုးသွားပြီးကျန်တာတွေက်သုံးရတာအဆင်မပြေပါဘူး။ မန်းလေးကယူလာတဲ့ စတီးအပ်ကတော့အဆင်အပြေဆုံးဘဲ။