Thursday, August 20, 2009
နာနီအိမ်
ပါးပါးရောမားမားပါအလုပ်ထဲရော၊ အသိမိတ်ဆွေ၊ ဆွေမျိုးများနှင့် တွေ့ သောအခါတွင်ပါသေချာပေါက်အမေးခံရတဲ့မေးခွန်းကတော့ ကလေးကိုဘယ်သူထိန်းနေသလဲဆိုသောမေးခွန်ဘဲဖြစ်ပါတယ်။ လူအမျိုးမျိုးဘ၀အထွေထွေမို့ သမီး ၅ လမှစပြီး နာနီ အိမ်သို့ သမီးအပို့ ခံလိုက်ရပါသည်။ သူများကလေးတွေကိုဘိုးဘိုးဘွားဘွားများကထိန်းကျောင်းကြကြောင်းသိရသောအခါများစွာအားကျမိပါရဲ့ ။ ကံကိုလည်းရိုးမယ်ဖွဲမိပါရဲ့ ။ သမီးကား မနက်ဆို ရင် Mdm Lim အိမ်သို့  သွား ရပြီး ညနေ မားမား လာကြို မှအိမ်သို့ ပြန်ရပါသည်။ သမီအားထိုသို့ နာနီအိမ်ပို့ ခြင်းနှင့် ပတ်သတ် ပြီး သူသူအများတုန့် ပြန်ပုံလည်းမတူကြပါ။ အလုပ်ထဲမှ စလုံးများကတော့ သိသိခြင်း နာနီအားဘယ်ဈေးပေးရကြောင်းသတိတရမေးကြသည်။ ထို့ နောက်နဲကြောင်းများကြောင်း ဈေးမှန်ကြောင်းပြောကြသည်။ လုပ်ဖော်ကိုင်ဖက်၊ အသိမိတ်ဆွေ မြန်မာများကတော့ ပထမဦးဆုံး သမီးကိုသနားလှကြောင်း ပြောကြသည်။ စိတ်ပူကြသည် တွေ တိုင်းလည်း နာနီအိမ်တွင် က လေးအဆင်ပြေ မပြေကို သတင်းမေးကြသည်။ ယခုအချိန်ထိတော့အဆင်ပြေကြောင်းနှင့် အခွင့် သင့် လျှင် သမီးအားပြည်တော်ပြန်စေမည့် အကြောင်းမျာပါ ရှည်ရှည်ဝေးဝေးပြောမိပါသည်။
Subscribe to:
Post Comments (Atom)

1 comments on "နာနီအိမ်"
ခေတ်ကို က ဒီလိုပဲ ဖြစ်လာတာပေါ့နော်.. အလုပ်လုပ်ရတဲ့ ကလေးအမေတွေ ဘ၀က တကယ်သနားဖို့ကောင်းတယ်.. ကိုယ့်ကလေးကို ရင်အုပ်မကွာထားချင်တာပေါ့.. သူများနဲ့ ဘယ်စိတ်ချပါ့မလဲနော်.. ဒီမှာလည်း တော်တော်များများ ကလေးတွေက မွေးပြီးတာနဲ့ day care ရောက်ကြတာများတယ်.. မိဘ ၂ ယောက်လုံး အလုပ်လုပ်မှ အဆင်ပြေမယ့် ခေတ်ဆိုတော့လေ.. ကလေးမမွေးခင် ဗိုက်ထဲမှာကတည်းက day care မှာ တန်းစီရတယ်.. သမီးလေးက နာနီနဲ့ အဆင်ပြေတယ်ဆိုတော့ ၀မ်းသာစရာပဲ..
Post a Comment