Wednesday, December 23, 2009
Monday, December 21, 2009
Saturday, December 19, 2009
မန်းလေးမှာ ပထမရက်
Friday, December 11, 2009
လွမ်းစာ(၁)
သမီးရေ
မားမားနဲ့ ပါးပါး သတိရစွာနဲ့ စာရေးလိုက်ပါတယ်။ သမီးကောနေကောင်းရဲ့ လား ။ အရင်လို ဘဲစားနိုင်သောက်နိုင်ဘဲနော်။ အန်းကုန်းအန်းမတို့ ပြောစကားကိုနားထောင်နော်။ နို့ လဲမှန်မှန်သောက်နော်။ ငါးဆန်ပြုတ်ကတော့သမီးနဂိုကတည်းကကြိုက်လို့ အဲဒါတော့စားမှာသေချာတယ်။သမီးပြန်မပါလာလို့ သမီးလေးဘလောက်ရဲ့ ပရိတ်သတ်တွေကတောင်မေးနေကြတယ်စနိုးမန်းလေးအိမ်မှာအဆင်ပြေရဲ့ လားတဲ့။ သမီးရဲ့ နာနီနဲ့ သူ့ သားလေးနှစ်ယောက် ကလည်းတစ်မေးတည်းမေးနေကြတယ် စနိုးဘယ်တော့ပြန်လာမှာလဲတဲ့ ။ သမီးရေအရမ်းသတိရနေတာကိုလွမ်းတယ်လို့ ပြောရင် မားမားနဲ့ ပါးပါးတော့အခုမှ လွမ်းတတ်နေပါပြီသမီးရယ်။ မားမာနဲ့ ပါးပါး အရင်အပတ်ကအပြင်သွားတုန်းသူငယ်ချင်းမိသားစုနဲ့ ဆုံဖြစ်တော့သူတို့ သားလေးကသမီးနဲ့ အသက်သိပ်မကွာဘူးလေ။ မားမားဆိုရင် သူတို့ သားလေးကိုငေးပြီးကြည်နေ့မိတယ် ပါးကလဲငေးလို့  ။ သူများမိသားစုတွေကိုကြည့်ပြီးကိုယ့် ကလေးကိုယ်သတိရနေကြတာလေ။ မားဆိုရင်လမ်းမှာကိုယ့် သမီးနဲ့ အရွယ်တူလေးတွေကိုတွေ့ တိုင်းသမီးကိုသတိရလို့ တက်နိုင်ရင်အပြင်ကိုမထွက်ချင်ဘူး။ မားမားနဲ့ ပါးပါး တစ်ကိုယ်ကောင်းများဆန်မိလားသမီးရယ်။ သမီးဘ၀အတွက် လိုအပ်မယ်ထင်တာတွေကိုဖြည့်ဆည်းပေးချင်တာပါးပါးမားမားတို့ ရဲ့ ဆန္ဒပါသမီးရယ်။ လွမ်းနေတဲ့ .......
မားမားနဲ့ ပါးပါး
ရွှေလက်ခုတ်
သမီးလေးရဲ့ တစ်နှစ်ပြည့်အမှတ်တရအနေနဲ့ မန်းလေးအိမ်ရောက်နေတဲ့ သမီးလေးမတ်တပ်ရပ်နိုင်ဖို့ ကြိုးစားနေတာကို ကာယကံရှင်ကောအဖိုးအဖွားများကပါ ၀ိုင်းလက်ခုတ်တီးပြီးကောင်းချီးပေးနေတဲ့ ဗွီဒီယို ကလစ်လေးကိုတင်လိုက်ပါတယ်။
Monday, December 7, 2009
Thursday, December 3, 2009
Wednesday, December 2, 2009
Video မင်းသမီး (၂)
သမီး ရဲ့ ရီးရီး (အဒေါ်) ရိုက်ပြီး ပို့ ပေးလိုက်တာလေ။ ပါးပါးနဲ့ မားမားတော့ဘယ်နှစ်ခေါက်ရှိပြီလဲမသိဘူးပြန်ကြည့်ဖြစ်တာ။
Friday, November 27, 2009
ဟန်းနီးမွန်း
Wednesday, November 25, 2009
အကြံဥဏ်
သမီးလေးကိုယ်ဝန်ရှိတာကိုသိကတည်းက ဆွေမျိုးတွေ၊အသိမိတ်ဆွေတွေနဲ့ သူငယ်ချင်းများကပါသူတို့ တက်နိုင်သလောက်အကြံဥဏ်တွေပေးကြပါတယ်။
၁။အဘိုးအဖွားတွေကိုစင်ကာပူခေါ်ပြီးကလေးထိန်းခိုင်းပါလားလို့ ပြောတဲ့သူကတော့အများဆုံးပါဘဲ။
(ပြောရရင်အဲဒါကလဲပါးပါးမားမားအဖြစ်စေချင်ဆုံးပါဘဲ။ လူကြီးတစ်ယောက်အိမ်မှာရှိရင်ကလေးထိန်းဖို့ တင်မကပါဘူး။ မိသားစုပိုဆန်သွားတယ်လို့ တောင်ထင်မိပါတယ်။ ပိုပြီးတော့လဲလုံ ခြုံသွားတယ်လို့ ထင်မိပါတယ်။ တစ်ခုခုဆိုတိုင်ပင်မယ်ဆိုရင်လည်းမိဘတွေကနီးနီးနားနားမို့ ပိုကောင်းပါတယ်။ ဒါပေမဲ့ သမီးရဲ့ နှစ်ဖက်အဖိုးအဖွားတွေကအသက်တွေကြီးကုန်ကြပြီလေ။ စိတ်သွားတိုင်းကိုယ်မပါကြတော့ဘူး။ ပြီးတော့လည်းပတ်ဝန်းကျင်မတူတဲ့ရေခြားမြေခြားမှာသူတို့ ကြာရှည်လည်းမနေနိုင်ကြပါဘူး။ )
၂။ မြန်မာနိုင်ငံမှာပြန်ထားပြီးကလေးကြီးမှပြန်ခေါ်လေ။
(အဲဒါကတော့ ရှေးရှေးစီနီယာတွေကျင့်သုံးတဲ့နည်းပေါ့ ။ အခုနောက်ပိုင်းဒါမျိုးရှားသွားပြီလို့ တောင်ပြောလို့ ရပါတယ်။ အပြောလွယ်သလောက် မိဘနဲ့ သားသမီးခွဲနေရတယ်ဆို တာနှစ်ဖက်စလုံးခံစားရတာတော့အမှန်ဘဲ။ အခုတော့ကိုယ်တိုင်ခံစားနေရတော့ပိုပြီးသိလာတယ်။)
၃။ အိမ်ဖော်တစ်ယောက်ခေါ်လိုက်ပါလား။
(သမီးကိုယ်ဝန်နဲ့ တုံးက မားမားအလုပ်ကလုပ်ဖော်ကိုင်ဖက်သူ ငယ်ချင်းကလဲကိုယ်ဝန်ရှိနေတယ်။ သူ ကတော့ကိုယ်ဝန်ရှိတာသိကတည်းကအိမ်ဖော်ခေါ်ဖို့ စီစဉ်တာ ။ နောက်သူ ကလေးမွေးတော့ သူ့ အမေနဲ့ အတူအိမ်ဖော်ကလိုက်လာနိုင်တယ်။ စာမေးပွဲတွေလဲချောချောချူချူအောင်သွားပြီ။ အခုသူ့ အမေကမြန်မာနိုင်ငံပြန်သွားပြီး သူ့ သားလေးကအိမ်ဖော်ညီမလက်ထဲမှာအခု ဆို ၈ လတောင်ရှိသွားပြီ။ တွေ့ တိုင်းမားမားကို အဆင်ပြေကြောင်းပြောပါတယ်။ သူ့ လိုစိတ်ချရတဲ့ လူတစ်ယောက်ခေါ်ဖို့ ပြောတဲ့ အပြင် သမီးအတွက်လည်းရှာပေးရှာပါတယ်။ အခုတစ်ခေါက်ပြန်တုံး သူငယ်ချင်းမိတ်ဆက်ပေးတဲ့ အမကြီးနဲ့ လည်းတွေ့ ခဲ့ ပါတယ်။ အသက်၄၀ လောက်ရှိပြီးရိုးရိုးသားသားပုံပါဘဲ။ ဒါပေမဲ့ သူ က ၇ တန်းအောင်ပြီးကတည်းကစာနဲ့ ဝေးသွားတာအခုထိဘဲ။ တော်တော်ကိုပြန်ပြီးသင်ပေးရမယ့် ပုံဘဲ။ လူရိုးမို့ သူ့ ကို ပတ်စပို့ အမြန်လုပ်ပေးဖို့ နဲ့ စင်ကာပူကိုအမြန်လာခဲ့ ဖို့ ဘဲတစ်တွင်တွင်ပြောနေပါတယ်။ မေးခွန်းတွေပြလိုက်တော့မှသူ စာတော်တော်လုပ်ဖို့ လိုမှန်းသိသွားတယ်။ )

Tuesday, November 24, 2009
Friday, November 6, 2009
အိမ်အပြန်
ညနေဆိုရင်သမီးနဲ့ မားမား Channel U က ကိုရီးယားကားတွေကိုမလွတ်တမ်းသားအမိတွေကြည့် နေကျနော်။ မန်းလေးအိမ်မှာသမီးကိုထားခဲ့ ရင်သမီးကတော့ညနေဆိုမားမားလာကြိုမယ်ထင်ပြီးမျှော်နေတော့မယ်။ Monday မှာ SilkAir နဲ့ မွေးရပ်မြေကိုပြန်ကြမယ်။ သမီးလေးပါပါတယ်လေ ။

ညနေဆိုသမီးရဲ့ အ၀တ်တွေကိုလျှော်ပြီးလှန်းရတယ်။နောက်ဆိုဒီလို မလျှော်ရတော့ဘူးနော်။

Monday, October 26, 2009
ကြက်ဥဆန်ပြုပ်
လိုအပ်တာတွေကတော့ 
(၁) ထမင်း(ဆန်ကိုချက်ရင်ကြာလို့ )
(၂) ကြက်ဥ
(၃) ပဲပြား
(၄) အာလူး
ချက်ပြုပ်ပုံ
(၁) ထမင်းအနည်းငယ်နှင့်အားလူးခြစ်ထားတာကို Slow Cooker ထဲတွင်ထည့်ပါ။ ရေနွေးပွပ်ပွပ်ဆူကိုလည်းပေါင်းထည့်လိုက်ပါ။
(၂) ကြက်ဥကိုပြုပ်ပါ အကာကိုဖယ်ပြီးမိဘများစားဖို့ ဖယ်ထားလိုက်ပါ ။အနှစ်ကိုချေပါ။ ပဲပြားကိုလည်းချေထားပါ။
(၃) ထမင်းနှင့် အာလူးများ Slow Cooker ထဲတွင် နူးသွားပါ က ချေထားသော ကြက်ဥအနှစ်နှင့် ပဲပြားများကိုထည့်လိုက်ပါ။ မိနစ် ၃၀ ခန့် နူးအောင်ထားပြီး စားသုံးနိုင်ပါပြီ။

သမီးရဲ့ ထမင်းပေါင်းအိုး(Slow Cooker ) လေ
Friday, October 23, 2009
သမီးရဲ့ ၁၀ လ
မားမားနိုဝင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို အကိုရဲ့ လက်ထပ်ပွဲရှိလို့ ပြန်ဖို့ ရှိနေပါတယ်။ သမီးကိုဟိုမှာထားခဲ့ မယ်မထားခဲ့ မယ်ဆိုတာ ကိုလွန်ခဲ့ တဲ့ တစ်လနှစ်လလောက်ကထဲက လင်မယားနှစ်ယောက်တိုင်ပင်နေကြပါတယ်။ ကာယကံရှင် သဘောတော့မပါပါဘူး ။

Wednesday, October 14, 2009
ကြွားဝါခြင်း
ပါဂျဲရိုး
သူကတော့ လမ်းမရွေးဘူးလေ၊ ဘီးလုံးကလဲကြီးတော့ ညိမ့်ပြီးသက်တောင့်သက်သာရှိတယ်။ သူ့ စီးသွားရင်မြင်သူတကာငေးကြည့်ရအောင်လည်းခန့် တယ်လေ။ ခရီးဝေးသွားဖို့ လည်းသင့်တော်တယ် လမ်းမှာလိုအပ်သမျှတွေအကုန်ကားထဲထည့်သယ်သွားဖို့ နေရာကလဲကျယ်ကျယ်ဝန်းဝန်းရှိတယ်လေ။ လမ်းမှာပင်ပန်းရင် ကားပေါ်မှာအိပ်ပြီးလိုက်သွားလို့ လဲရတယ်။ ဒါပေမဲ့ သူကကိုယ်ထည်ကြီးတော့ Parking ထိုးရတာ ၊ လမ်းကျဉ်းကိုသွားရ တဲ့ အခါတွေဆိုနဲ နဲ ကသီတယ်။ သမီးစင်ကာပူပြန်ဖို့ လက်မှတ်ဝယ်ပြီးသွားတော့ သမီးရဲ့ ဦးကြီး(ပါးပါးရဲ့ အကို)က ငါ့ တူမ စင်ကာပူပြန်ရင်ကားတစ်စီးထည့်ပေးလိုက်မှဖြစ်မယ် ။ ဟိုမှာက ကားမရှိလို့ မဖြစ်ဘူးဆိုပြီး သူ့ သား(သမီးရဲ့ အကိုဝမ်းကွဲ) တုံတုံလေးစီးနေတဲ့ ပါဂျဲရိုးကားကို ထည့် ပေးလိုက်တယ်။ တုံတုံလေးအတွက်ကတော့ နောက်ထပ်ကားအသစ်တစ်စီးပေါ့ ။

ဆူဇူကီး
သူကတော့ သေးပြီးပေါ့ပါးတယ်လေ ။ Orange colourဖြစ်ပြီး ဘီးလုံးလေးတွေကလည်းသေးသေးလေးတွေ ဆိုတော့ ဖန်စီဖြစ်ပြီးခေတ်မှီတာပေါ့ ချစ်လည်းချစ်စရာလေးလေ။ သူကသေးတော့ နေရာမယူဘူးလေ ။ Parking ထိုးဖို့ လည်းမပူရဘူး။ လမ်းကျဉ်းတွေကိုလည်းသွားနိင်တယ်။ ပြီးတော့ သူ က ပါဂျဲရိုး ထက်ဈေးသက်သာတယ်။
ပါးပါး မားမားမှားစင်ကာပူရောက်ကထဲက ဒီပါဂျဲရိုးကိုတသသနဲ့ ပေါ့ ။ ဒါပေမဲ့ တန်ဖိုးကြီးမို့ သူ့ ကိုနေရာတိုင်းသုံးရတာအဆင်မပြေဘူးအဲဒါနဲ့  ပါးပါးကတစ်ရက် OG မှာကားတွေလျှော့ ဈေးရှိတယ်ဆိုတာနဲ့ ဆူဇူကီးကားလေးတစ်စင်းထပ်ဝယ်ဖြစ်သွားတယ်လေ ။ အခုဆိုစနိုးဆီမှာကားနှစ်စီးတောင်ရှိနေပြီ။
Friday, October 9, 2009
ဘ၀နေ့ ရက်များ(၂)
စက်တင်ဘာလကစပြီးသမီးက အရင်ထက်ပိုပြီးဆော့ လာတယ်။ လေးဘက်ထောက်ပြီးတစ်အိမ်လုံးအနှံလျှောက်သွားနေတက်ပြီ။ သမီးခြေထောက်အေးမှာစိုးလို့ ချီထားရင်လည်းကော့ပြီးအတင်းအောက်ပြန်ဆင်းတယ်။ သမီးဟာသူ့ ရဲ့ ပထမခြေလှမ်းအတွက်ပြင်ဆင်နေပါပြီ။ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ပါးပါးရဲ့ ဦးဆောင်မှုနဲ့ မားမားတို့ မိသားစု IKEA ကိုရောက်ခဲ့ ပါပြီ။ သစ်သားပြားတစ်ထုတ်ကို ၂၅ကျပ်နဲ့ ၅ထုတ်ဝယ်ခဲ့ပြီး ညတွင်းချင်းခင်းကြပါတယ်။ ပါးပါးကသစ်သားတွေကို ဖြတ်ပြီး မားမားကတော့  "အားမလျှော့နဲ့ ပြီးလုပြီး ကြိုးစားတပ်ပါမည်" လို့ အားပေးရင်းပါးပါးဖြတ်ပေးတဲ့ သစ်သားချောင်းတွေကိုတပ်နေပါတယ်။ သမီးစနိုးကတော့ Walker ပေါ်မှလိုအပ်သည်များကို " ကြည့်ရှစစ်ဆေးမှာကြား"

ဘ၀နေ့ ရက်များ(၁)
သမီးကိုယ်ဝန်ကိုလွယ်ထားကတည်းကပါးပါးနှင့်မားမား သမီးအတွက်နေရာကိုစဉ်းစားရပါတယ်။ တို့ တာဝန်အရေးအသုံးပါးဖြစ်တဲ့ စားဝတ်နေရေး ကိုပါ။ အခုခေတ်က စားရေးဝတ်ရေးထက်နေရေးက ပိုပြီးခက်ခဲလို့ ပါ။ သမီးအတွက် ကလေးကုတင်ရှိပေမယ့် သူကအဲ့ ဒီမှာအိပ်ဖို့ ဝါသနာမပါပါဘူး။ အဲဒါကြောင့် နှစ်ထပ်အိပ်ကုတင်ဝယ်ပြီး ပါးပါးကမဲဇာ(အပေါ်ထပ်)ကိုရောက်သွားပါတယ်။ သမီးနဲ့ မားမားနဲ့ ကတော့အောက်ထပ်မှာအိပ်ကြတယ်လေ။ သမီးအိပ်မှာမို့ လို့ ကုတင်ကိုကာရံထားရတာတွေလဲမြင်တဲ့ အတိုင်းပါဘဲ။ Idea တွေ Idea တွေ...........

