Tuesday, December 28, 2010
Rainbow
သမီးကိုသတိရတိုင်းနားထောင်ဖြစ်တဲ့ သီချင်းလေးပါ။
အရင်တုန်းက နားထောင်ခဲ့ ဘူးပေမယ့် မခံစားတက်ခဲ့ ဘူး။
သမီးနဲ့ ဝေးနေ မှ ဒီသီချင်းလေး ကိုခံစားတက်လာတယ် .....
Thursday, December 23, 2010
ဆံနွယ် အလှဆင်ခြင်း
မြေးအဖွားနှစ်ယောက်ခြေပြစ်လက်ပြစ်ထိုင်နေကြတာပါ။ သမီးရဲ့ ရီးရီး(မားမားရဲ့ ညီမ) ၀ယ်ပေးထားတဲ့ Mickey Mouse ဘီးကုတ်လေးနဲ့ .....
Thursday, December 16, 2010
My Daughter's Vaccination
(၁) BCG - စင်ကာပူမှာ မွေးမွေးခြင်း ထိုးပေးပြီး
ရန်ကုန်မှာတော့ မွေးပြီး ၁ လခွဲမှထိုးပါတယ်
(၂) Hepatitis B - စင်ကာပူမှာ ၁လခွဲ နဲ့  ၆ လခြားမှာထိုးပြီး
ရန်ကုန်မှာတော့ မွေးမွေးခြင်းထိုးပါတယ်
(၃) ဆုံဆို့ ၊ကြက်ညှာ၊မေးခိုင် - စင်ကာပူမှာ အသာဝါဘီ နဲ့ ပေါင်းပြီး 5 in 1 တဲ့ ။ အသာဝါဘီမပါတဲ့  5 in 1 တဲ့ ။
ဦးနှောက်အမှေးရောင်ပါပါရင် 6 in 1 ၁ လခွဲကနေ ၆ လအကြားမှာသုံးလုံးထိုးရမှာပါ။
ရန်ကုန်မှာတော့ ဆကမ ဆိုပြီးတော့ ကလေး ၁လခွဲကနေ ၃ လခွဲအထိသုံးကြိမ်ထိုးပေးတယ်။
(၄) ပိုလီယို - စင်ကာပူမှာတော့ 5 in 1 တို့  6 in 1 တို့ မှာပါပါတယ်
ရန်ကုန်မှာတော့ တစ်နိုင်ငံလုံးစီမံချက်နဲ ကလေးတစ်လခွဲကတည်းကတိုက်တယ်
(၅) MMR - စင်ကာပူမှာ တစ်နှစ် ကနေစထိုးလို့ ရပါပြီ
ရန်ကုန်မှာတော့ စီမံချက်ထဲမပါပါဘူးကိုယ်ထိုးချင်ရင်တော့ အထူးကုဆေးခန်းတွေမှာထိုးလို့ ရပါတယ်။
အဲ့ ဒိလိုတွေကွာခြားတယ်လို့ တော့နားလည်မိပါတယ်။
နားလည်တာတော့နားလည်တာပါဘဲ ......
ဒါပေမဲ့ သမီးလေးအတွက် ထိုးပေတဲ့ ကာကွယ်ဆေးတွေကတော့.....
(၁) BCG - ရန်ကုန်မှာရပ်ကွက်ဒေသံဒရဆေးခန်းမှာ သွားထိုးဖြစ်ပါတယ်။ စင်ကာပူလာခါနီးကို English လိုဘာသာပြန်ကိုအပြေးအလွားသွားယူခဲ့ ရပါတယ်။
(၂) Hepatitis B - ရန်ကုန်မှာသမီးကိုမွေးမွေးချင်းမှာတစ်လုံးထိုးပြီး။ ဒုတိယအလုံးကို နောက်တစ်လမှာထိုးရပါတယ်။
(၃) 5 in 1 - စင်ကာပူကအိမ်နားကဆေးခန်းမှာ သမီး၃ လမှာတစ်ခါ ၄ လမှာတစ်ခါထိုးပါတယ်။
(၄) 6 in 1 - စင်ကာပူ မှာအိမ်နားကဆေးခန်းမှာ သမီး ၅ လမှာနောက်ဆုံးအလုံးထိုးပါတယ်။ အသားဝါဘီကာကွယ်ဆေးက မြန်မာနိုင်ငံမှာ ၂ လုံးထိုးပြီးသားမို့ ဒီမှာတစ်လုံးဘဲထိုးဖို့ လိုတာပါ။
(၅) Oral Rotavirus - သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတော့မဟုတ်ပါဘူး။ ပါးစပ်ထဲကိုတိုက်တာပါ။ နှစ်ကြိမ်တိုက်ရပါတယ်။ သမီးအတွက်တော့ ၄ လမှာတစ်ကြိမ် ၅ လမှာတစ်ကြိမ်တိုက်ဖြစ်ပါတယ်။ စင်ကာပူမှာအိမ်နားကဆေးခန်းမှာဘဲတိုက်ဖြစ်ပါတယ်။
(၅) MMR - မန်းလေးမှာထိုးဖြစ်ပါတယ်။ ဆရာမကတော့ ထိုးနှံပြီးကြောင်းစာရေးပေးပါတယ်။ လိုအပ်ရင် နိုထရီလုပ်ရပါမယ်။
(၆) Hepatitis A - မန်းလေးမှာဘဲထိုးဖြစ်ပါတယ်။ စင်ကာပူကသတ်မှတ်ထားတဲ့ ဇယားထဲမှာမပါလို့ ထောက်ခံချက်မတောင်းတော့ပါဘူး။
(၇) Chickenpox - မန်းလေးမှာဘဲထိုးဖြစ်ပါတယ်။ စင်ကာပူကသတ်မှတ်ထားတဲ့ ဇယားထဲမှာမပါလို့ ထောက်ခံချက်မတောင်းတော့ပါဘူး။
အဲ့ ဒိထောက်ခံချက်တွေနဲ့ ဘယ်လိုကျောင်းအပ်ရမယ်ဆိုတာ.........
Friday, October 8, 2010
ိမြေမထိ သမီး
ပြီးခဲ့ တဲ့ တရုတ်နှစ်ကူး တုန်းက မိသားစုမေမြို့ ကို သွားလည်တုန်းကရိုက်ထားတာလေးပါ။ သမီးရဲ့ ဦးလေး(ကူကူ) ကသမီးကိုမြေဓတ်ရအောင်ဖိနပ်ချွတ်ပြီး မြေကြီးကိုနင်းခိုင်းတာ သမီးက သူ့ ခြေထောက်လေးတွေဆူးလို့ ခြေတစ်ဘောင်ကျိုးလုပ်နေတဲ့ ဗွီဒီယိုကလစ်လေးပါ။ သမီးရဲ့ အဒေါ် (ရီးရီး) က စနေတယ် နင့် သမီးကသိုင်းတက်တယ်တဲ့ သူမဆင်းချင်ဘူးဆိုခြေထောက်ကိုမြောက်မြောက်ထားလို့ လေ။
Monday, October 4, 2010
ထမင်းဘူး
Saturday, September 18, 2010
NLD
အဲ့ ဒိမှာညီအစ်မနှစ်ယောက် အဖေနဲ့ အမေကို စည်းရုံးရေးဆင်းပါတော့တယ်။ အမေကို NLD ကိုမဲပေးဖို့ ပထမစည်းရုံးတယ် ဒါပေမဲ့ အမေက သူ စာအိပ်တံဆိပ်ပါတီကို မဲပေးမှာမို့ သူ့ ကိုမစည်းရုံးပါနဲ့ လို့ ပြောတယ်။ အဲ့ ဒါနဲ့ အဖေ့ကို ညီအစ်မ နှစ်ယောက် တစ်ယောက်တစ်ပေါက် NLD ကိုမဲပေးဖို့ ပြောကြတယ်။
မဲပေးတဲ့ နေ့ မှာ အဖေပြန်လာတော့ လည်း NLD ကို မဲပေးခဲ့ ရဲ့ လားလို့ မေးရတာအမော။ အဖေက သမီးတွေစိတ်တိုင်းကျ မဲပေးခဲ့ ပါတယ် ။ ငယ်ဘ၀အမှတ်တရလေးတွေပေါ့။
Thursday, September 16, 2010
ဖိနပ်
့်ဦးထုတ်
Saturday, September 11, 2010
Baby Bootie
ဒုတိယပိုင်း နဲ့ ဒါကနောက်ဆုံးပိုင်းလေးပါ။
Sunday, August 29, 2010
သမီးအကြောင်း (၃၀ သြဂုတ် ၂၀၁၀ )

Monday, August 2, 2010
အင်တာဗျူး
တစ်ရက် ပျင်းပျင်းရှိနေတာနဲ့ စနေနေ့ လည်းဖြစ်တော့အလုပ်လျှောက်ဖြစ်သွားတယ်။ စင်ကာပူရောက်ခါစကအလုပ်တွေလျှောက်ပြီးသွားရင် အင်တာဗျူးလာနိုင်သလားလို့ မေးတဲ့ Phone Call တွေအများကြီးရတက်တယ်။ အခုတစ်ခါတော့တစ်ရက် တည်းလျောက်ပြီး မှ သမီးပါးပါးကမလျှောက်နဲ့ ဆိုလို ဆက်ပြီးမလျှောက်ဖြစ်လို့ အင်တာဗျူးလာဖို့ ခေါ်တာတစ်ခုဘဲရှိတယ် လာနိုင်တယ်လို့ ဖြေလိုက်တယ်။ သမီးပါးပါးက မသွားဖို့ တားတယ် ကလေး ငယ်သေးတယ် နို့ ဗူးမသောက်တက်သေးဘူး အမေအလုပ်သွားရင်ကလေးကိုဘယ်သူထိန်းမလဲ ...မေးခွန်းပေါင်းများစွာနဲ့ လေ။ သောကြာနေ့ မှာအင်တာဗျူးသွားနိုင်ဖို့ အတွက် သမီးကိုထိန်းဖို့ လူရှာရပါတော့တယ်။
Jurong ကယောင်းမ ကကလေးနှစ်ယောက်နဲ့ ကျောင်းကြိုကျောင်းပို့ နဲ့ မအားဘူး။ အသိမိတ်ဆွေတွေကလည်း ကိုယ့် အလုပ်နဲ့ ကိုယ်မို့ အကူညီတောင်းဖို့ ကလည်းမရဲ ။ နောက်ဆုံးတော့အိမ်မှာငှားနေတဲ့ မောင်လေးတစ်ယောက်က ညဂျူတီမို့ နေ့ ခင်းဘက်သူထိန်းပေးမယ်လို့ ပြောလာတယ်။
အင်တာဗျူးသွားမယ့်မနက် အိမ်ကထိန်းပေးမယ်လို့ ပြောတဲ့ မောင်လေးက မနက်ကထဲကပျောက်သွားတာဖုန်းဆက်လို့ လဲမရ SMS ပို့ လည်း ပြန်မလာဘူး။ မိုးတွေကရွာလာတယ် ချိန်းထားတဲ့ အချိန် ၉ နာရီကနီးနေပြီ ။ စိတ်ပူပြီး သမီးပါးပါးကိုဖုန်းဆက်တော့ မသွားနဲ့ တော့ဖုန်းဆက်ပြီး Sorry လို့ ပြောလိုက် နောက်ရက်ရွှေ့ ပေးမယ်ဆိုလက်ခံလိုက် မရွှေ့ ပေးနိုင်ဘူးဆိုရင်ထားလိုက်တော့ ကလေးဘဲဆက်ထိန်း တဲ့ လေ ။ နှစ်ခန်းကျော်က ဒီမှာဒေါက်တာဘွဲ့ လာယူနေတဲ့ ညီမလေးတွေရှိတယ် နေ့ ခင်းဘက်အားနေလို့ အကူညီလိုရင်လာ ခဲ့ ဖို့ ပြောဘူးလို့ သွားပြီးကြည့်တော့လူကမရှိဘူး။ အဲ့ ဒိလိုယောက်ယက်ခက်နေတုံး။ အိမ်နားက စလုံးအဒေါ်ကြီးက ဘာဖြစ်တာလဲလို့ မေးလာတာနဲ့ အကြောင်းစုံကိုပြောပြလိုက်တော့ ရတယ်သူ့ ဆီမှာထားခဲ့ သူထိန်းပေးမယ်လို့ လိုလိုလားလားပြောလာတယ်။ သမီးကိုသူ့ ဆီမှာထားပြီးမိုးရွာကြီးထဲကို ခေါ်က်ထီင်္းတစ်လက်နဲ့ ထွက်လာခဲ့ တယ်။
ဆံပင်ဂုတ်ဝဲကို နောက်ကနေစီးထားတယ် မျက်နှာမှာကချွေးတွေနဲ့ မိတ်ကပ်လိမ်းဖို့ အချိန်မရလို့ အဆီတွေကပြန်နေတယ် ခေါ်က်ထီးကြီးတစ်လက်နဲ့ စွပ်ဖိနပ်ကြီးစီးလာတဲ့ မားမားကို အင်တာဗျူးတဲ့ လူက အလှအပအရမ်းကြိုက်ပြီး သေသေသပ်သပ်နေတက်တဲ့ မန်နေဂျာမလေ Resume ထဲကဓတ်ပုံနဲ့ တော်တော်ကွာတယ်နော်တဲ့ ပထမမေးခွန်းက ။ အင်တာဗျူးပြီးသွားတော့ သူရဲ့ နောက်ဆုံးစကားက သူတို့ အလုပ်ထဲမှာစွပ်ဖိနပ်မစီးရပါဘူးတဲ့ ....:)
အိမ်နားကစလုံးအိမ်မှာသမီးကိုပြန်သွားခေါ်တော့သမီးကအိပ်ပျော်နေပြီ။
အဲ့ဒိလိုနဲ့ သမီး ၅ လအရွယ်မှာမားမားအလုပ်ပြန်လုပ်ဖြစ်သွားပါတယ်ကွယ်။
Tuesday, July 27, 2010
သမီး
သမီး နဲ့ ပါးပါးကို ရိုက်ပေးထားတဲ့ ဗွီဒီယိုလေးပါ။ သမီးကအဲ့ ဒိအရွယ်တုန်းက တစ်ရူးပေပါကိုအရမ်းကြိုက်တယ်။ ဆော့ရင်းဆော့ရင်းနဲ့ တစ်ခါတစ်လေ ပါးစပ်ထဲရောက်ရောက်သွားလို့  အလွတ်မပေးရဲဘူး။ နောက်ကအသံစူးစူးဝါးဝါးကြီးကတော့ မားမားရဲ့ အသံပါ။ အသံပိတ်ပြီးကြည့် ကြပါ.....:)
Wednesday, June 16, 2010
ရင်သွေးငယ်အတွက် တစ်နေ့ စာအာဟာရ ပြင်ဆင်ခြင်း
အရေးကြီးတဲ့ အချက်ကတော့လူကြီးတွေလို တစ်ခါစားရင်အ၀စားစနစ်နဲ့ တစ်နေ့ မှာအကြိမ်ရေနည်းနည်းသာ ကျွေးလို့ တော့မဖြစ်ပါဘူး။ တစ်နေ့ ကို ရှစ်ကြိမ်လောက်ခွဲပြီး နည်းနည်းနှင့်ခဏ ခဏကျွေးတဲ့ စနစ်သာ ရင်သွေးငယ်ရဲ့  တစ်နေ့ တာလိုအပ်ချက်အာဟာရပြည့်ဝမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ မှာခွံကျွေးသလောက် ကိုထိုင်စားတဲ့ အခါရှိသလို တစ်ခါတစ်ရံမှာနည်းနည်း သာစားပြီးထသွားတက် တဲ့ အခါ တွေလည်းရှိမှာပါပဲ ။ အဲ ဒီအခါမျိုးမှာအတင်း ပြန်ခေါ်၊ အတင်းခွံကျွေးလုပ်မယ့် အစား နောက်တစ်ကြိမ် မှာပိုမို ကျွေးခြင်းဟာသင့်လျှော်ပါတယ်။ တစ်နေ့ တာအတွက်လုံလောက်တဲ့ အာဟာရ အပြည့်အ၀ကျွေးလိုက်နိင်မှာလည်းဖြစ်ပါတယ်။
အစာကျွေးစဉ်မှာကလေးဟာဆော့ကစားပြီး တစ်အိမ်လုံးအစားအစာများဖိတ်စဉ်ညစ်ပတ်ပေရေမယ့် ဒုက္ခလည်းရှိပါသေးတယ်။ ဒီအတွက်တော့ အစာကျွေးမယ့် သူရဲ့ စည်းရုံးနိုင်မှု၊ စိတ်ပြောင်းလဲပေးနိုင်မှုအစွမ်း လိုအပ်ပါတယ်။ အစာမကျွေးမီ တစ်ပတ်လည်လုံး သတင်းစာနဲ့ စာအုပ်များတင်ထားတဲ့  ကုလားထိုင်တွေ ထိုင်ခုံ အမြင့် တွေနဲ့ ဝိုင်းရံထားပြီး ၀ိုင်းအတွင်းမှာသာကျွေးမယ်ဆိုရင်တော့ ဆော့ကစားချင်တဲ့ ကလေးအနေနဲ့  ဒီစာအုပ်တွေကိုသာဆော့စရာအဖြစ်ကစားရင်းစားမှာဖြစ်ပါတယ်။ အစာကျွေးပြီးရင်စာအုပ်များအလွယ်တကူ ပြန်လည်စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ကုလားထိုင်ပေါ်မှာ လင်ပန်းငယ်တစ်ခုတင်ထားပြီး ကလေးငယ်ကို သူသောက်နေတဲ့ မတ်ခွက် ကလေးထားရမယ့်နေရာအဖြစ်လင်ပန်းမှာစက်ဝိုင်းလေးဆွဲပြ၊လိုက်ရွှေ့ ခိုင်းစေပြီး မှန်အောင်လုပ်ဆောင်နိုင်တဲ့ အခါ ချီးကျူးပေးတဲ့ ကစားနည်းမျိုးလေးများနဲ့ လည်းဆွဲဆောင်ရင် အစားပိုစားစေနိုင်ပါတယ်။
You & Your Toddler
ဒေါက်တာမာမာဆွေ
မားမား။ ။ သမီးကအခု အသက် တစ်နှစ်ခွဲရှိနေပါပြီ အရင်လိုသူ့ ကိုလင်ဗန်းလေးတင်ထားတဲ့ ခုံလေးမှာထိုင်စားခိုင်းလို့ မရတော့ပါဘူး။ သမီးလေး ၇ လလောက်တုန်းကတော့သူ့ ကိုအဲ့ ဒိခုံလေးမှာထိုင်ခိုင်းပြီးကျွေးရတာတော်တော်အဆင်ပြေခဲ့ ပါတယ်။ သိတာလေးနဲနဲ နဲ့  အန်းမကိုဆရာလုပ်မိပါတယ်။
Tuesday, June 1, 2010
သမီးအကြောင်း ( ၇ ရက် ဇွန်လ ၂၀၁၀)
ကြက်ဥကို ခေါက်ပြီး အိုးထဲမှာဆီပါးပါးလေးသုတ်ပြီးကြော်လိုက်ပါ။ ငါးကြင်းခြစ်ကို ဆား၊ ခါကြက်ဥတွေနဲ့ နယ် ကြက်ဥကြော်ပေါ်မှာတင်ပြီးလိပ် အကွင်းလေးတွေလှီး ပဲသီးအစိမ်းလေးကိုအပေါ်ကတင်ပြီးပေါင်း။ သမီးကကြိုက်လို့  ၇ ခုကြီးများတောင်ကုန်အောင်စားလိုက်တယ်နော်။
သမီးက အခုချိန်ထိတော့ ပါးပါး ....၊ ရုပ်ရုပ်.......၊ လိုင်လိုင်းလိုင်း.......၊ ရီးရီး......အဲ့ ဒိလိုမျိုးနဲနဲတော့ပြောတက်တယ်။ ဒါပေမဲ့ လူကြီးပြောသမျှတော့အကုန်နားလည်နေပြီ လည်လည်သွားမယ်ဆိုအပြင်သွားတော့မယ်ဆိုတာသိတယ်။ လက်ဆေးမယ်ဆိုရင်ဘေစင်ရှိတဲ့ နေရာကိုကိုယ့်ဟာကိုယ်လာတက်နေပြီ။ ခါးခါးလိမ်းမယ်ဆိုရင် ကျောက်ပြင်ရှိတဲ့ နေရာကိုရောက်နေပြီ။ လွန်ခဲ့ တဲ့ အပတ်လောက်တုန်းက အန်းကုန်းနဲ့ အန်းမက တင်တင်အေးထိုးမုန့် သွားဝယ်တုန်း သမီးကကားပေါ်ကနေ တင်တင်အေးထိုးမုန့် ရဲ့ တံဆိပ် ပစ်တိုင်းထောင်ကိုတွေ့ သွားတော့ ရုပ်ရုပ်....ရုပ်ရုပ် ......နဲ့ အော်တယ်လေ။ အိမ်ပြန်ရောက်တော့လဲ ရုပ်ရုပ်.....ရုပ်ရုပ်....နဲ့ ပြောလို့ မပြီးတော့ဘူး။ နောက်ရက်မှာ သမီးရဲ့ ကူကူ (မားမားရဲ့ အကို) နဲ့ ကင်ကင် (မားမားအကိုရဲ့ မိန်းမ) တို့ က မဟာမြတ်မုနိဘုရားရောက်တုန်း ပစ်တိုင်းထောင်ရုပ်လေးကိုသမီးအတွက်ဆိုဝယ်ခဲ့ ရတယ်လေ။
Tuesday, May 25, 2010
သမီးအကြောင်း( ၂၅ မေ ၂၀၁၀)

Tuesday, May 11, 2010
သမီးအသက် ၁ နှစ် ၅ လမှာ


Tuesday, April 27, 2010
ရည်မှန်းချက်
သမီးလေးနားထောင်ဖို့ အတွက်သီချင်းလေးတွေစုထားပါတယ်။ ဒီသီချင်းလေးကတော့သမီးလေးဘ၀မှာအခက်အခဲတွေနဲ့ ကြုံလာရင် ကိုယ့် ရဲ့ ရည်မှန်းချက်ကိုမမေ့ ဖို့ အတွက်မားမားရဲ့ လက်ဆောင်ပါ။
Friday, April 23, 2010
စာရေးမယ်နော်
သမီးအန်းကုန်းက သင်ပေးထားလို့ သမီးကအခုဆိုခဲတံကိုကောင်းကောင်းကိုင်တက်နေပါပြီ။ သမီးစာရေးနေတာကိုကြည့်ပြီးသူ့ ပါးပါးကတော့သဘောကျလို့ နေပါတယ်။ ညာသန်လေးပါရှင်...
Thursday, April 22, 2010
ဒီလောက်တောင်ဘဲလား
Tuesday, April 20, 2010
ရပ်နိုင်ပြီဟေ့ 
သမီးလေးကစင်ကာပူမှာတုန်းကအကိုင်နဲ့ မတ်တပ်ရပ်နိုင်နေပြီ။ လက်လွတ်ကတော့ မန်းလေးအိမ်ကိုရောက်သွားမှ ရပ်နိုင်တာ။ မားမားပါးပါးတို့ ပြန်ရောက်လို့ တစ်လမပြည့်သေးဘူးသမီးက လက်လွတ်ရပ်နိုင်နေပြီနော်။သမီးအန်းကုန်းကတော့ သမီးရဲ့ အမာခံပရိတ်သတ်ဘဲ အမြဲတမ်းအားပေးတယ်။
Dancing Queen
သမီးလေးက လမ်းတောင်မလျှောက်တက်သေးဘူး ကတက်နေပါပြီ။ သမီးအန်းကုန်းနောက်ကနေလက်ခုတ်တီးပြီးစီးချက်လိုက်ပေးတယ်။တစ်နှစ်မပြည့်ခင်တုန်းကရိုက်ထားတဲ့ ဗွီဒီယိုကလစ်လေးပါ။ သမီးလေးပျော်နေတာကိုမြင်ရတော့ ၀မ်းသာပါတယ်။ ကိုယ်တွေက ၁၁ လအထိ ထိန်းခဲ့ တုန်းက ဒါမျိုးလေးတွေမလုပ်တက်သေးဘူးနော်။
Monday, April 19, 2010
သမီးရဲ့ တစ်နှစ်ပြည့်မွေးနေ့ ( ၈ ရက် ဒီဇင်ဘာ ၂၀၀၉ )
သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ ကို မန်းလေးကအန်းကုံး ၊ ရီးရီး(ဒေါ်ဒေါ်)၊ ကူကူ(ဦးဦး)၊ ကင်ကင် တို့ နဲ့ အတူပျော်ရွင်စွာကျင်းပခဲ့ ပါတယ်။ ပါးပါးနဲ့ မားမားကတော့သမီးလေး ကျန်းမာပျော်ရွင်ဖို့ အဝေးကနေအမြဲဆုတောင်းပေးနေပါတယ်။
Saturday, April 17, 2010
ကိုရင်မောင် နှင့် မမယ်မ(၁)
သားဦးလေး ၉လရောက်မှ ကိုရင်မောင်လည်း ကျောင်းကုန်းဆို တဲ့ နယ်မြို့ လေးကိုပြောင်းခွင့်ရ မမယ်မလည်းဘဲအဲ့ ဒိနယ်မြို့ လေးကိုပြောင်းခွင့် ရနဲ့ မိသားစုအတူပျော်ရွင်စွာအတူနေခွင့်ရခဲ့ ပါတယ်။ သားလေးကိုတော့မနက်အလုပ်သွားရင်အိမ်မှာသိပ်ခဲ့ ပြီး တစ်ယောက်တစ်လှည့်စီအိမ်ပြန်ပြီးကြည့်ကြပါတယ်။ တကယ်လို့ ကလေးကငိုနေခဲ့ ၇င်လည်းအိမ်နားနီးချင်းတွေက ကိုရင်မောင်အလုပ်လုပ်တဲ့ ဘဏ်ရှေ့ကိုလာပြီ။ ဗျို့ ကိုရင်မောင် ခင်ဗျားကလေးငိုနေပြီဗျ အိမ်ပြန်ပြီးကလေးထိန်းလိုက်အုံးလို့ အော်တယ်တဲ့ ။ ညနေအလုပ်ကပြန်ရောက်ရင် မိသားစုညနေစာစားသောက်ပြီးတော့လမ်းလျောက်လည်းထွက်ကြတယ်တဲ့ ။ မြို့ လေးကလည်းသေးလွန်းတော့လျောက်စရာဆိုလို့ ဒီလမ်းမကြီးတစ်ခုဘဲရှိတယ်တဲ့ ။
ဒီလိုနဲ့ နေလာလိုက်တာ သားဦးလေး ၂ နှစ်ပြည့် လုပြည့်ခင်မှာ မမယ်မမှာ ဒုတိယကိုယ်ဝန်ရှိလာတယ်တဲ့ ။ မျော်လင့် မထားခဲ့ လို့ လင်မယားနှစ်ယောက်လုံးရှေ့ ရေးအတွက်ရင်လေးနေမိကြတယ်။ မိဘဆွေမျိုး တွေမရှိကြတဲ့ နယ်မြို့ လေးမှာ မို့ အားငယ်မိကြပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်ရင့် လာတော့မမယ်မက မိဘတွေရှိတဲ့ ရန်ကုန်မှာ သမီးလေးကို ချော့ မွေ့ စွားမွေးဖွားခဲ့ တယ်။ မီးဖွားခွင့် ပြည့်လို့ နယ်မြို့ လေးကို ဒုတိယကလေး လသားလေးကိုပိုက်ပြီး ပြန်လို့ လာခဲ့ တယ်။ အလုပ်ကနေထွက်ဖို့ လည်း စိတ်ပြင်ဆင်ထားခဲ့ ပြီ။ တွေ့ ကြုံရမယ့် အခက်အခဲ တွေအတွက်လည်းကြို စည်းစားထားပြီးပြီ။
သမီးလေးရဲ့ ကံလို့ ဘဲပြောရမလားဘဲ။ အိမ်ဘေးနားက ဒေါ်ကြီး နဲ့ သူ့ ရဲ့ သမီး လေးတို့ ကအလုပ်မထွက်ဖို့ နဲ့ သူတို့ ဒီသမီးလေးကိုထိန်းပေးမယ်လို့ ပြောလာခဲ့ တယ်။ ဒီလိုနဲ့ မမယ်မလဲအလုပ်ကမထွက်ဖြစ်ခဲ့ ဘူး။ ဒါပေမဲ့ ဘ၀အလှည့်အပြောင်းတွေ ကြောင့်  သမီး ၁ နှစ်ပြည့်ခါနီးမှာကိုရင်မောင်က ပျဉ်းမနားကိုပြောင်းဖို့ ဖြစ်လာခဲ့ တယ်။စိတ်သွားတိုင်းကိုယ်မပါတဲ့ ပြည်သူ့ ဝန်ထမ်းဘ၀မို့  မမယ်မလည်း ရန်ကုန်ကို ပြောင်းဖို့ Transfer ကျလာတယ်။
၎ နှစ်အရွယ်သားလေးနဲ့ ၁ နှစ်ရွယ်သမီးလေးနဲ့ မမယ်မတစ်ယောက်တည်းရန်ကုန်ကိုပြောင်းလာခဲရ့တယ်။ ကိုရင်မောင်လည်း မမယ်မနဲ့ ကလေးတွေကို အမအိမ်မှာထားခဲ့ ပြီးတော့ ပျဉ်းမနားကိုပြန်သွားတယ်။
Tuesday, April 13, 2010
လမ်းလျှောက်ကြမယ်ဟေ့ 
သမီးလေးကလမ်းလျှောက်တက်ပြီဆိုတာနဲ့ သူ့ အဖိုးနဲ့ အဖွားလက်ကိုအတင်းယူပြီးလျှောက်တယ်တဲ့ ။ လွန်ခဲ့ တဲ့ တစ်ပတ်လောက်ကမန်းလေးအိမ်ကိုဖုန်ဆက်တော့သမီးအန်းကုန်းနဲ့ ပြောဖြစ်တယ်လေ။ သမီးကသူ့ လက်ကိုလာဆွဲတယ်တဲ့ နောက်တော့သူ့ အဖွားလက်ကိုသွားဆွဲတယ်။ ပြောရင်းပျော်နေလိုက်တာ သမီးအန်းကုန်းက ကလေးအရမ်းချစ်တာ မားမားတို့ ငယ်တုန်းကဆိုဘယ်လောက်ဆိုးဆိုး မရိုက်ဘူး။စိတ်လည်းအရမ်းရှည်တယ်။ သမီးအန်းမကလဲဖုန်းထဲကနေ သူ့ မြေးက အဖိုးလက်ကိုသွားဆွဲပြီးရင်အဖွားလက်ကိုလာဆွဲတယ်ဆိုပြီးတော့ မားမားကိုအပြိုင်အဆိုင်ကြွားကြတယ်။
