Saturday, September 18, 2010

NLD


မနေ့ ကသတင်းတစ်ခုထဲမှာ NLD ဖျက်သိမ်း ခံရတယ်ဆိုတဲ့ သတင်းကိုဖတ်လိုက်ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းက တီဗွီ ကနေမဲဆွယ်တဲ့ သတင်းတွေလာတယ်။ ဦးအောင်ကြီးပါတီ၊ ဦးနုပါတီ နဲ့ NLD တို့ ရဲ့ မဲဆွယ် စည်းရုံးရေးတရားဟောတာကို နားမလည်တလည်နဲ့ တီဗွီကနေကြည့်လိုက်ရတယ်။

အဲ့ ဒိမှာညီအစ်မနှစ်ယောက် အဖေနဲ့ အမေကို စည်းရုံးရေးဆင်းပါတော့တယ်။ အမေကို NLD ကိုမဲပေးဖို့ ပထမစည်းရုံးတယ် ဒါပေမဲ့ အမေက သူ စာအိပ်တံဆိပ်ပါတီကို မဲပေးမှာမို့ သူ့ ကိုမစည်းရုံးပါနဲ့ လို့ ပြောတယ်။ အဲ့ ဒါနဲ့ အဖေ့ကို ညီအစ်မ နှစ်ယောက် တစ်ယောက်တစ်ပေါက် NLD ကိုမဲပေးဖို့ ပြောကြတယ်။

မဲပေးတဲ့ နေ့ မှာ အဖေပြန်လာတော့ လည်း NLD ကို မဲပေးခဲ့ ရဲ့ လားလို့ မေးရတာအမော။ အဖေက သမီးတွေစိတ်တိုင်းကျ မဲပေးခဲ့ ပါတယ် ။ ငယ်ဘ၀အမှတ်တရလေးတွေပေါ့။

0 comments on "NLD"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates