
သံယောဇဉ်ဆိုတာမျိုးက ရစ်တွယ်နှောင်ဖွဲ့ တက်တာမျိုးမို့  သမီးလေး ဟာအခုချိန်မှာတော့ တစ်အိမ်လုံးရဲ့ အချစ်တော်လေးဖြစ်နေပါပြီ။ သမီးကအရင် ကလို ညအိပ်ရာဝင်ရင် ပါးပါးတစ်လှည့် မားမားတစ်လှည့် ချီပြီးချော့သိပ်ဖို့ မလို တော့ပါဘူး ။ အဖိုးအဖွားတွေထိန်းတာတော်တယ်လို့ ဘဲပြောရမလား ည သမီးအိပ်ချိန်လောက်ဆို အန်းကုန်းက အခန်းမီးတွေကိုပိတ်လိုက်တယ် ခြင်ထောင်ချပြီး သမီးကိုကုတင်ပေါ်တင်လိုက်ရုံဘဲ သမီးကကိုယ့် ဟာကိုယ်ကုတင်ပေါ်မှာလှိမ့် ရင်း အိပ်တက်နေပြီ။
မနက်အိပ်ရာထရင်လည်း ကုတင်ပေါ်ကနေ အန္တရယ်ကင်းကင်းဆင်းတက်ပြီ။
နေ့ ခင်းဘက် နို့ ဗူးသောက်ချိန်ဆို ရင်လည်း Dream Bed ပေါ်ကိုယ်တိုင်တက်ပြီးစောင့်တက်နေပြီ ။ ညဘက် နို့ ဗူးသောက်ချိန်ဆို ရင်လည်း သူ့ အဖိုးအဖွားကုတင်ပေါ် တက်ပြီးစောင့်တက်နေတယ်လေ။ သနပ်ခါးကိုတော့ကြိုက်မှကြိုက်ဘဲ ငြိမ်ပြီးတော့အလိမ်းခံတယ်။ သမီးကိုလှလှလို့ ပြောလိုက်တာနဲ့ မှန်ရှေ့ ရောက်ပြီးသားဘဲ။ ဘီးကုတ်ကိုလဲအရမ်းကြိုက်တယ် သူ့ အဒေါ်ဘီးကုတ်ကို လဲခဏခဏပြန်ပေးဆွဲတယ် အိမ်ကကောင်မလေးကတစ်ရက် ဘီးကုတ်ပန်လာမိတာ သမီးကယူပြီးပန်တယ်လေ ပြီးတော့ပြန်မပေးပါဘူးလုပ်နေလို့ ...။ သမီးကိုဘောင်းဘီဝတ်ပေးရင်လည်း ခြေထောက် ကိုတစ်ဖက်ခြင်းမြောက်ပေးတက်နေပြီ။ သီချင်း ဆိုတာဝါသနာပါမပါမသိ အခုတော့ တွေ့ တဲ့ ရှည်ရှည်အချောင်းတိုင်း ကို မိုက်လုပ်ပြီးသီချင်းဆိုတော့တာဘဲ...။ ပုဇွန်ဆိတ် တိုင်းကစားရင်သူ့ လက်သူစိတ်ပြီး 'ချိတ် ' ဆိုအော်ပြီးသူ့ လက်သူဖြုတ်တာ...။ ကြက်ပျံ ငှက်ပျံ တိုင်းလည်းကစားရတာပျော်တယ် သူ့ လက်ကလေးကိုမြောက်မြောက်ပြီး ပြုံးနေတာဘဲ...။ သမီးအကြိုက်ဆုံး ကစားနည်းကတော့ အိမ်ကလူတွေ တစ်ယောက်ပြီးတစ်ယောက်ကို နံရံမှာ မှီပြီးရပ်ခိုင်းတယ် အနဲဆုံး ၃ယောက်မှ အများဆုံး ၅ ယောက်ထိပေါ့ သူကတစ်ယောက်ခြင်းဆီကိုခေါ်ပြီး ရပ်ခိုင်းတာနော် နောက်လူစုံသွားပြီဆို လက်ခုန်တစ်ခါတီးတယ် သူကတစ်ယောက်ခြင်းဆီကို လက်ဆွဲပြီးပြန်ဖယ်တယ် နောက်လက်ခုတ်တီးပြီးရီတာ ခိုးခိုးခစ်ခစ်တောင်မြည်လို့ .......(အဲ့ ဒိကစားနည်းမဟုတ်တဲ့ ကစားနည်း သူ့ ကိုဘယ်သူမှမသင်ပေးဘူး သူ့ ဟာသူ ဘာစိတ်ကူးပေါက်လည်းမသိဘူးအဲ့ ဒိလိုကစားတာ)။
သမီးလေးဖျားတုန်းက အိမ်နားကဆေးခန်းမှာသွားပြတော့ အန်းမကသမီးကိုချီလို့ အန်းကုန်းက စိတ်ပူနေတဲ့ ပုံနဲ့ ပေါ့လေ။ ဆရာဝန်က တစ်ပြုံးပြုံးနဲ့  အန်းမကိုတစ်လှည့်ကြည့်လိုက် အန်းကုန်းကိုတစ်လှည့်ကြည့်လိုက်နဲ့ ပေါ့။ အန်းမကလည်း ဆရာဝန်ကမမေးဘဲ နဲ့ ဒါမြေးမလေးပါရှင်လို့ ပြောရအောင်ကလည်း....့။