Saturday, April 10, 2010
သမီးလေးနို့ သောက်ချိန်
သမီးလေးကို ၅ လသမီးအထိအမေနို့ တစ်မျိုးတည်းကိုတိုက်ခဲ့ ပြီးနို့ ဗူးမကျင့် ခဲ့ မိလို့ ။ နာနီဆီပို့ ရာမှာနို့ ဗူးမသောက်တက်လို့ ပါးပါးမှာပူရ မားမားမှာသမီးနို့ ဗူးမသောက်လို့ ပြောတိုင်းငိုရနဲ့ ရတက်ပွေခဲ့ ရပါတယ်။ သမီးလေးက၁၁ လသမီးအထိ အမေကိုတွေ့ လို့ ကတော့ဗိုက်ဘယ်လောက်ဆာဆာအမေနို့ နဲ့ ဆန်ပြူတ်ကိုဘဲသောက်ပါတယ်။အပြင်တစ်ခါထွက်ရင် အမေနို့ နဲ့ မလောက်မှာစိုးလို့ ဆန်ပြုတ်သယ်ရ၊ရေသယ်ရ နဲ့ ပါ။ မန်းလေးပြန်ခါနီးအထိကိုအမေနို့ သောက်နေတုန်းပါဘဲ ။ ဒါပေမဲ့ ထူးဆန်းစွာဘဲ သမီးက သူ့ အန်းမအိမ်ရောက်ကထဲကအမေနို့ ဖြတ်စရာမလိုဘဲ နို့ ဗူးကိုကောင်းကောင်းစသောက်ပါတော့တယ်။
Friday, April 9, 2010
ဖွားဖွား
Thursday, April 8, 2010
ဘ၀ ချိန်ခွင်
Saturday, April 3, 2010
အိမ်ဆွဲလည်း
သမီးလေးကအခုဆိုကလေးသီချင်းလေးတွေဖွင့် ပေးရင်အရမ်းကြိုက်ပါတယ်။ သေချာကြည့်ပြီးတော့လက်လှပ်ခြေလှုပ်လိုက်လုပ်တက်နေပါပြီ။ အန်းမတို့ အိမ်မှာလည်းကလေးအသံမကြားရတာအနှစ် ၂၀ကျော်သွားပါပြီး အခှုသမီးလေးရောက်လာတော့မှအိမ်မှာစိုပြေသွားတော့တယ်။
Friday, April 2, 2010
Thursday, April 1, 2010
သမီးနဲ့ ဖွားဖွား

ပါးပါးကသမီး ၁၀ ရက်ရတော့စင်ကာပူကိုပြန်သွားတယ်လေ။ မားမားရယ်သမီးရယ် အိမ်ဖော်ကောင်မလေးရယ်က ဖွားဖွားတို့ အိမ်မကြီးဘေးကအိမ်သေးလေးမှာနေကြတယ်လေ။ ဖွားဖွားကတော့တစ်နေ့ ကိုမနက်တစ်ခါညနေတစ်ခါတော့ရောက်ရောက်လာတယ်။ ညဖက်မားမားနဲ့ အတူအိပ်ရအောင်တော့အဒေါ်ကြီးတစ်ယောက်ကိုအဖော်ခေါ်ထားတယ်။ သမီးတစ်လမပြည့်ခင်လေးပေါ့ တစ်ညသမီးကဘာဖြစ်လို့ မှန်းလည်းမသိဘဲ ကိုယ်တွေခြစ်ခြစ်တောက်ပူလာတယ်။ သမီးဖျားတော့မားမားလည်းစိုးရိမ်ပြီးဖွားဖွားကိုခေါ်လိုက်တယ်။ သမီးကလူကိုယ်ပေါ်ကကိုမဆင်းတော့ဘူး မားမား တစ်လှည့် ဖွားဖွား တစ်လှည့် အဒေါ်ကြီး တစ်လှည့် သမီးကိုချီရတာမနက်မိုးလင်းထိပေါ့ ။
Tuesday, March 30, 2010
NUH မှာတစ်ရက်တာ
Saturday, March 27, 2010
ဘ၀နေ့ ရက်များ(၄)
- မားမား .. ဟယ်လို မားမားလား။
- အန်းမ.....အေးသမီးပြော။
- မားမား......စနိုးလေးနေကောင်းလားဟင်အခုကောဘာလုပ်နေလဲ။
- အန်မ......အခုမှအစောကြီးရှိသေးတာအိပ်နေတာပေါ့ ။မနေ့ ညကအိပ်တာနဲနဲနောက်ကျသွားလို့ ။
- မားမား....သမီးကညဆိုအိပ်တာနောက်ကျလားဟင်။ ဂျီကောကျသေးလား။
- အန်းမ.....ကလေးဆိုတော့တစ်ခါတစ်လေအအိပ်နောက်ကျတာပေါ့ ။ဘာမှမဖြစ်ပါဘူး။လိမ်မာပါတယ်။
- မားမား.....မားမားပါးပါးတို့ ကောနေကောင်းလားဟင်။မားမားကောညညအိပ်မရဖြစ်သေးလား။အစာအိမ်ကောဘယ်လိုနေသေးလဲဟင်။(အခုမှမေးဖို့ သတိရတယ်)
- အန်းမ.......နင့် သမီးရောက်လာတော့မှငါလဲကလေးအိပ်တာနဲ့ အိပ်ကလေးထတာနဲ့ ထတာဘဲ။ အိပ်မရတာတွေလဲမရှိတော့ဘူး။ အစာအိမ်ကတော့သမီးတို့ စင်ကာပူကိုလိုက်ပြီးစနိုးကိုတစ်လလိုက်ထိန်းပေးကတည်းကစပြီးသက်သာသွားတယ်။
- မားမား.....စနိုးလမ်းလျောက်နိုင်ပြီလားဟင်။
- အန်းမ.....နင့် သမီးကတစ်အိမ်လုံးအနှံလျောက်သွားနိုင်နေပြီ ချစ်ဖို့ လဲအရမ်းကောင်းတာဘဲ။
- မားမား......တွေ့ ချင်လိုက်တာ တရုတ်နှစ်ကူးပြန်လာရင်ကောင်းမလားဟင်။
