Tuesday, January 26, 2010

သမီးအတွက်



သမီးရေ

မနေ့ ကမန်းလေးကိုပြန်မယ့် လူကြုံရှိလို့ သမီးအတွက်လက်ဆောင်ပါးလိုက်တယ်။ ကလေးသီချင်းခွေတစ်ခွေ ၊ ကလေးအတွက်ပုရုပ်ဆီ ၃ ပုလင်း၊ လက်ဆေးအရည် ၂ ပုလင်းရယ် ကြက်ဥပါတဲ့ ကလေးအစာ ပုလင်း ၅ ပုလင်း(ကွဲမှာစိုးလို့ သေချာထုတ်ပေးထားတယ်)ရယ်ပါ။ မားမားရဲ့ အလုပ်က ၁၃ ရက်နေ့ ကနေ စပြီးပိတ်မှာ၂၁ ရက်နေ့ အထိပေါ့ ။ စုစုပေါင်း ၉ရက်တောင်ပိတ်မှာ Annual Leave ထဲကနေလဲ ၄ ရက်နုတ်မယ်တဲ့ ။ ကောင်းရော။ သူတို့ ဟာသူတို့ ပိတ်တာကိုယ်ကအချောင် Leave ပေးလိုက်ရတယ်။ သမီးကိုတွေ့ ချင်လို့ လေယာဉ်လက်မှတ်တော့ Booking လုပ်ထားတယ်။ ပါးပါးတို့ အလုပ်က ၄ ရက်ဘဲပိတ်လို့ သူကတော့လိုက်နိုင်မယ်မထင်ဘူး။ စနိုးအမ်းမ နဲ့ တိုင်ပင်တော့ ၉ ရက်ထဲနဲ့ ပြန်မလာဖို့ ပြောတယ်။ အခုတော့ပြန်မလာဖြစ်ဖို့ များတယ်နဲ့ တူပါတယ်သမီးရယ်။ အဲ့ ဒါကြောင့်မို့ လူကြုံနဲ့ သမီးသိပ်ကြိုက်တဲ့ ကြက်ဥမုန့် ရယ်သမီးရေချိုးပြီးတိုင်းလိမ်းတဲ့ ကလေးပုရုပ်ဆီရယ်ကိုထည့်ပေးလိုက်တယ်နော်သမီး။
လွမ်းနေတဲ့ 
မားမားနဲ့ ပါးပါး

0 comments on "သမီးအတွက်"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates