Sunday, August 23, 2009
Thursday, August 20, 2009
နာနီအိမ်
ပါးပါးရောမားမားပါအလုပ်ထဲရော၊ အသိမိတ်ဆွေ၊ ဆွေမျိုးများနှင့် တွေ့ သောအခါတွင်ပါသေချာပေါက်အမေးခံရတဲ့မေးခွန်းကတော့ ကလေးကိုဘယ်သူထိန်းနေသလဲဆိုသောမေးခွန်ဘဲဖြစ်ပါတယ်။ လူအမျိုးမျိုးဘ၀အထွေထွေမို့ သမီး ၅ လမှစပြီး နာနီ အိမ်သို့ သမီးအပို့ ခံလိုက်ရပါသည်။ သူများကလေးတွေကိုဘိုးဘိုးဘွားဘွားများကထိန်းကျောင်းကြကြောင်းသိရသောအခါများစွာအားကျမိပါရဲ့ ။ ကံကိုလည်းရိုးမယ်ဖွဲမိပါရဲ့ ။ သမီးကား မနက်ဆို ရင် Mdm Lim အိမ်သို့  သွား ရပြီး ညနေ မားမား လာကြို မှအိမ်သို့ ပြန်ရပါသည်။ သမီအားထိုသို့ နာနီအိမ်ပို့ ခြင်းနှင့် ပတ်သတ် ပြီး သူသူအများတုန့် ပြန်ပုံလည်းမတူကြပါ။ အလုပ်ထဲမှ စလုံးများကတော့ သိသိခြင်း နာနီအားဘယ်ဈေးပေးရကြောင်းသတိတရမေးကြသည်။ ထို့ နောက်နဲကြောင်းများကြောင်း ဈေးမှန်ကြောင်းပြောကြသည်။ လုပ်ဖော်ကိုင်ဖက်၊ အသိမိတ်ဆွေ မြန်မာများကတော့ ပထမဦးဆုံး သမီးကိုသနားလှကြောင်း ပြောကြသည်။ စိတ်ပူကြသည် တွေ တိုင်းလည်း နာနီအိမ်တွင် က လေးအဆင်ပြေ မပြေကို သတင်းမေးကြသည်။ ယခုအချိန်ထိတော့အဆင်ပြေကြောင်းနှင့် အခွင့် သင့် လျှင် သမီးအားပြည်တော်ပြန်စေမည့် အကြောင်းမျာပါ ရှည်ရှည်ဝေးဝေးပြောမိပါသည်။
Friday, August 7, 2009
မိဘတွေရဲ့ အပူ
ကိုရွက်လွင့်ခြင်းရဲ့  ဘလောက်မှာရေးတာကို တွေ့ ပြီး သမီးလေးအတွက် နောင်ရေးစိတ်ပူရတာတွေကိုရေးလိုက်မိပါတယ်။
၁။ မြန်မာစာမဖတ်တတ်မှာ( စကားကတော့ အိမ်မှာအမြဲတမ်းပြောနေမှာမို့ စိတ်မပူပါ)
၂။ လူမျိုးခြားသူငယ်ချင်းတွေနဲ့ မ ပေါင်းတက်မှာ
၃။ မိဘတွေကအမြဲတမ်းအလုပ်ထဲမှာမို့ သမီးကို ကိုယ်ဖိရင်ဖိ မဆုံးမနိုင်မှာ
၎။ သမီးအမြဲတမ်းအထီးကျန် ဆန်နေမှာ
၅။ တစ်ချိန်မိဘတွေပြည်တော်ပြန်ရင် သမီးမြန်မာနိင်ငံ ရဲ့  ရာသီဥတု တွေ နေ ထိုင်မှု ပုံစံတွေကို လက်မခံနိုင်မှာ။

Tuesday, August 4, 2009
Subscribe to:
Comments (Atom)