Tuesday, September 29, 2009
Monday, September 28, 2009
မဟုတ်ရပါ
သမီးစနိုး ၅လအထိ မားမားအိမ်တွင်းပုန်းနေလို့ ကိုယ့် ကိုယ်ဆင်ခန္ဓာဝက်ကိုယ်လုံးဖြစ်နေတာကို သတိမမူမိပါ။ အလုပ်ပြန်လုပ်မိမှဘဲ ပတ်ဝန်းကျင်နဲ့ ပြန်ပြီးဆက်စပ်မိလို့ ကြားရတဲ့ စကားလုံးများကတော့ နားမချမ်းသာစရာပါ။
ဟိုတစ်နေ့ ကအစ်ကိုဝမ်းကွဲကသူ့ အိမ်မှာ 7Month Festival(ချစ်ရေပွမ်) ရှိလို့ မိသားစုသွား လည်တာ။ ယောင်းမက မတွေ့ တာကြာလို့ နောက်တစ်ဗိုက်လားလို့ အမေးခံရတယ်။ မဟုတ်ပါကြောင်းရှင်းပြနေတုန်း ၊ ညီမ၀မ်းကွဲတစ်ယောက်က ဟုတ်တယ် တော်တော်ပူနေတယ်နော် လို့ ပြောနေတုန်း ၊ ပါးပါးကပါ ဟုတ်တယ် ၀ီိတ်ချဖို့ သင့်ပြီလို့ ဝင်ပြီးထောက်ခံပြန်တယ်။
အဲဒိလိုအဖြစ်အပြတ်တွေဖြစ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တုန်း ။ တစ်ရက်မားမားတို့ အလုပ်ကို လာတဲ့ Supplier တစ်ယောက်က နင်ဗိုက်ကြီးနေတာလားတဲ့ ။ မဟုတ်ရပါလို့ ပြောတော့ အခါခါတောင်းပန်ပြီးမှပြန်သွားတယ်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန် တော့ လုပ်လို့ ဖြစ်မှာလား။ အဲညနေသမီးကိုနာနီအိမ်သွားကြိုတော့ မားမားသမီးကိုလှန်းချီလိုက်ပြီးခါးကိုနဲနဲကော့ လိုက်တော့ ။နာနီကတစ်ခါ နောက်တစ်ဗိုက်လားတဲ့ ။ မဟုတ်ရပါလို့ ပြော နေတာတောင် တော်တော်ပူနေတုန်းဘဲနော် လို့ ထပ်ပြီးရစ်လိုက်သေးတယ်။
ဒီနေ့ လဲတစ်ခါ အလုပ်ကမားမားရဲ့  Colleague က နောက်တစ်ဗိုက်လားလို့ ထပ်မေးပြန်တယ်။ အနာပေါ်ဒုတ်ကျတာလောက်နာတာမရှိဘူး ။ အခုတော့ ကိုယ်ကိုယ် ပုံပျက်နေတာကိုဝန်မခံချင်ဘဲကိုမရတော့ဘူး။ အရင်ပေါင် ၁၀၀ ကနေ ၁၂၈ ပေါင် ဖြစ်နေကထဲကိုက အဖြေကရှင်းနေတာကို။ ဒါပေမဲ့ဘာဖြစ်လို့ နောက်တစ်ဗိုက်လားဆိုတာကိုမေးမေးနေရတာလဲသိဘူးနော်။ တော်တော်ဝနေတယ်လို့ ပြောရမှာအားနာလို့ လားဟင်။

သမီးမမွေးခင်တုံးကဘုရားစူးပိန်ပိန်လေးပါ
Friday, September 18, 2009
တစ်ရက်တာ
ချက်ချက်ချက်ချက်..........(နာရီလက်တံမှအသံ)
မနက်၎နာရီလား၅နာရီလားမသိမှောင်နှင့် မဲမဲမှာ
စနိုးအားနို့ ထတိုက်ရပြီ။
ချက်ချက်ချက်ချက်..........
