စင်ကာပူရောက် လို့ တစ်ပတ်ပြည့်တဲ့ နေ့ တစ်နေ့ မားမားကလည်း နေမကောင်းလို့ အလုပ်ကခွင့်ယူထားချိန် နေ့ လည်ခင်းသမီး အခန်းထဲက စာကြည့်စားပွဲကိုတက်ဖို့ ကြိုးစားတာ အကြိမ်မနဲတော့ဘူး မားမားလည်း သမီးကိုမတက်ဖို့ ဆွဲချရင်းနောက်ဆုံးစိတ်မရှည်လို့ တက်ချင်တက်ကွာလို့ ပြစ်ထားမိတယ်။ ဆေးအရှိန်ကြောင့်မားမားခဏငိုက် သွားတုန်း ၀ုန်း ဆိုတဲ့ အသံကြောင့် နိုးလာတော့။ သမီးက ကြမ်းပြင်မှာပုံပုံလေးဖြစ်နေတယ်။ သမီးလေ ငိုလိုက်တာကွယ်...
မေးစေ့ လေး နီသွားတယ်။ မားမားလည်း ၂ နာရီလောက်သမီးကိုအဆက်မပြတ်ချီပြီးလမ်းလျှောက်လိုက်ရတယ်။ သမီးကြိုက် တဲ့ ကျောက်ကျောအမဲဘူးကို အေးအေးလေးနဲ့ သမီးကိုကျွေးတော့ သမီး ပါးစပ်နာသက်သာသွားတယ်။ သမီး အန်းကုန်း နဲ့ အန်းမ ခရီးကပြန်ရောက်လာတော့ မားမားအဆူခံရတော့တာပေါ့။ ငါတို့ တစ်နှစ်ကျော်ထိန်းတာ ဘာအပွန်းအပဲမှမရှိဘဲ နင့် ကို ၃ ရက်လောက်ထိန်းခိုင်းတာနဲ့ ဖြစ်ရလားဆိုပြီးတော့လေ။ သမီးပါးပါးကလည်းဆူတယ် ...
စင်ကာပူရောက်ပြီး သုံးပတ်အကြာ သမီးကျောင်းကအပြန် နေပူခံလိုက်ရလို့ ဘဲလား။ ကျောင်းကဘဲရောဂါကူးလာတာလား။ မားမားဆီကဘဲ ချောင်းဆိုးကူးသွားတာလား။ ရာသီအပြောင်းကြောင့်ဘဲလား။ ဘာကြောင့်ရယ်မသိ ကိုယ်ပူချောင်းဆိုးပါတော့တယ်။ ညကောင်းကောင်းမအိပ်တော့ပါ လူကပ်နေပါတော့တယ်။ သားသမီးတွေ ကျန်းကျန်းမားမာပျော်ပျော်ရွင်ရွင် ဆိုရင်မိဘတွေ စိတ်ချမ်းသာရပါတယ်.........