- အန်းမ......ပြန်မလာနဲ့ ။ အလကားစိတ်မပြတ်အောင်။ တော်တော်ကြာမှပြန်လာခဲ့ အခုလဲအားလုံးအဆင်ပြေနေတာဘဲ ။ နွေရာသီမန်းလေးကအရမ်းပူတယ် အဲ့ ဒိအခါကျရင်လိုရင်ဖုန်းလှမ်းဆက်လိုက်မယ် ။အဲ့ဒိတော့မှပြန်လာခေါ်။
- မားမား.....စနိုးကအခုဘာစားလဲဟင်။နို့ ကောသောက်လား။
- အန်းမ.....နို့ ကတော့သောက်ပါတယ်။ သူ့ ဟာသူDream Bed ပေါ်မှာအိပ်ပြီးသောက်တယ်။ နို့ ဘူးကိုကိုင်သောက်တက်နေပြီ။ Frisco ကုန်သွားရင်ဒီမှာဝယ်လို့ ရတဲ့ Gain IQ ကိုဘဲပြောင်းတိုက်လိုက်တော့မယ်။ ဆန်ပြူတ်ကတော့အရမ်းကြိုက်ဘဲ ။ အခုငါက ရွှေဖရုံသီးနဲ့ ငါး(ငါးကြင်းခြစ်ကိုရေနဲနဲနှင့် ဖျော်)မုန်လာဥနီ ၊အားလူး တစ်ခါတစ်လေငါတို့ ကြက်စွတ်ပြူတ်လုပ်ရင်အဲ့ ဒိအရေပါထည့်တယ် အဲ့ ဒါတွေနဲ့ ဆန်ပြူတ်လုပ်ကျွေးတယ်။ ရွှေဖရုံသီးကချိုလို့ လားမသိဘူးအရမ်းကြိုက်တယ်။
- မားမား......အားရင်ဂျီမေးထဲကနေသမီးပုံလေးတွေပို့ ပေးလိုက်ပါအုံး။
- အန်းမ.....အေးငါလည်းနင့် ညီမကိုပြောတယ်။ ဟောနင့် သမီးတောင်နိုးလာပြီ ။ခေါ်လိုက်ပါအုံးမားမားလို့ ။ ခေါ်လိုက်လေ ....ခေါ်လိုက်....
- စနိုး.......ပါးပါး ပါးပါး ပါးပါးပါး.....အားအား
- မားမား......အောင်မလေး ငါ့ သမီကအသံအောင်လှချည်လား။
- အန်းမ......နင့် သမီးကဖုန်းနားကပ်ပြီးသေချာနားထောင်နေတယ်။သိတာကျနေတာဘဲ။
- ၁၈၁၈......သင်မှာတစ်မိနစ်သာပြောရန်ကျန်ရှိပါတော့တယ်။
- မားမား.......မားမားတို့ တော့ကလေးနဲ့ အလုပ်များနေမှာပေါ့ ။ ပါးမားတို့ ကိုဒုတ်ခပေးသလိုဖြစ်နေပြီ။
- အန်းမ......ငါတို့ အားရပါးရမရီရတာကြာပြီပေါ့ ။ နင့် သမီးရောက်လာမှငါတို့ မှာသူကိုကြည့်ပြီးရီလိုက်ရတာ။ နင့် ညီမတောင်ပြောနေတယ် အိမ်မှာဒီလိုရီသံမကြားရတာကြာပြီတဲ့ ။ မားမားပါးပါးတို့ လဲဒီလိုရီရီမောမောမနေတာကြာပြီတဲ့ ။
Sunday, March 21, 2010
သတိရမိတယ်
နောက်တော့သမီးရဲ့ ကြီးတော်နှစ်ယောက်နဲ့ မားမားတို့ ဗေဒင်တွေသွားမေးကြတယ် ဘယ်ရက်ခွဲမွေးရင်ကောင်းတယ်ဆိုပြီးတော့လေ။ ဒေါက်တာဒဂုံ ဆီကိုေ၇ာက်သွားတော့ ဆရာက မွေးခါနီးဖွားခါနီးဗေဒင်လာမေးလို့ အံသြနေလေရဲ့ ။ ဆရာက ဒီဇင်ဘာ ၂၁ နောက်ပိုင်းက ရက် သုံးရက်ကကောင်းလို့ ရွေးပေးလိုက်ပါတယ်။ ပြီးတော့သူကဒီနေ့ ဘယ်သူ မှမဟောပေးဘူးလို့ နေတာ ဗိုက်ကြီးတစ်လုံးနဲ့ လာမေးတာတွေ့ လို့ ဟောပေးတာလို့ လဲပြောလေရဲ့ ။ ဆရာကလဲပြောသေးတယ် သမီးကောင်းလိမ်မာလိုချင်ရင်ကိုယ်ကလည်းသမီးကောင်းလိမ်မာဖြစ်ရမယ်လို့ ပြောတယ် ။ အဲ့ ဒိစကားကတော့ဗေဒင်ဟောစရာမလိုအောင်ကိုမှန်ပါတယ်။ အဲ့ ဒိလိုနဲ့ မားမားကလဲရိုးရိုးမွေးမယ်လို့ ပြောဆရာဝန်ကလည်းခွဲရမယ်နဲ့ မတင်မကျဖြစ်နေတုံး ။ ပန်းလှိုင်မှာအက်ထရာဆောင်းရိုက်ဖို့ သွားဖြစ်တော့ အဲ့ ဒိကဆရာမက သမီးဟာ ၇ ပေါင်ခွဲအနဲဆုံးရှိနေပြီဖြစ်ကြောင်းပြောလာပါတယ်။ ဆရာဦးမြင့် မောင်မောင်ကပါးပါးရဲ့ အကို ကလေးသုံးယောက်လုံးကိုသူနဲ့ ဘဲမွေးခဲ့တာမို့ စိတ်ချရတယ်လို့ ဖွားဖွား(ပါးပါးရဲ့ မားမား)ကလည်းပြောလာတာနဲ့ ခွဲမယ်လို့ ဆုံးဖြစ်မိသွားပါတယ်။ ဆရာဦးမြင့်မောင်မောင်က မွေးနေ့ ကိုဘဲရွေးခွင့် ရှိပြီးမွေးရက်ကိုရွေးခွင့် မရှိလို့ မားမားကဂျူးဒိတ်နဲ့ အနီးဆုံးဖြစ်အောင်Monday ကိုရွေးမယ်လို့ စည်းစားထားတယ် ။ အဲ ဒိနေ့ ကဆရာ့ ကိုသွားပြတော့မားမားရဲ့ လင်ညီအမလို့ ဘဲခေါ်မလား(ပါးပါးအကိုရဲ့ မိန်းမ)မသီတာကလိုက်ပို့ ပေးတယ် မားမားနဲ့ နှစ်ယောက်ပေါ့။ မားမားက မန်းဒေးလို့ ပြောတော့ဆရာက ဒီဇင်ဘာ ၈ ရက်ကိုေ၇ွးတယ် မားမားနဲ့ ဈေးဆစ်ရပြန်ရောအဆူခံထိပြန်ရော မားမားကသမီးကိုတက်နိုင်သမျှဂျူးဒိတ်နဲ့ နီးပြီးမွေးချင်တယ် ။ အိမ်ပြန်ရောက်တော့မားမားလေတစ်ညလုံးအိပ်လို့ မပျော်ဘူး သမီးအတွက်စိတ်ပူလွန်းလို့ ရင်တွေပူပြီးအိပ်လို့ မရတာလေ မားမားမအိပ်နိုင်တော့သမီးဖွားဖွားလဲမအိပ်နိုင်ဘူး။ မားမားကိုနှစ်သိမ့် တယ် အားလုံးအဆင်ပြေသွားမှာပါလို့ ။ မနက်မိုးလင်းတော့မားမားအိမ်ကဘယ်သူ့ ကိုမှအသိမပေးဘဲ ဆရာ့ အိမ်ကိုဖုန်းလှန်းခေါ်တယ် ခွဲမဲ့ ရက်ကို wednesday ပြောင်းလို့ ရလားပေါ့ သမီးလေးအတွက် တစ်ရက်နှစ်ရက်ကလည်းအရေးကြီးတယ်လို့ ထင်မိလို့ ပါ။ ဒါပေမဲ့ သူတို့ ကမေ့ ဆေးဆရာဝန်တွေ ကလေးဆရာဝန်တွေနဲ့ အကုန် ဒိတ်ယူပြီးသွားပြီလို့ ပြောတယ်။ မားမားဘာတက်နိုင်အုံးမှာလဲ။
Wednesday, March 17, 2010
လွမ်းစာ(၂)
မားမားနဲ့ ပါးပါးသတိရစွာဖြင့်စာရေးလိုက်ပါတယ်။ အခုတစ်လောရာသီပြောင်းလို့ သမီးဖျားဖျားနေတယ်ဆို စင်ကာပူမှာတုန်းက stoamach flu တစ်ခါဖြစ်ရုံကလွဲရင်ဒေါင်ဒေါင်မြည်နေတဲ့ သမီး အခုတော့မချူချာလေးဖြစ်နေပြီနော်။ မန်းလေးရောက်ခါစတုန်းက နို့ ဘူးကောင်းကောင်းစို့ လို့ မားမားနဲ့ ပါးပါးမှာဝမ်းသာလိုက်ရတာ အခုတော့တစ်နေ့ သုံးကြိမ်စို့ တဲ့ နို့ ဘူးတောင်တစ်ခါတစ်လေမကုန်ဘူးဆို။ အဲ့ ဒါကြောင့် သမီးအတွက်ထပ်ပြီး Philip ကသုံးဘက်စို့ လို့ ရတယ်ဆိုတဲ့ နို့ ဘူးရယ်၊ နို့ သီးခေါင်းသုံးမျိုးပါတဲ့  Piegon တံဆိပ်နို့ ဘူးရယ် ကိုဝယ်ပြီး သပြေနုကနေပို့ လိုက်တယ်နော် သမီးလေးနို့ ပြန်စို့ ပါစေကွယ်။ သမီးအခုလမ်းတောင်လျောက်တက်နေပြီဆို တွေ့ ချင်လိုက်တာသမီးရယ်။ စင်ကာပူမှာရှိတုန်းကသူများကလေးတွေ ( The Queen, မင်းရဲ ) လမ်းလျှောက်နိုင်တာကိုတွေ့ရင်သမီးကိုလည်းလမ်းလျောက်စေချင်တာအရမ်းဘဲ။ အခုမားမားမှာဖုန်းဆက်ရင် ကိုယ့် အမေအဖေကိုနေကောင်းလားလို့ အရင်မမေးဘူး သမီးကောဟင်ဘာလုပ်နေလဲနေကောင်းရဲ့ လားနဲ့ အဲ့ ဒိလို ကျေးဇူးဆပ်တာ။ သမီးမန်းလေးရောက်သွားတော့ပါးပါးနဲ့ မားမားစင်ကာပူမှာဘယ်လို နေကျလဲဆိုသမီးကတော့သိချင်နေမှာဘဲနော်။ သမီးရေ အပျင်းရောဂါရနေတယ်လို့ ဘဲပြောရမှာပါဘဲ။ သမီးကိုပြန်မပို့ ခင်တုန်းကတော့လင်မယားနှစ်ယောက် သမီးမရှိတုန်းဟိုသင်တန်းတက်မယ်ဒီသင်တန်းတက်မယ် ဆိုတာလဲအခုတော့ဘာမှလည်းမတက်ဖြစ်ဘဲ လယ်လယ်ဘဲထွက်ဖြစ်နေတယ်။ သမီး တွေ့ ပုချီနော်။ မားမားနဲ့ ပါးပါးလဲအခုမှ ဂျလန်းဂျလန်း လုပ်နိုင်လို့ ပါသမီးရယ်။ သမီးလည်းမန်းလေးမှာလိမ်မာနေနော် ကျန်းမာရေးလဲဂရုစိုက် နို့ လည်းတစ်ဘူးကုန်အောင်စို့ နော် ။ ဆန်ပြုတ်ကတော့ သမီးအရမ်းကြိုက်တယ်ဆိုတဲ့ အကြောင်းအန်းမကအမြဲပြောလို့ ဝမ်းသာရပါတယ်။
လွမ်းနေတဲ့ 
ပါးပါးနဲ့ မားမား
Wednesday, February 24, 2010
ဘ၀နေ့ ရက်များ(၃)
အခုတစ်လောကလေးမရှိလို့ အားနေတုန်း မန်းလေးအိမ်ကပါလာတဲ့ သိုးမွေးအဟောင်းလေးတွေနဲ့ သမီးအတွက်လက်ရှည်အင်္ကျင်္ီထိုးပေးဖြစ်ပါတယ်မထိုးတာကြာလို့ လက်ရာတော့သိပ်မကောင်းပါဘူးဒါပေမဲ့ သမီးလေးအတွက်ပေးချင်ပါတယ်။