Thursday, December 23, 2010

ဆံနွယ် အလှဆင်ခြင်း


ဆံပင်တွေရှည်နေလို့ ကလှစ် လှလှလေးနဲ့ ။ သမီးကအန်းကုန်းကို သိပ်သိပ်ချစ်.........
ရီးရီး ရဲ့ ဘီးကုတ်ပန်းရောင်လေးနဲ့ လှနေတာပါ...
သစ်ခွပန်းလေး နဲ့ လည်းလှတာပါဘဲ....
ယောင်ပေစူးလေး နဲ့ တစ်မျိုးလှနေတဲ့ သမီးပါ.....

မြေးအဖွားနှစ်ယောက်ခြေပြစ်လက်ပြစ်ထိုင်နေကြတာပါ။ သမီးရဲ့ ရီးရီး(မားမားရဲ့ ညီမ) ၀ယ်ပေးထားတဲ့ Mickey Mouse ဘီးကုတ်လေးနဲ့ .....

စံပယ်ပန်းလေးနဲ့ အလှပိုနေသူလေးပါ....
မားမားဝယ်ပေးတဲ့ နေကာမျက်မှန်ကိုချက်ချင်းဘီးကုတ်လုပ်လိုက်တာ.....

4 comments on "ဆံနွယ် အလှဆင်ခြင်း"

nu-san on January 19, 2011 at 7:58 PM said...

စနိုးလေး မားမားရေ.. အမလည်း ကလေးတစ်ယောက်နဲ့ လုံးလည်လိုက်နေလို့ မရောက်ဖြစ်တာ ကြာသွားပြီ.. sorry ပါ ညီမ..
စနိုးလေးက တော်တော်ချစ်ဖို့ကောင်းနေပြီပဲ.. စတိုင်အမျိုးမျိုးနဲ့.. ဒီအရွယ်လေးတွေက တီတီတာတာပြောတတ်တော့ အဘိုးအဘွားတော့ အချစ်ပိုနေကြမှာပဲ.. ဆံပင်ကိုလည်း အမျိုးမျိုး လုပ်ပေးတတ်တယ်.. ချစ်ဖို့ကောင်းလိုက်တာ.. အမ သမီးလေးက ဆံပင် သိပ်မကောင်းဘူး.. သူ့ဆံပင်ကလေ မွေးပြီး ၃ လလောက်တုန်းက တစ်ခါ ကတုံးတုံးပေးလိုက်ပြီးကတည်းက အခုထိကို သိပ်မရှည်တော့ ညှပ်ပေးစရာတောင် မလိုဘူး.. အဲဒါကြောင့် စနိုးလေးလို ကလစ်လေးတွေ ဘီးကုပ်လေးတွေ ဆင်ပေးချင်ပေမယ့် ဆင်မရဘူး.. ရီရတယ်.. :D

ညီမရေ.. သမီးလေး မွေးနေ့ကို သတိတရ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါနော်.. :))

Khin on February 17, 2011 at 5:31 AM said...

သမီးလေးက မရယ်ဘူးနော်။ ပုံတိုင်းက နှုတ်ခမ်းလေးစေ့ထားတာ တင်းနေတာပဲ။ သူပျော်ရဲ့လား အဘိုးအဘွားတွေနဲ့။ နေသားကျနေလောက်ပြီနော်။

့်Home Sweet Home on February 17, 2011 at 11:25 PM said...

အမနုစံရေ

ကျွန်တော်လဲ သမီးလေးပြန်လာတော့မှမို့ အစစအဆင်ပြေစေဖို့ အလုပ်များနေတာနဲ့ ဘလော့ဘက်ကိုမလှည့်ဖြစ်ဘူးဖြစ်နေတာ။ သမီးလေးကိုလည်း ၃ လ လောက်မှ ကျွန်တော်ရယ်ကလေးပါးပါးရယ်နှစ်ယောက် ကတုံးတုံးဖြစ်တာ။ အခုသူ့ အဖိုးဖွားတွေဆီရောက်သွားမှ ပူလို့ ခဏ ခဏ တုံးဖြစ်တော့ကလေးရယ်ဆံပင်သန်လာတယ်နဲ့ တူပါတယ်.....:)

့်Home Sweet Home on February 17, 2011 at 11:40 PM said...

ခိုင်ရေ

သမီးကတည်တယ်...း)အဖိုးအဖွားတွေဆီမှာပိုပျော်သလား စင်ကာပူမှာနာနီဆီမှာပိုပျော်သလားဆိုတာတော့သူကြီးလာမှဘဲမေးရမယ်...း)အဖိုးအဖွားတွေဆီမှာ နေသားကျနေပြီမှ မားမားကအခု စင်ကာပူခေါ်ပြီးနေသားမကျအောင်လုပ်မလားလို့ ။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates