Tuesday, April 27, 2010

ရည်မှန်းချက်

0 comments

သမီးလေးနားထောင်ဖို့ အတွက်သီချင်းလေးတွေစုထားပါတယ်။ ဒီသီချင်းလေးကတော့သမီးလေးဘ၀မှာအခက်အခဲတွေနဲ့ ကြုံလာရင် ကိုယ့် ရဲ့ ရည်မှန်းချက်ကိုမမေ့ ဖို့ အတွက်မားမားရဲ့ လက်ဆောင်ပါ။

Friday, April 23, 2010

စာရေးမယ်နော်

0 comments

သမီးအန်းကုန်းက သင်ပေးထားလို့ သမီးကအခုဆိုခဲတံကိုကောင်းကောင်းကိုင်တက်နေပါပြီ။ သမီးစာရေးနေတာကိုကြည့်ပြီးသူ့ ပါးပါးကတော့သဘောကျလို့ နေပါတယ်။ ညာသန်လေးပါရှင်...

Thursday, April 22, 2010

ဒီလောက်တောင်ဘဲလား

1 comments
မားမားတို့ အလုပ်ထဲမှာ မလေးတရုပ်မလေးတစ်ယောက်နဲ့ ရောက်တက်ရာရာပြောရင်း မီးပူတိုက်တဲ့ ဆီရောက်သွားတယ်။ မားမားကအိမ်မှာ လင်မယားနှစ်ယောက်လုံးအတွက်မီးပူတိုက်ရကြောင်းပြောမိပါတယ် သူကတော့မီးပူတိုက်ရတာပျင်ကြောင်းနဲ့ တော်ရုံဝတ်လို့ ရရင်မီးပူမတိုက်ကြောင်းပြောပါတယ်။ ပြောရင်းမားမား က မီးပူတိုက်ရာမှာ အတွင်းခံများကိုပါမီးပူတိုက်ကြောင်းပြောမိပါတယ် ။ အံသြံလွန်းလို့ Oh ! My God ! ဖြစ်နေပါတယ်။ သူတို့ တစ်ခါမှ အတွင်းခံတောင်မီးပူတိုက်တာမကြားဘူးကြောင်းပြောပါတယ်။ မားမားကတော့ ၇ တန်းကတည်းက ကိုယ်အတွင်းခံကိုယ်လျှော်ပြီးမီးပူတိုက် ပရုပ်လုံးထည့်ပြီးအံဆွဲထဲမှာသေချာသိမ်းတက်တဲ့ အကျင့် ရှိ့ပါတယ်။ သူတို့ ကဒီလောက်တောင်ဘဲလားလို့ ပြောလာပါတယ်။

Tuesday, April 20, 2010

ရပ်နိုင်ပြီဟေ့ 

0 comments

သမီးလေးကစင်ကာပူမှာတုန်းကအကိုင်နဲ့ မတ်တပ်ရပ်နိုင်နေပြီ။ လက်လွတ်ကတော့ မန်းလေးအိမ်ကိုရောက်သွားမှ ရပ်နိုင်တာ။ မားမားပါးပါးတို့ ပြန်ရောက်လို့ တစ်လမပြည့်သေးဘူးသမီးက လက်လွတ်ရပ်နိုင်နေပြီနော်။သမီးအန်းကုန်းကတော့ သမီးရဲ့ အမာခံပရိတ်သတ်ဘဲ အမြဲတမ်းအားပေးတယ်။

Dancing Queen

0 comments

သမီးလေးက လမ်းတောင်မလျှောက်တက်သေးဘူး ကတက်နေပါပြီ။ သမီးအန်းကုန်းနောက်ကနေလက်ခုတ်တီးပြီးစီးချက်လိုက်ပေးတယ်။တစ်နှစ်မပြည့်ခင်တုန်းကရိုက်ထားတဲ့ ဗွီဒီယိုကလစ်လေးပါ။ သမီးလေးပျော်နေတာကိုမြင်ရတော့ ၀မ်းသာပါတယ်။ ကိုယ်တွေက ၁၁ လအထိ ထိန်းခဲ့ တုန်းက ဒါမျိုးလေးတွေမလုပ်တက်သေးဘူးနော်။

Monday, April 19, 2010

သမီးရဲ့ တစ်နှစ်ပြည့်မွေးနေ့ ( ၈ ရက် ဒီဇင်ဘာ ၂၀၀၉ )

0 comments

သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ ကို မန်းလေးကအန်းကုံး ၊ ရီးရီး(ဒေါ်ဒေါ်)၊ ကူကူ(ဦးဦး)၊ ကင်ကင် တို့ နဲ့ အတူပျော်ရွင်စွာကျင်းပခဲ့ ပါတယ်။ ပါးပါးနဲ့ မားမားကတော့သမီးလေး ကျန်းမာပျော်ရွင်ဖို့ အဝေးကနေအမြဲဆုတောင်းပေးနေပါတယ်။

Saturday, April 17, 2010

ကိုရင်မောင် နှင့် မမယ်မ(၁)

2 comments
ကိုရင်မောင် မမယ်မ တို့ ရဲ့ အကြောင်းကိုသမီးကိုပြောပြမယ်နော်။ အစိုးရ၀န်ထမ်း တွေဖြစ်ကြတဲ့ ကိုရင်မောင်နှင့် မမယ်မ တို့ မှာအိမ်ထောင်ကျပြီး ၁ နှစ်အကြာမှာသားဦးလေးရှိလာခဲ့ ပါတယ်။ အိမ်ထောင်ဦးကတည်းက ကိုရင်မောင်က နယ်မှာစိုက်ပျိုးရေးဘဏ်မန်နေဂျာအဖြစ်နဲ့ တာဝန်ကျနေပြီး မမယ်မကတော့ဆိပ်ကမ်းမှာ စာရင်းစစ်မို့ ရောင်နောက်ဆံထုံးပါ ချက်ချင်းလိုက်မသွားနိုင်ဖြစ်နေပါတယ်။

သားဦးလေး ၉လရောက်မှ ကိုရင်မောင်လည်း ကျောင်းကုန်းဆို တဲ့ နယ်မြို့ လေးကိုပြောင်းခွင့်ရ မမယ်မလည်းဘဲအဲ့ ဒိနယ်မြို့ လေးကိုပြောင်းခွင့် ရနဲ့ မိသားစုအတူပျော်ရွင်စွာအတူနေခွင့်ရခဲ့ ပါတယ်။ သားလေးကိုတော့မနက်အလုပ်သွားရင်အိမ်မှာသိပ်ခဲ့ ပြီး တစ်ယောက်တစ်လှည့်စီအိမ်ပြန်ပြီးကြည့်ကြပါတယ်။ တကယ်လို့ ကလေးကငိုနေခဲ့ ၇င်လည်းအိမ်နားနီးချင်းတွေက ကိုရင်မောင်အလုပ်လုပ်တဲ့ ဘဏ်ရှေ့ကိုလာပြီ။ ဗျို့ ကိုရင်မောင် ခင်ဗျားကလေးငိုနေပြီဗျ အိမ်ပြန်ပြီးကလေးထိန်းလိုက်အုံးလို့ အော်တယ်တဲ့ ။ ညနေအလုပ်ကပြန်ရောက်ရင် မိသားစုညနေစာစားသောက်ပြီးတော့လမ်းလျောက်လည်းထွက်ကြတယ်တဲ့ ။ မြို့ လေးကလည်းသေးလွန်းတော့လျောက်စရာဆိုလို့ ဒီလမ်းမကြီးတစ်ခုဘဲရှိတယ်တဲ့ ။

ဒီလိုနဲ့ နေလာလိုက်တာ သားဦးလေး ၂ နှစ်ပြည့် လုပြည့်ခင်မှာ မမယ်မမှာ ဒုတိယကိုယ်ဝန်ရှိလာတယ်တဲ့ ။ မျော်လင့် မထားခဲ့ လို့ လင်မယားနှစ်ယောက်လုံးရှေ့ ရေးအတွက်ရင်လေးနေမိကြတယ်။ မိဘဆွေမျိုး တွေမရှိကြတဲ့ နယ်မြို့ လေးမှာ မို့ အားငယ်မိကြပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်ရင့် လာတော့မမယ်မက မိဘတွေရှိတဲ့ ရန်ကုန်မှာ သမီးလေးကို ချော့ မွေ့ စွားမွေးဖွားခဲ့ တယ်။ မီးဖွားခွင့် ပြည့်လို့ နယ်မြို့ လေးကို ဒုတိယကလေး လသားလေးကိုပိုက်ပြီး ပြန်လို့ လာခဲ့ တယ်။ အလုပ်ကနေထွက်ဖို့ လည်း စိတ်ပြင်ဆင်ထားခဲ့ ပြီ။ တွေ့ ကြုံရမယ့် အခက်အခဲ တွေအတွက်လည်းကြို စည်းစားထားပြီးပြီ။