Friday, October 2, 2009
Tuesday, September 29, 2009
Monday, September 28, 2009
မဟုတ်ရပါ
သမီးစနိုး ၅လအထိ မားမားအိမ်တွင်းပုန်းနေလို့ ကိုယ့် ကိုယ်ဆင်ခန္ဓာဝက်ကိုယ်လုံးဖြစ်နေတာကို သတိမမူမိပါ။ အလုပ်ပြန်လုပ်မိမှဘဲ ပတ်ဝန်းကျင်နဲ့ ပြန်ပြီးဆက်စပ်မိလို့ ကြားရတဲ့ စကားလုံးများကတော့ နားမချမ်းသာစရာပါ။
ဟိုတစ်နေ့ ကအစ်ကိုဝမ်းကွဲကသူ့ အိမ်မှာ 7Month Festival(ချစ်ရေပွမ်) ရှိလို့ မိသားစုသွား လည်တာ။ ယောင်းမက မတွေ့ တာကြာလို့ နောက်တစ်ဗိုက်လားလို့ အမေးခံရတယ်။ မဟုတ်ပါကြောင်းရှင်းပြနေတုန်း ၊ ညီမ၀မ်းကွဲတစ်ယောက်က ဟုတ်တယ် တော်တော်ပူနေတယ်နော် လို့ ပြောနေတုန်း ၊ ပါးပါးကပါ ဟုတ်တယ် ၀ီိတ်ချဖို့ သင့်ပြီလို့ ဝင်ပြီးထောက်ခံပြန်တယ်။
အဲဒိလိုအဖြစ်အပြတ်တွေဖြစ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တုန်း ။ တစ်ရက်မားမားတို့ အလုပ်ကို လာတဲ့ Supplier တစ်ယောက်က နင်ဗိုက်ကြီးနေတာလားတဲ့ ။ မဟုတ်ရပါလို့ ပြောတော့ အခါခါတောင်းပန်ပြီးမှပြန်သွားတယ်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန် တော့ လုပ်လို့ ဖြစ်မှာလား။ အဲညနေသမီးကိုနာနီအိမ်သွားကြိုတော့ မားမားသမီးကိုလှန်းချီလိုက်ပြီးခါးကိုနဲနဲကော့ လိုက်တော့ ။နာနီကတစ်ခါ နောက်တစ်ဗိုက်လားတဲ့ ။ မဟုတ်ရပါလို့ ပြော နေတာတောင် တော်တော်ပူနေတုန်းဘဲနော် လို့ ထပ်ပြီးရစ်လိုက်သေးတယ်။
ဒီနေ့ လဲတစ်ခါ အလုပ်ကမားမားရဲ့  Colleague က နောက်တစ်ဗိုက်လားလို့ ထပ်မေးပြန်တယ်။ အနာပေါ်ဒုတ်ကျတာလောက်နာတာမရှိဘူး ။ အခုတော့ ကိုယ်ကိုယ် ပုံပျက်နေတာကိုဝန်မခံချင်ဘဲကိုမရတော့ဘူး။ အရင်ပေါင် ၁၀၀ ကနေ ၁၂၈ ပေါင် ဖြစ်နေကထဲကိုက အဖြေကရှင်းနေတာကို။ ဒါပေမဲ့ဘာဖြစ်လို့ နောက်တစ်ဗိုက်လားဆိုတာကိုမေးမေးနေရတာလဲသိဘူးနော်။ တော်တော်ဝနေတယ်လို့ ပြောရမှာအားနာလို့ လားဟင်။

သမီးမမွေးခင်တုံးကဘုရားစူးပိန်ပိန်လေးပါ
Friday, September 18, 2009
တစ်ရက်တာ
ချက်ချက်ချက်ချက်..........(နာရီလက်တံမှအသံ)
မနက်၎နာရီလား၅နာရီလားမသိမှောင်နှင့် မဲမဲမှာ
စနိုးအားနို့ ထတိုက်ရပြီ။
ချက်ချက်ချက်ချက်..........
မနက်၇နာရီ
အား...အိပ်ရာထနောက်ကျပြန်ပြီမားမားအိပ်ရာကထပြီကမန်းကတန်းကြည့် လိုက်တော့ ပါးပါးအလုပ်သွားဖို့ အဆင့်သင့် ဖြစ်နေပြီ။ ကိုယ်ကဘာမှမလုပ်ပေးနိင်တဲ့ အပြင်သူကတောင်မိန်းမအတွက်Breakfast လုပ်ပြီးစားပွဲပေါ်တင်သွားသေးတယ်။ အမြန်ထမင်းအိုးတည်မှ။ စနိုးကိုလည်းရေတိုက်ဦးမယ်။ အလုပ်ကိုဘာဟင်းထည့် သွားရင်ကောင်းမလဲ မထူးပါဘူး ရွေကြက်ဥကိုဘဲရွေးလိုက်တော့မယ်။ ကဲလာလိုက်အုံးဟဲကြက်ဥကြော်။
ချက်ချက်ချက်ချက်........
မနက်၈နာရီထိုးလုထိုးခင်
သမီးကိုDiaperလဲရအုံးမယ်။ထမင်းဘူးလည်းထည့်ပြီးသွားပြီ။နာနီအိမ်ကိုသွားကြမယ်ဟေ့။ အလုပ်ထဲမှာလဲထမင်းဘူးနဲ့ ဆိုလို.့ ကိုယ်ဘဲရှိတယ် ။ တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှမမြင်ဘူးလို့ အလုပ်ထဲမှာမားမားထမင်းစားတာကို လုပ်ဖော်ကိုင်ဖက်နှင့်သူဌေးပါမကျန် တအံတသြံ ဖြစ်နေကြလေရဲ့ ။
ချက်ချက်ချက်ချက်.....
မနက်၁၀နာရီခန့် 
အိပ်ချင်နေပါတယ်ဆိုပါမှနာနီMdm Limကဇွတ်နို့ ဖျော်ပြီးတိုက်နေတယ်။ ညကအိပ်တာနောက်ကျတယ်လေ ၁၂နာရီပတ်ဝန်းကျင်ပေါ့ ။ အိမ်ရောက်တာနဲ့ တန်းပြီးဆော့ တာ ညအထိဘဲ။ ဒါတောင်မားမားနဲ့ ပါးပါးတစ်ယောက်တစ်လည့် စီ ချီပြီးသိပ်လို့ သနားတာ နဲ့ အိပ်လိုက်ရတာ။ မနက်တုံးကလည်းဝေလီဝေလင်းကြီးမားမားဆီမှာနို့ မှိန်းမှိန်းလိုက်သေးတယ်။ အိပ်ချင်တယ်မရတော့ ဘူး။ Mdm Lim ကသမီးပြောလဲနားမလည်မဲ့ အတူတူတော့ ငိုပြမှဖြစ်တော့ မယ်။
ချက်ချက်ချက်ချက်....
ညနေ ၅နာရီဝန်းကျင်
နာနီ အိမ်မှာစားလိုက်အိပ်လိုက်နဲ့ ညနေတောင်ရောက်နေပါပကောလား။ မားမားလာကြိုတော့မယ်။ နာနီအိမ်မှာဆိုရင်သူက Safety First ဆိုပြီးသမီးကို ကလေးကုတင်ထဲ ထည့် ထည့် ထားတယ်။ ကျဉ်းလိုက်တာဘယ်လို မှဆော့ ရတာအဆင်မပြေဘူး။ မထူးပါဘူးဆိုပြီးအိပ်ကြီးဘဲနေလိုက်တယ် အစာစားချိန်ကလွဲရင်ပေါ.။
ချက်ချက်ချက်ချက်....