မနက်၇နာရီ
အား...အိပ်ရာထနောက်ကျပြန်ပြီမားမားအိပ်ရာကထပြီကမန်းကတန်းကြည့် လိုက်တော့ ပါးပါးအလုပ်သွားဖို့ အဆင့်သင့် ဖြစ်နေပြီ။ ကိုယ်ကဘာမှမလုပ်ပေးနိင်တဲ့ အပြင်သူကတောင်မိန်းမအတွက်Breakfast လုပ်ပြီးစားပွဲပေါ်တင်သွားသေးတယ်။ အမြန်ထမင်းအိုးတည်မှ။ စနိုးကိုလည်းရေတိုက်ဦးမယ်။ အလုပ်ကိုဘာဟင်းထည့် သွားရင်ကောင်းမလဲ မထူးပါဘူး ရွေကြက်ဥကိုဘဲရွေးလိုက်တော့မယ်။ ကဲလာလိုက်အုံးဟဲကြက်ဥကြော်။
ချက်ချက်ချက်ချက်........
မနက်၈နာရီထိုးလုထိုးခင်
သမီးကိုDiaperလဲရအုံးမယ်။ထမင်းဘူးလည်းထည့်ပြီးသွားပြီ။နာနီအိမ်ကိုသွားကြမယ်ဟေ့။ အလုပ်ထဲမှာလဲထမင်းဘူးနဲ့ ဆိုလို.့ ကိုယ်ဘဲရှိတယ် ။ တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှမမြင်ဘူးလို့ အလုပ်ထဲမှာမားမားထမင်းစားတာကို လုပ်ဖော်ကိုင်ဖက်နှင့်သူဌေးပါမကျန် တအံတသြံ ဖြစ်နေကြလေရဲ့ ။
ချက်ချက်ချက်ချက်.....
မနက်၁၀နာရီခန့် 
အိပ်ချင်နေပါတယ်ဆိုပါမှနာနီMdm Limကဇွတ်နို့ ဖျော်ပြီးတိုက်နေတယ်။ ညကအိပ်တာနောက်ကျတယ်လေ ၁၂နာရီပတ်ဝန်းကျင်ပေါ့ ။ အိမ်ရောက်တာနဲ့ တန်းပြီးဆော့ တာ ညအထိဘဲ။ ဒါတောင်မားမားနဲ့ ပါးပါးတစ်ယောက်တစ်လည့် စီ ချီပြီးသိပ်လို့ သနားတာ နဲ့ အိပ်လိုက်ရတာ။ မနက်တုံးကလည်းဝေလီဝေလင်းကြီးမားမားဆီမှာနို့ မှိန်းမှိန်းလိုက်သေးတယ်။ အိပ်ချင်တယ်မရတော့ ဘူး။ Mdm Lim ကသမီးပြောလဲနားမလည်မဲ့ အတူတူတော့ ငိုပြမှဖြစ်တော့ မယ်။
ချက်ချက်ချက်ချက်....
ညနေ ၅နာရီဝန်းကျင်
နာနီ အိမ်မှာစားလိုက်အိပ်လိုက်နဲ့ ညနေတောင်ရောက်နေပါပကောလား။ မားမားလာကြိုတော့မယ်။ နာနီအိမ်မှာဆိုရင်သူက Safety First ဆိုပြီးသမီးကို ကလေးကုတင်ထဲ ထည့် ထည့် ထားတယ်။ ကျဉ်းလိုက်တာဘယ်လို မှဆော့ ရတာအဆင်မပြေဘူး။ မထူးပါဘူးဆိုပြီးအိပ်ကြီးဘဲနေလိုက်တယ် အစာစားချိန်ကလွဲရင်ပေါ.။
ချက်ချက်ချက်ချက်....
ညနေ ၅နာရီခွဲတိတိ
မားမားအလုပ်စားပွဲတွင်ဆိုင်းဝိုင်းလို အလုပ်များကို ဘုံတီးနေရတယ်။ ဒါတောင်အချိန်လုပြီးBlog ကိုအလုပ်ထဲမှာရေးလိုက်သေးတယ်။ အိမ်မှာဆို ဒိထက်ပိုအလုပ်ရှပ်လို့ ။
ချက်ချက်ချက်ချက်...
ညနေ ၆နာရီခွဲခန့် 
လူလည်းမျေက်ဖြူဖြစ်ဖြစ်မလား၊ ကုလားဘဲဖြစ်မလားမသိ။ Constructionဆိုတာကလဲသိတဲ့ အတိုင်း နေပူပူမှာဖုံတလူးလူးနဲ့ လေ။ စင်ကာပူရဘ၀ စားစရာမရှိရင်တောင်ပေးစရာတော့ ရှိရမယ်။ Giro Deduction ဆိုတာကြီးက ခေတ်သစ်ချစ်တီးလို့ ခေါ်ရလောက်အောင်ကြောက်ဖို့ ကောင်းတယ်။ လဆန်းကတည်းကဟိုဖြတ်ဒီဖြတ်နဲ့ လကုန်လို့ ပိုက်ပိုက်ကုန်သွားတာတောင်သူကဖြတ်လို့ မကုန်သေးဘူး။ အဲဒိလိုအချိန်ဆိုရင်နောက်လဆန်းကျရင် အနီရောင်စာရွက်လေးတွေတန်းစီပြီအိမ်ကိုရောက်လာပြီ။ ဖြတ်လေးဖြတ်လုပ်မယ်ဆိုတဲ့ ချိန်းခြောက်စာတွေပါ။ စင်ကာပူ မှာကလည်း တစ်လယူထားတဲ့ ဖုန်းကြွေးကနေ အနှစ် ၂၅၊၃၀ ယူထားတဲ့  အထိအကြွေးပေါင်းစုံဆပ်လို့ မကုန်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်အောင်လို့ ကိုယ်ကစခဲ့ တာမို့ ဘယ်သူကိုအပြစ်တင်လို့ မဖြစ်နိုင်ပါ။ အခုတော့ ကြွေးဟောင်း(မိဘ)ကိုလည်းဆပ် ကြွေးသစ်(သားသမီး)ကိုလည်းချနိုင်ဖို့ ကြိုးစားပြီးအလုပ်လုပ်ရအုံးမယ်။
ချက်ချက်ချက်ချက်.......
ညနေ၇နာရီ
မားမားနဲ့ သမီးအိမ်ကိုပြန်ရောက်ပြီ။ သမီးရဲ့ Diaper ကိုဖြုတ်လိုက်တယ်။တစ်နေကုန်အောင်ဒီဟာကြီးဝတ်ထားရတာ။ မားမားတို့ ကသက်သာသလောက်သမီးကတော့ သက်သာမည်မဟုတ်။ တစ်နေ့ ကိုတစ်နာရီကျော်ကျော်လောက်သမီးကို Diaper မ၀တ်ဘဲ ဒီအတိုင်းထားလိုက်တယ်။ ၇နာရီဆိုတော့ Channel U မှာကိုရီယားကားလာပြီပေါ့ ။ သမီးကိုထိန်းရင်းနဲ့ ကိုရီးယားကားလေးကိုငန်းရတာဘယ်လိုအရသာရှိမှန်းမသိဘူး။အော်ဒီလိုကျတော့ လည်းစင်ကာပူမှာနေရတာမစိုးပါဘူး။ ကိုရီးယားကားကြည့် ရသား။
ချက်ချက်ချက်ချက်.....
ညနေ၈နာရီ
ကိုရီယားကားလည်းပြီးသွားပြီ။ အခုထိရေမချိုးရသေဘူး။ တော်သေးတယ်ညနေစာတောင်အလုပ်ကအပြန်သမီးကိုသွားမကြိုခင်အပြေးအလွားစားထားလို့ နို့ မို့ ဆိုရင်တော့ငတ်ပြီဆရာဘဲ။ သမီးကစူစမ်းတဲ့ အရွယ်ဆိုတော့ တစ်ယောက်ထဲလွတ်မထားရဲလို့ ပေါ့ ။ ဟောပြောရင်းဆိုရင်း သမီးရှးပေါက်ချလိုက်ပြန်ပြီ။ ဒါနဲ့ ပါဆိုရင်နှစ်ခါရှိပြီရှးပေါက်ချတာ။ အလုပ်ထပ်အရှပ်မခံနိုင်တော့ဘူး Diaper ၀တ်ပေးလိုက်တော့မယ်။
ချက်ချက်ချက်ချက်.....
ည၉နာရီမတ်တင်း
ပါးပါးအလုပ်ကနေအိမ်ပြန်ရောက်ပါပြီ။ ဖုန်တွေသဲတွေနဲ့ မို့ တစ်ခါတည်းရေချိုးခန်းတန်းဝင်ပြီးရေချိုးလိုက်တယ်။ ပြီးတာနဲ့ စာစာနဲ့ မားမားပြင်ပေးထားတဲ့ ထမင်းနဲ့ဟင်းကိုအသကုန်လွေးလိုက်တယ်။ ပြီရင်မားမားနဲ့ Duty ချိန်းလိုက်တယ် မားမားရေချိုနိုင်ပြိပေါ့ ။
ချက်ချက်ချက်ချက်....
ည၁၀နာရီ
Blog ကိုဟိုကြည့်ဒီကြည့်ပြီးတာနဲ့ ပါးပါးကမောမောနဲ့ အိပ်နေပြီ။ အိမ်ပြန်လာကထဲကကိုယ့် ယောကျာင်္းနဲ့ စကားတောင်ကောင်းကောင်းမပြောလိုက်ရဘူး။ ညနေထမင်းအတူမစားရတာလဲကြာပြီ ။ အမေ အဖေ ထမင်းအတူစားတာတွေရင်စနိုးလဲပျော်ပြီးဟိုဆွဲဒီဆွဲလုပ်ကတည်းကအတူမစားဖြစ်တာ။
ချက်ချက်ချက်ချက်......
ည၁၁နာရီ
အိပ်ပျော်အောင်အိပ်နေပေမယ့်လည်း အခန်းအပြင်ကမားမားရဲ့ ညည်းသံကိုကြားနေရတယ်။ ဘာတဲ့ သူအားကုန်နေပါပြီတဲ့ ဆက်ပြီးမထိန်းနိုင်တော့ပါဘူးတဲ့။ သိပ်မကြာပါဘူး မားမားရဲ့ သြကာသ ဘုရားရှိခိုးသံကိုကြားရပြီ။ သူကဒီလိုဘဲတစ်ချက်ခုတ်နှစ်ချက်ပြတ် ကလေးသိပ်ရင်းဘုရားရှိခိုးနေကျ။ သမီးလေးကဒါမှဆက်မအိပ်သေးရင် မားမားရဲ့ ခြေလှန်းတွေသိုင်းကွက်နင်းနေမှာကိုလဲမြင်ယောင်မိပါရဲ့ ။
ချက်ချက်ချက်ချက်....
ည၁၂နာရီ
မားမားထောင်းသွားပြီ။ ပါးပါး Duty ပေါ့ ။ ပါးပါးကတော့ ဒီလိုဘဲငိုက်ငိုက်နဲ့ ဘဲသမီးကိုဆက်ထိန်းပါတယ်။ သမီးမအိပ်မခြင်းပေါ့ ။ မားမားကတော့အိပ်မောကျနေလေရဲ့ ။။။။။။။။။

Thursday, September 17, 2009
သမီးပုံလေးတွေ
မတ်တပ်စမ်းနေပြီနော်
သမီးလေးကိုးလပြည့် လုပြည့် ခင်မှာမတ်တပ်စမ်းနေပြီ ။ မားမား ကလေးထိန်းရင်းနဲ့ ရိုက်ထားလို့ ဝါးတားတားနဲံပါ။ အလွယ်တကူမို့ Hand phone နဲ့ ဘဲရိုက်ဖြစ်နေတယ်။ ကင်မရာရှာရမှာပျင်းလို့ ..........

Thursday, September 10, 2009
နို့ ဗူး
ငါးလသမီးအထိမိခင်နို့ တစ်မျိုးထဲတိုက်တဲ့ အတွက်သမီးသည်မွေးစ ၅ပေါင် ကျော်ကျော်မှ ၀၀ကစ်ကစ် လေး ဖြစ်လာခဲ့ ပါတယ်။ ငါးလပြည့် ပြီး ၃ရက်အကြာမားမားအလုပ်ပြန်ဆင်းတော့သမီးမှာ နို့ ဗူးကိုဘယ်လိုမှမသောက်တက်သေးပါ။ ပါးပါးနှင့်မားမားမှာ သမီးနို့ ဗူးသောက်ရေးအတွက်ရတက်ပွေရပြန်ပါတယ်။ မားမားအလုပ်စအ၀င် သုံးလေးရက်မှာသမီးသည်နာနီအိမ်တွင်အစားမစားဘဲဆန္ဒပြတော်မူပါလေတော့သည်။ ပါးပါးမှာအလုပ်ပြန်လျှင်ုKiddy Palace ကိုသွားပြီး မိခင်နို့ နှင့်အတူဆုံးဟူသောနို့ သီးခေါင်းအမျိုးမျိုးကိုဝယ်ခဲ့ပါသည်။ သို့ သော်သမီးသည်ယခု ကိုးလသမီးအရွယ်ထိ နို့ ဗူးကောင်းကောင်းမစို့ ပါ။ စိတ်ပါလျှင်သောက်ပြီးစိတ်မပါပါကမသောက်ပါ။
Friday, September 4, 2009
ငါးဆန်ပြုပ်ချက်ပြုပ်ပုံ
ငါးဆန်ပြုပ်ချက်ပြုပ်ချက်ရန်လိုအပ်သမျှ
၁။ ဆန်
၂။ ငါး
၃။ ပဲနီလေး(ပဲရာဇာ)
၎။ဥနီ(ခါကြက်ဥ)
၅။အာလူး
၆။အိမ်မှာရှိသောအရွက်ကျန်လေးများ
၇။ Slow Cooker (အသေးဆုံးဆိုက်)
၈။ ဂျင်းခြစ်တံ (Dizo တွင် ၂ ကျပ်နှင့်ဝယ်နိင်)
ချက်ပြုပ်ပုံအဆင့်ဆင့်
၁။ဆန် နှင့် ပဲတို့ ကိုSlow Cooker ထဲတွင်ထည့် ပါ။ ရေနွေးပွပ်ပွပ်ဆူကိုထည့် ပါ။ ပလပ်တပ်ပြီးချက်လို့ ရပါပြီ။
၂။ နှစ်နာရီခန့် ချက်ပြီး ဆန် ၊ ပဲ များနူးအိသွားအခါ ။ ခါကြက်ဥ၊ အာလူးတို့ ကို ဂျင်းခြစ်တံ နှင့် ခြစ်ပါ။ ထို့ နောက် Slow Cooker ထဲတွင် ရောသမမွေလိုက်ပါ။ ထို့ နောက်ငါးကိုနောက်ဆုံးမှထည့် ပါ( အပူနဲ့ ထိတာနဲကျက်သွားမှာမို့ )။
ဒါကတော့ စနိုးအကြိုက် ငါးဆန်ပြုပ်ပါ ရှင်။

Tuesday, September 1, 2009
သမီးလေးရဲ့ ဘ၀အစ
မတ်လ၁၃ရက်နေ့ မှာစပြီးထပ်မတွေ့ ရတော့ဧပြီလကုန်သို့ ပင်ရောက်လုပြီ။ မေဒေးနေ့ ပါးပါးနှင့် မားမား အိမ်သာထဲတွင်နှစ်ယောက်သားအလုပ်ရှပ်နေပြီ။ ရင်ခုန်ဖွယ်အဖြေ မှာ နှစ်ချောင်း။ ၂၀၀၈ မေလ တစ်ရက်နေ့  မှာအိမ်ထောင်စုဦးရေတိုးမည်ဖြစ်ကြောင်းသိရပြီလေ။အိမ်နားမှ ဆရာဝန်ကမိတ်ဆက်စာရေးပေးသောကြောင့် Thomson Hospital မှာရှိတဲ့  ACJ Women Clinic ကိုမယောင်မလည်နဲ့ ရောက်သွားကြပါတယ်။ ဆရာမJoycelyn Wong ဆီမှာကိုယ်ဝန်ကိုအပ်ပါတယ်။ Appointment ရက် မေ လ ၁၇ မှာ သမီးလေးက ၄စင်တီမီတာရှိနေပြီလေ၊ နှလုံးလည်းခုန်နေပြီ။

Subscribe to:
Comments (Atom)