သမီးလေးရဲ့ ကံလို့ ဘဲပြောရမလားဘဲ။ အိမ်ဘေးနားက ဒေါ်ကြီး နဲ့ သူ့ ရဲ့ သမီး လေးတို့ ကအလုပ်မထွက်ဖို့ နဲ့ သူတို့ ဒီသမီးလေးကိုထိန်းပေးမယ်လို့ ပြောလာခဲ့ တယ်။ ဒီလိုနဲ့ မမယ်မလဲအလုပ်ကမထွက်ဖြစ်ခဲ့ ဘူး။ ဒါပေမဲ့ ဘ၀အလှည့်အပြောင်းတွေ ကြောင့်  သမီး ၁ နှစ်ပြည့်ခါနီးမှာကိုရင်မောင်က ပျဉ်းမနားကိုပြောင်းဖို့ ဖြစ်လာခဲ့ တယ်။စိတ်သွားတိုင်းကိုယ်မပါတဲ့ ပြည်သူ့ ဝန်ထမ်းဘ၀မို့  မမယ်မလည်း ရန်ကုန်ကို ပြောင်းဖို့ Transfer ကျလာတယ်။

၎ နှစ်အရွယ်သားလေးနဲ့ ၁ နှစ်ရွယ်သမီးလေးနဲ့ မမယ်မတစ်ယောက်တည်းရန်ကုန်ကိုပြောင်းလာခဲရ့တယ်။ ကိုရင်မောင်လည်း မမယ်မနဲ့ ကလေးတွေကို အမအိမ်မှာထားခဲ့ ပြီးတော့ ပျဉ်းမနားကိုပြန်သွားတယ်။

Tuesday, April 13, 2010

လမ်းလျှောက်ကြမယ်ဟေ့ 

0 comments


သမီးလေးကလမ်းလျှောက်တက်ပြီဆိုတာနဲ့ သူ့ အဖိုးနဲ့ အဖွားလက်ကိုအတင်းယူပြီးလျှောက်တယ်တဲ့ ။ လွန်ခဲ့ တဲ့ တစ်ပတ်လောက်ကမန်းလေးအိမ်ကိုဖုန်ဆက်တော့သမီးအန်းကုန်းနဲ့ ပြောဖြစ်တယ်လေ။ သမီးကသူ့ လက်ကိုလာဆွဲတယ်တဲ့ နောက်တော့သူ့ အဖွားလက်ကိုသွားဆွဲတယ်။ ပြောရင်းပျော်နေလိုက်တာ သမီးအန်းကုန်းက ကလေးအရမ်းချစ်တာ မားမားတို့ ငယ်တုန်းကဆိုဘယ်လောက်ဆိုးဆိုး မရိုက်ဘူး။စိတ်လည်းအရမ်းရှည်တယ်။ သမီးအန်းမကလဲဖုန်းထဲကနေ သူ့ မြေးက အဖိုးလက်ကိုသွားဆွဲပြီးရင်အဖွားလက်ကိုလာဆွဲတယ်ဆိုပြီးတော့ မားမားကိုအပြိုင်အဆိုင်ကြွားကြတယ်။

Saturday, April 10, 2010

သမီးလေးနို့ သောက်ချိန်

0 comments

သမီးလေးကို ၅ လသမီးအထိအမေနို့ တစ်မျိုးတည်းကိုတိုက်ခဲ့ ပြီးနို့ ဗူးမကျင့် ခဲ့ မိလို့ ။ နာနီဆီပို့ ရာမှာနို့ ဗူးမသောက်တက်လို့ ပါးပါးမှာပူရ မားမားမှာသမီးနို့ ဗူးမသောက်လို့ ပြောတိုင်းငိုရနဲ့ ရတက်ပွေခဲ့ ရပါတယ်။ သမီးလေးက၁၁ လသမီးအထိ အမေကိုတွေ့ လို့ ကတော့ဗိုက်ဘယ်လောက်ဆာဆာအမေနို့ နဲ့ ဆန်ပြူတ်ကိုဘဲသောက်ပါတယ်။အပြင်တစ်ခါထွက်ရင် အမေနို့ နဲ့ မလောက်မှာစိုးလို့ ဆန်ပြုတ်သယ်ရ၊ရေသယ်ရ နဲ့ ပါ။ မန်းလေးပြန်ခါနီးအထိကိုအမေနို့ သောက်နေတုန်းပါဘဲ ။ ဒါပေမဲ့ ထူးဆန်းစွာဘဲ သမီးက သူ့ အန်းမအိမ်ရောက်ကထဲကအမေနို့ ဖြတ်စရာမလိုဘဲ နို့ ဗူးကိုကောင်းကောင်းစသောက်ပါတော့တယ်။

Friday, April 9, 2010

ဖွားဖွား

0 comments

ပါးပါးရဲ့ ကျန်းမာရေးကြောင့် ဖွားဖွားမှာသားဇောနဲ့ စင်ကာပူကိုရောက်အောင်တစ်ယောက်တည်းလာခဲ့ ပါတယ်။ တရုတ်စာ၊အင်္ဂလိပ်စာ များမတက်ပေမယ့် မြန်မာလိုပြောပြီး ရောက်လာခဲ့ပါတယ်။မိခင်မေတ္တျာကြောင့် လို့ ဘဲပြောရမှာပေါ့ ။ ပါးပါးကိုလည်းမခွဲခင်ရောခွဲပြီးမှာပါ အသက်အရွယ်အရလိုက်မလုပ်ပေးနိုင်ပေမယ့် ဘေးကနေတတွတ်တွတ်ပြောနေတာ စိုးရိမ်လို့ ။


ဆေးရုံကဆင်းပြီးအိမ်မှာနားနေတုန်းတစ်ရက်မှာ။ ပါးပါးကဖွားဖွားကိုမျက်စဉ်းဆေးခတ်ပေးမလို့ အိပ်ရာပေါ်မှာလဲခိုင်းလိုက်တာ ဖွားဖွားမှာမူးပြီးချာချာလည်သွားပါတော့တယ်။ ပါးပါးလည်းချက်ချင်းသွေးပေါင်ချိန်တိုင်းလိုက်တော့ အပေါ်သွေး က၁၈၀ နဲ့ အောက်သွေးက ၁၀၂ ဖြစ်နေပါတယ်။ သွေးတက်နေတာပေါ့ ချက်ချင်းဘဲသွေးကျဆေးတွေတိုက် အိပ်ရာမှာခေါ်င်းအုံး ၂ ခုနဲ့ မှီပြီးထိုင်ခိုင်းထားရပါတယ် မားမားကိုလည်းဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြထားတယ်။ အဲ့ ဒိနေ့ ကတည်းကစပြီး ၄ ရက်လောက်အထိဖွားဖွားမှာကုတင်ပေါ်လှဲပြီးမအိပ်နိုင်တော့ပါဘူး။ ခေါ်င်းအုံးတွေနဲ့ ခံပြီးထိုင်ရက်လေးအိပ်ရပါတော့တယ်။


ဆန်းဒေးမှာတော့မဖြစ်ဘူးဆိုပြီး မြတ်စေတနာဆေးခန်းကိုပြေးရပါတယ်။ ဆရာဝန်ကတော့ဦးနှောက်ထဲသွေးမရောက်လို့ လို့ ပြောပါတယ်။ သွေးပိုရောက်စေတဲ့ ဆေးပေးလိုက်ပါတယ်။ ဆေးတော့မသောက်ဖြစ်ပါဘူး။ အိမ်ပြန်ရောက်တော့ မြန်မာဆရာဝန်တွေကို NUH မှာရှာကြည့်တော့တွေ့ တာနဲ့ ဖုန်းဆက်ပြီး appointment ယူ့တော့ သောကြာနေ့ ညနေမှရတယ်။ မားမားရဲ့ အကိုဝမ်းကွဲတစ်ယောက်က Jurong Medical Centre မှာလည်းမြန်မာဆရာမတစ်ယောက်ထိုင်တယ်ဆိုတဲ့ အကြောင်းသတင်းပေးလာတယ်။ သောကြာနေ့ မှာNUH ကဆရာမနဲ့ ပြဖို့ မစောင့် နိုင်တာနဲ့ အဂါင်္နေ့ မှာမားမားအကိုလမ်းညွန်လိုက်တဲ့ Jurong Medical Centre ကိုဖွားဖွားနဲ့ ပါးပါးသွားလိုက်တယ်။


ဆရာမကဖွားဖွားရှင်းပြတာကိုသေချာနားထောင်ပါတယ် ။ ရောဂါရာဇ၀င်ကိုလည်းသေချာမေးပါတယ်။ လှဲပြီးတော့ ၊ထိုင်ပြီးတော့ ၊ လှေကားအဆင်းအတက်လုပ်ပြီး သွေးပေါင်ချိန်တွေကိုတိုင်းပါတယ်။ ပါးပါးကအင်တာနက်ထဲမှာရှာပြီးဖတ်ကြည့်တော့ဒါမျိုးတွေက လူကြီးတွေမှာနားထဲကအရေခမ်းသွားလို့ ဖြစ်တက်ကြောင်းပြောပြတော့ လည်းနားကိုသေချာကြည့်ပြီးစမ်းပေးပါတယ်။ မျက်စိခွဲထားဘူးကြောင်းပြောလို့ မျက်လုံးကိုလဲသေချာစမ်းပေးပါတယ်။ ရန်ကုန်မှာတုန်းကဆရာဝန်က ကြီးပေါင်းတက်တာဖြစ်နိုင်တယ်လို့ ပြောဘူးကြောင်းပြောပြလို့ ပုခုံးကို ဓတ်မှန်ရိုက်ခိုင်းပါတယ်။ အဖြေတော့မသိရသေးပါဘူး။


ဆရာမပေးလိုက်တဲ့ အမူးပျောက်ဆေးကိုသောက်လိုက်တာအခုတော့တော်တော်သက်သာသွားပါပြီ။

Thursday, April 8, 2010

ဘ၀ ချိန်ခွင်

0 comments

ပါးပါးနဲ့ မားမားမှာသမီးစင်ကာပူပြန်လာနိုင်ဖို့ အစီအစဉ်တွေဆွဲနေကြပါတယ်။ ပါးပါးကတော့သမီးကိုတစ်နေကုန်ကျောင်းမှာမထားချင်ပါဘူး။ သမီးလေးက ၅ လသားကတည်းကတည်းကနာနီအိမ်မှာ မနက် ၇ ည ၇နေခဲ့ ရတော့ ပါးပါးကရေရှည်မှာသမီးအတွက်မကောင်းဘူးလို့ ထင်တယ်။ အလုပ်ကအိမ်ပြန်လာရင်လည်း အိမ်သန့် ရှင်းရေးလုပ် နေရတာနဲ့ ချက်နေပြုတ်နေရတာနဲ့ ကိုယ့် ကလေးနဲ့ အေးဆေးမနေရဘူးလို့ ပြောနေတယ်။ သမီးကိုလည်းမနက်အစေားကြီးနိုးပြီးကျောင်းမပို့ ချင်ဘူးတဲ့ ။ ပါးပါးရဲ့ သဘောက အိမ်ဖော်တစ်ယောက်ခေါ်ပြီး သမီးကိုအချိန်ပိုင်းတစ်နေ့ ကို ၂ နာရီဘဲသင်တဲ့ ကျောင်းလေးမှာထားချင်တယ်။ အလုပ်ကအိမ်ပြန်လာရင်လည်း အိမ်ဖော်ကအိမ်အလုပ်တွေလုပ်ထားလို့ ကိုယ့် ကလေးကိုအချိန်ပိုပေးနိုင်တယ်လိုပြောတယ်။

တွက်ကြည့်လိုက်ရင်


၁။ သမီးလေးရဲ့ မူကြိုကျောင်းခ က ခန်းမှန်းချေ ---------------------- ၁၅၀ခန့် 

၂။ အိမ်ဖော်အတွက် စင်ကာပူအစိုးရသို့ အခွန်တစ်လ-------------------၂၇၀ တိ

၃။ အိမ်ဖော်နှင့် ညှိမယ်လို့ ကိုယ်စိတ်ကူးထားတဲ့ လစာ( ရမရတော့မသိ)၂၅၀ လောက်

၎။ သူ့ အတွက်စားစရိတ် ------------------------------------------------၁၀၀ နဲ့ ရမလားမသိ

၅။ တကယ်လို့ သူ ကစတိုခန်းထဲမှာမနေနိုင်ခဲ့ ရင်-----------------------၃၀၀ လောက်တော့ရှိမှာပေါ့ 


နံပါတ် ၁ကနေ ၄ အထိပေါင်းကြည့်လိုက်တော့ တစ်လလျှင် ၇၇၀ လောက်ကုန်ကျနိုင်ပါတယ်။ ဒါတောင် နံပါတ် ၅ နဲ့ အိမ်ဖော်ကိုစင်ကာပူမှာစာမေးပွဲအောင်နိုင်အောင် မြန်မာနိုင်ငံမှာကျူရှင်ထားရန်နှင့် ပတ်စပို ၊လေယာဉ်လက်မှတ်ဖိုးတို့ ထည့်မတွက်ထားသေးပါဘူး။ စာမေးပွဲကျရင်ကောဆိုတာတော့ ပူရမှာတွေများနေလို့ ထည့်မတွေးတော့ပါဘူး။


မားမားကတော့အခုအိမ်မှာသူစိမ်းတွေနဲ့ နေနေရတယ်ဆိုပေမဲ့ သူ့ အခန်းသူနေကိုယ့် အခန်းကိုယ်နေစင်ကာပူစတိုင်မို့ မပြောသာပေမယ့် ။ အိမ်ဖော်တစ်ယောက်ခေါ်ဖို့ ကျတော့ဝန်လေးမိတယ်။ မားမားကလည်းနဂိုကတည်းကသူ များကိုခိုင်းရမှာအားနာတယ်။ ပြီးတော့သမီးပါးပါးမားမားတို့ အလုပ်သွားရင် သူရယ်သမီးလေးရယ် နှစ်ယောက်ထဲကျန်ခဲ့ တော့ သူကကြာရှည်ကော နေနိုင်ပါ့ မလားလို့ ။သမီးကိုကောမားမားလို့ ချက်ဟယ်ပြုတ်ဟယ်နဲ့ အပင်ပန်းခံပြီးထိန်းပါ့ မလား။ သမီးကိုခေါ်ပြီးတော့များလျောက်လည်နေမှာလား။ သူ့ စေတနာကိုယ့် စေတနာဘဲဆိုတာကိုလက်ခံပေမယ့် ။ မမြင်နိုင်တဲ့ ကံကြမာကို စိုးရွံမိတယ်။ သမီးကို အခုတော့ Child Care ဘဲပို့ နောက်မှ မီးစင်ကြည့်ကမယ်ဆိုပြီးတော့တွက်ကြည့်လိုက်ရင်


၁။ NTUC Child Care Full Day မှာပို့ ရင် တစ်လကို ၅၀၀ကျော် ပေးရမယ် ။ မားမားအလုပ်နဲ့ ကလမ်းမကြုံတော့ကျောင်းကိုသွားပို့ ဖို့ က နာရီဝတ်လောက်အချိန်ပိုယူရမယ်။ သဘောကသမီးကကျောင်းကို မနက် ၇ နာ၇ီခွဲလောက်ကထဲကသွားရ့ ပြီးညနေ ၆ နာ၇ီကျော်လောက်မှပြန်ရမယ့် ကိန်း။ နာနီအိမ်မှာသမီးကိုပို့ သလိုမျိုးဘ၀မျိုးကိုပြန်ေ၇ာက်သွားမှာပေါ့ ။ ဒါပေမဲ့ သမီး P1 တက်မဲ့ အရွယ်ရောက်ရင်ကောဘယ်လိုလုပ်မလဲ။ ဒီလို တစ်နေကုန်ကျောင်းမှာနေနေရတဲ့ ဘ၀ကိုမားမားဘယ်လောက်ထိသီးခံနိုင်မလဲ။ သမီးလေးကိုနေ့ ဝက်ကျောင်းပို့ ကျန်တဲ့ နေ့ ဝတ်ကိုအိမ်မှာအိမ်စာလေးလုပ်မသိတာရှိရင်မားမားကိုမေး ။ သမီးကအပြင်ထွက်ဆော့ချင်တယ်ဆိုလိုက်ပို့ ပါးပါးပြန်လာတာကိုစောင့် မိသားစုဘ၀ပျော်ရွင်လေးနေချင်မိတယ်။ ကိုယ့် ကလေးကိုကိုယ်ဖိရင်ဖိပြုစုချင်မိတယ်။ စိတ်ကုးယဉ်ကြည့်တာပါ.......


၂။ CreativeLand Childcare & Development Centre အဲ့ ဒါကျတော့ Private အိမ်ရဲ့ အနောက်ဘက်ဘလောက်အောက်ထပ်မှာ နီးတယ်ပေါ့ ။ ၁ နှစ်ခွဲကနေ ၂ နှစ်အထိက ၇၀၀ ၊ ၂ နှစ်ကျော်သွားရင် ၆၅၀ တဲ့ ။ သူကအိမ်နဲ့ နီးတော့ မနက်မားမားအလုပ် သွားရင်းနဲ့ ပို့ ထားဖို့ အဆင်ပြေတယ် ညနေအလုပ်ကပြန်ရင်လည်းကြိုဖို့ လွယ်တယ်။ သဘောကတော့သမီးကတစ်နေ့ ကို မနက် နာ၇ီဝတ် ညနေနာ၇ီဝတ် အိမ်ကနေနောက်ကျထွက် စောစောပြန်ရောက်မယ်ဆိုတဲ့ သဘော။ သူကလည်း waiting list ဘဲပေးထားရမှာလူပြည့်နေပြီ။ စာရင်းတော့မပေးထားဘူး သမီးဒီရောက်ရောက်ခြင်း နေရာအသစ်မှာ ကျောင်းသွားပို့ လိုက်ရင်သမီး စိတ်ခံစားရမှာစိုးလို့ ။ အိမ်မှာဘဲသမီးကို ၁ လ ၂ လလောက် waiting list စောင့် ရင်း အထိုင်ကျသွားစေမယ်။ (အဲ့ ဒိလိုသမီး ၁၆ လပြည့်မှာရေးခဲ့ပြီး နောက်နေ့ သွားစုံစမ်းတော့ waiting list ကအနဲဆုံး ၁ နှစ်ကနေ ၂ နှစ်အထိစောင့်ရမယ်တဲ့ ...တိမ်...)


မားမားဆို ၈ နှစ်အရွယ်တုန်းကကျောင်းပြောင်းရတယ် အရမ်းကိုကြောက်ဖို့ ကောင်းတဲ့ အတွေ့ အကြုံဘဲ ကိုယ့်ကလေးကိုတော့ကိုယ် ငယ်တုန်းကလို မဖြစ်စေချင်ဘူး။ အဲ့ ဒိလိုဘဲအစိုးရိမ်လွန်လို့ လားမသိဘူး သမီးမှာရန်ကုန်မှာ မွေးပြီးချင်း ၂ လနေနောက်တော့မားမားခေါ်ရာစင်ကာပူကိုရောက်လာ ၅ လမှာနာနီအိမ်ရောက် ၁၁ လမှာ မန်းလေးကိုအပို့ ခံရ။ အခုလည်းမားမားကဘာတွေစီစဉ်နေပြန်ပြီလဲလို့ ဆိုအုံးမှာဘဲ။