ညနေ ၅နာရီခွဲတိတိ
မားမားအလုပ်စားပွဲတွင်ဆိုင်းဝိုင်းလို အလုပ်များကို ဘုံတီးနေရတယ်။ ဒါတောင်အချိန်လုပြီးBlog ကိုအလုပ်ထဲမှာရေးလိုက်သေးတယ်။ အိမ်မှာဆို ဒိထက်ပိုအလုပ်ရှပ်လို့ ။
ချက်ချက်ချက်ချက်...
ညနေ ၆နာရီခွဲခန့် 
လူလည်းမျေက်ဖြူဖြစ်ဖြစ်မလား၊ ကုလားဘဲဖြစ်မလားမသိ။ Constructionဆိုတာကလဲသိတဲ့ အတိုင်း နေပူပူမှာဖုံတလူးလူးနဲ့ လေ။ စင်ကာပူရဘ၀ စားစရာမရှိရင်တောင်ပေးစရာတော့ ရှိရမယ်။ Giro Deduction ဆိုတာကြီးက ခေတ်သစ်ချစ်တီးလို့ ခေါ်ရလောက်အောင်ကြောက်ဖို့ ကောင်းတယ်။ လဆန်းကတည်းကဟိုဖြတ်ဒီဖြတ်နဲ့ လကုန်လို့ ပိုက်ပိုက်ကုန်သွားတာတောင်သူကဖြတ်လို့ မကုန်သေးဘူး။ အဲဒိလိုအချိန်ဆိုရင်နောက်လဆန်းကျရင် အနီရောင်စာရွက်လေးတွေတန်းစီပြီအိမ်ကိုရောက်လာပြီ။ ဖြတ်လေးဖြတ်လုပ်မယ်ဆိုတဲ့ ချိန်းခြောက်စာတွေပါ။ စင်ကာပူ မှာကလည်း တစ်လယူထားတဲ့ ဖုန်းကြွေးကနေ အနှစ် ၂၅၊၃၀ ယူထားတဲ့  အထိအကြွေးပေါင်းစုံဆပ်လို့ မကုန်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်အောင်လို့ ကိုယ်ကစခဲ့ တာမို့ ဘယ်သူကိုအပြစ်တင်လို့ မဖြစ်နိုင်ပါ။ အခုတော့ ကြွေးဟောင်း(မိဘ)ကိုလည်းဆပ် ကြွေးသစ်(သားသမီး)ကိုလည်းချနိုင်ဖို့ ကြိုးစားပြီးအလုပ်လုပ်ရအုံးမယ်။
ချက်ချက်ချက်ချက်.......
ညနေ၇နာရီ
မားမားနဲ့ သမီးအိမ်ကိုပြန်ရောက်ပြီ။ သမီးရဲ့ Diaper ကိုဖြုတ်လိုက်တယ်။တစ်နေကုန်အောင်ဒီဟာကြီးဝတ်ထားရတာ။ မားမားတို့ ကသက်သာသလောက်သမီးကတော့ သက်သာမည်မဟုတ်။ တစ်နေ့ ကိုတစ်နာရီကျော်ကျော်လောက်သမီးကို Diaper မ၀တ်ဘဲ ဒီအတိုင်းထားလိုက်တယ်။ ၇နာရီဆိုတော့ Channel U မှာကိုရီယားကားလာပြီပေါ့ ။ သမီးကိုထိန်းရင်းနဲ့ ကိုရီးယားကားလေးကိုငန်းရတာဘယ်လိုအရသာရှိမှန်းမသိဘူး။အော်ဒီလိုကျတော့ လည်းစင်ကာပူမှာနေရတာမစိုးပါဘူး။ ကိုရီးယားကားကြည့် ရသား။
ချက်ချက်ချက်ချက်.....
ညနေ၈နာရီ
ကိုရီယားကားလည်းပြီးသွားပြီ။ အခုထိရေမချိုးရသေဘူး။ တော်သေးတယ်ညနေစာတောင်အလုပ်ကအပြန်သမီးကိုသွားမကြိုခင်အပြေးအလွားစားထားလို့ နို့ မို့ ဆိုရင်တော့ငတ်ပြီဆရာဘဲ။ သမီးကစူစမ်းတဲ့ အရွယ်ဆိုတော့ တစ်ယောက်ထဲလွတ်မထားရဲလို့ ပေါ့ ။ ဟောပြောရင်းဆိုရင်း သမီးရှးပေါက်ချလိုက်ပြန်ပြီ။ ဒါနဲ့ ပါဆိုရင်နှစ်ခါရှိပြီရှးပေါက်ချတာ။ အလုပ်ထပ်အရှပ်မခံနိုင်တော့ဘူး Diaper ၀တ်ပေးလိုက်တော့မယ်။
ချက်ချက်ချက်ချက်.....
ည၉နာရီမတ်တင်း
ပါးပါးအလုပ်ကနေအိမ်ပြန်ရောက်ပါပြီ။ ဖုန်တွေသဲတွေနဲ့ မို့ တစ်ခါတည်းရေချိုးခန်းတန်းဝင်ပြီးရေချိုးလိုက်တယ်။ ပြီးတာနဲ့ စာစာနဲ့ မားမားပြင်ပေးထားတဲ့ ထမင်းနဲ့ဟင်းကိုအသကုန်လွေးလိုက်တယ်။ ပြီရင်မားမားနဲ့ Duty ချိန်းလိုက်တယ် မားမားရေချိုနိုင်ပြိပေါ့ ။
ချက်ချက်ချက်ချက်....
ည၁၀နာရီ
Blog ကိုဟိုကြည့်ဒီကြည့်ပြီးတာနဲ့ ပါးပါးကမောမောနဲ့ အိပ်နေပြီ။ အိမ်ပြန်လာကထဲကကိုယ့် ယောကျာင်္းနဲ့ စကားတောင်ကောင်းကောင်းမပြောလိုက်ရဘူး။ ညနေထမင်းအတူမစားရတာလဲကြာပြီ ။ အမေ အဖေ ထမင်းအတူစားတာတွေရင်စနိုးလဲပျော်ပြီးဟိုဆွဲဒီဆွဲလုပ်ကတည်းကအတူမစားဖြစ်တာ။
ချက်ချက်ချက်ချက်......
ည၁၁နာရီ
အိပ်ပျော်အောင်အိပ်နေပေမယ့်လည်း အခန်းအပြင်ကမားမားရဲ့ ညည်းသံကိုကြားနေရတယ်။ ဘာတဲ့ သူအားကုန်နေပါပြီတဲ့ ဆက်ပြီးမထိန်းနိုင်တော့ပါဘူးတဲ့။ သိပ်မကြာပါဘူး မားမားရဲ့ သြကာသ ဘုရားရှိခိုးသံကိုကြားရပြီ။ သူကဒီလိုဘဲတစ်ချက်ခုတ်နှစ်ချက်ပြတ် ကလေးသိပ်ရင်းဘုရားရှိခိုးနေကျ။ သမီးလေးကဒါမှဆက်မအိပ်သေးရင် မားမားရဲ့ ခြေလှန်းတွေသိုင်းကွက်နင်းနေမှာကိုလဲမြင်ယောင်မိပါရဲ့ ။
ချက်ချက်ချက်ချက်....
ည၁၂နာရီ
မားမားထောင်းသွားပြီ။ ပါးပါး Duty ပေါ့ ။ ပါးပါးကတော့ ဒီလိုဘဲငိုက်ငိုက်နဲ့ ဘဲသမီးကိုဆက်ထိန်းပါတယ်။ သမီးမအိပ်မခြင်းပေါ့ ။ မားမားကတော့အိပ်မောကျနေလေရဲ့ ။။။။။။။။။

Thursday, September 17, 2009
သမီးပုံလေးတွေ
မတ်တပ်စမ်းနေပြီနော်
သမီးလေးကိုးလပြည့် လုပြည့် ခင်မှာမတ်တပ်စမ်းနေပြီ ။ မားမား ကလေးထိန်းရင်းနဲ့ ရိုက်ထားလို့ ဝါးတားတားနဲံပါ။ အလွယ်တကူမို့ Hand phone နဲ့ ဘဲရိုက်ဖြစ်နေတယ်။ ကင်မရာရှာရမှာပျင်းလို့ ..........

Subscribe to:
Comments (Atom)