Channel U မှာ စင်ကာပူကဆရာဝန်တွေက နိုင်ငံတကာလှည့်ပြီး နုတ်ခမ်းကွဲတဲ
့ကလေးတွေကို ခွဲစိတ်ကုသပေးတဲ့ အစီစဉ်ကိုအပတ်တိုင်းပြတာကို ကြည့်လိုက်ရတယ်။
မြန်မာနိုင်ငံကို
လည်းသွားရောက်ပြီး ကုသပေးတာတွေပါတော့ပိုစိတ်ဝင်စား
သွားတယ်။
နုတ်ခမ်းကွဲတာတော်တော်ဆိုးနေတဲ့ မြင့်မြင့်စန်းဆိုတဲ့ ကောင်မလေးကို
ခွဲပေးတာ ရုပ်ပြောင်းသွားတော့ကိုယ်တောင် ပီတိဖြစ်သွားတယ်။ ကျောင်းမှာ
အနှိမ်ခံရတယ်ဆိုတဲ့ အကြောင်း ၊ ငိုပြီးတော့သူ့ အဖွားကိုတိုင်တဲ
့အကြောင်းလေးတွေလည်းပါတယ်။
နောက်ဆုံးအပတ်မှာတော့ စင်ကာပူမှာရှိတဲ
့နုတ်ခမ်းကွဲတဲ့ ကလေးတွေအကြောင်းပြတယ်။ အဲ့ ဒိမှာ ၁၈ နှစ်ရှိပြီဖြစ်တဲ
့ကလေးမလေးကိုနောက်ဆုံးအကြိမ်ခွဲစိတ်မှုပြုလုပ်ရင်း သူ့ မိခင်
ကိုခံစားချက်လေးတွေကိုမေးတာလေးပါတယ်။ သူ့ မိခင်ဟာ
သမီးလေးကိုစောင့်ရှောက်ဖို့ အတွက် အလုပ်ကထွက်ပြီးကလေးငယ်စဉ်ကတည်းက
အနီးကပ်စောင့်ရှောက်ခဲ့ တယ်။ သူ့ သမီးအကြောင်းကို ဘေးပတ်ဝန်းကျင်မပြောနဲ
့အချစ်ဆုံးသူငယ်ချင်းတွေကိုတောင် သူ့ သမီးအကြောင်း
ပြောဆိုတိုင်ပင်ခြင်းမရှိဘူးတဲ့ ။ ကြားကြားခြင်းမျက်ရေ၀ဲမိတယ်.....
ခံစားချက်ခြင်းတူနေလို့ ပါ။
သူတို့ လည်းကိုယ့်ကို ဘယ်လို
မှမကူညီနိုင်တဲ့ မွေးရာပါ ချို့ ယွင်းချက်ကို တကူးတကမပြောပြချင်တဲ့ သူ့ ရဲ
့စိတ်ကိုကိုယ်ချင်းစာမိတယ်။ စိတ်သဘောထားသေးသိမ်သူတွေကိုပြောပြမိရင် သူတို
့က အဲ့ ဒါ ဘယ်သူ့ ပရောဂကြောင့် ဖြစ်ရပါတယ် ၊ ဘယ်သူကအမှားလုပ်မိလို
့ဖြစ်ရပါတယ်လို့ ပြောရင် ကိုယ့် မှာ စိတ်မကောင်းဖြစ်ရတာဘဲအဖတ်တင်မယ် ။
သူငယ်ချင်းကောင်းဆိုတာ စိတ်သဘောထားကြီးပြီး မှန်ကန်တဲ့ စိတ်ထားရှိဖို
့လိုတယ်ဆိုတာသိလာတယ်။ အဲ့ ဒိလိုအချိန်မှာ ကိုယ် ဘယ်လိုရှေ
့ဆက်ရမယ်ဆိုတာကို ကျန်းမာရေး ၀န်ထမ်းဆရာဝန်တွေနဲ့ ၊ ကိုယ်လိုအတွေ
့အကြုံရှိထားဖူးတဲ့ လူတွေဆီကနေအကြံဥဏ်ကောင်းတွေရနိုင်တယ်။
0 comments on "သူငယ်ချင်းကောင်း"
Post a Comment