ဒါပေမဲ့ လည်း လူ့ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တိုင်းဖြစ်ဖို့ မလွယ်ပါဘူး။ ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေကိုအမြဲတမ်းချိန်ခွင်ထိုးနေရပါတယ်။ ဈေးရောင်းသလို ပေါ့ တစ်ခါတစ်လေတော့လည်းသံယောဇဉ်ဆို တာလေးနဲ့ အလေးခိုးမိပါရဲ့ ။
ရေးနေတွေးနေမိတယ် သမီးရဲ့ ၁၆ လပြည့်အမှတ်တရပေါ့ ။

Saturday, April 3, 2010

အိမ်ဆွဲလည်း

0 comments

သမီးလေးကအခုဆိုကလေးသီချင်းလေးတွေဖွင့် ပေးရင်အရမ်းကြိုက်ပါတယ်။ သေချာကြည့်ပြီးတော့လက်လှပ်ခြေလှုပ်လိုက်လုပ်တက်နေပါပြီ။ အန်းမတို့ အိမ်မှာလည်းကလေးအသံမကြားရတာအနှစ် ၂၀ကျော်သွားပါပြီး အခှုသမီးလေးရောက်လာတော့မှအိမ်မှာစိုပြေသွားတော့တယ်။

Friday, April 2, 2010

တံမြတ်စည်းလှည်းခြင်း

0 comments

သမီးလေးကအခုဆို တံမြတ်စည်းတောင်လှည်းနိုင်နေပြီနော်။

Thursday, April 1, 2010

သမီးနဲ့ ဖွားဖွား

0 comments
သမီးလေးကိုရန်ကုန်ကဖွားဖွားအိမ်မှာမွေးတာလေ။ ဖွားဖွားရဲ့ ၁၀ယောက်မြောက်မြေးမလေးပေါ့ ။ သားအချစ်မြေးအနှစ်ဆိုသလိုဘဲ ။ မားမားကိုလဲလိုလေသေးမရှိအောင်မီးတွင်းထဲမှာပြူစုပြီး သမီးလေးကိုလည်းအရမ်းချစ်ပါတယ်။ ဖွားဖွားကတော့ မားမားကိုယ်ဝန်စရှိပြီဆိုတာသိကတည်းကရန်ကုန်မှာပြန်လာမွေးဖို့ ကိုဘဲပြောပါတယ်။
ဖွားဖွားကအသက် ၇၀ကျော်နေပြီဆိုတော့ စင်ကာပူလာပြီး ကလေးထိန်းဖို့ ကျတော့မဖြစ်နိုင်ဘူးလေ။
ပါးပါးကသမီး ၁၀ ရက်ရတော့စင်ကာပူကိုပြန်သွားတယ်လေ။ မားမားရယ်သမီးရယ် အိမ်ဖော်ကောင်မလေးရယ်က ဖွားဖွားတို့ အိမ်မကြီးဘေးကအိမ်သေးလေးမှာနေကြတယ်လေ။ ဖွားဖွားကတော့တစ်နေ့ ကိုမနက်တစ်ခါညနေတစ်ခါတော့ရောက်ရောက်လာတယ်။ ညဖက်မားမားနဲ့ အတူအိပ်ရအောင်တော့အဒေါ်ကြီးတစ်ယောက်ကိုအဖော်ခေါ်ထားတယ်။ သမီးတစ်လမပြည့်ခင်လေးပေါ့ တစ်ညသမီးကဘာဖြစ်လို့ မှန်းလည်းမသိဘဲ ကိုယ်တွေခြစ်ခြစ်တောက်ပူလာတယ်။ သမီးဖျားတော့မားမားလည်းစိုးရိမ်ပြီးဖွားဖွားကိုခေါ်လိုက်တယ်။ သမီးကလူကိုယ်ပေါ်ကကိုမဆင်းတော့ဘူး မားမား တစ်လှည့် ဖွားဖွား တစ်လှည့် အဒေါ်ကြီး တစ်လှည့် သမီးကိုချီရတာမနက်မိုးလင်းထိပေါ့ ။

နောက်တော်တော်ကြာမှမားမားကလေးကျန်းမာရေးစာအုပ်တွေထဲကဖတ်ရတာတော့ ကလေးတွေကမွေးပြီးသုံးလအတွင်းမှာ ကိုယ်ခံအားတက်ရင်ကိုယ်ပူပြီးဖျားတက်တယ်တဲ့ ။







 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates