Monday, August 2, 2010

အင်တာဗျူး


သမီးလေးမွေးပြီး တစ်လအကြာမှာရန်ကုန်ကနေအလုပ်ကိုထွက်စာတင်လိုက်တယ်။ သမီးအသက် ၂ လခွဲလောက်မှ စင်ကာပူကိုပြန်လာခဲ့ တယ်လေ ။ သမီးတစ်နှစ်လောက်မှဘဲအလုပ်ပြန်လုပ်တော့မယ်လို့ စဉ်းစား ထားရာကနေ သမီး ၄ လသားအရွယ်လောက်မှာ လင်မယားနှစ်ယောက်တိုင်ပင်ပြီး သမီး ၆ လလောက်ရရင်အလုပ်ပြန်ရှာမယ်လို အစီစဉ်ကပြောင်းသွားပြန်ရော။

တစ်ရက် ပျင်းပျင်းရှိနေတာနဲ့ စနေနေ့ လည်းဖြစ်တော့အလုပ်လျှောက်ဖြစ်သွားတယ်။ စင်ကာပူရောက်ခါစကအလုပ်တွေလျှောက်ပြီးသွားရင် အင်တာဗျူးလာနိုင်သလားလို့ မေးတဲ့ Phone Call တွေအများကြီးရတက်တယ်။ အခုတစ်ခါတော့တစ်ရက် တည်းလျောက်ပြီး မှ သမီးပါးပါးကမလျှောက်နဲ့ ဆိုလို ဆက်ပြီးမလျှောက်ဖြစ်လို့ အင်တာဗျူးလာဖို့ ခေါ်တာတစ်ခုဘဲရှိတယ် လာနိုင်တယ်လို့ ဖြေလိုက်တယ်။ သမီးပါးပါးက မသွားဖို့ တားတယ် ကလေး ငယ်သေးတယ် နို့ ဗူးမသောက်တက်သေးဘူး အမေအလုပ်သွားရင်ကလေးကိုဘယ်သူထိန်းမလဲ ...မေးခွန်းပေါင်းများစွာနဲ့ လေ။ သောကြာနေ့ မှာအင်တာဗျူးသွားနိုင်ဖို့ အတွက် သမီးကိုထိန်းဖို့ လူရှာရပါတော့တယ်။


Jurong ကယောင်းမ ကကလေးနှစ်ယောက်နဲ့ ကျောင်းကြိုကျောင်းပို့ နဲ့ မအားဘူး။ အသိမိတ်ဆွေတွေကလည်း ကိုယ့် အလုပ်နဲ့ ကိုယ်မို့ အကူညီတောင်းဖို့ ကလည်းမရဲ ။ နောက်ဆုံးတော့အိမ်မှာငှားနေတဲ့ မောင်လေးတစ်ယောက်က ညဂျူတီမို့ နေ့ ခင်းဘက်သူထိန်းပေးမယ်လို့ ပြောလာတယ်။

အင်တာဗျူးသွားမယ့်မနက် အိမ်ကထိန်းပေးမယ်လို့ ပြောတဲ့ မောင်လေးက မနက်ကထဲကပျောက်သွားတာဖုန်းဆက်လို့ လဲမရ SMS ပို့ လည်း ပြန်မလာဘူး။ မိုးတွေကရွာလာတယ် ချိန်းထားတဲ့ အချိန် ၉ နာရီကနီးနေပြီ ။ စိတ်ပူပြီး သမီးပါးပါးကိုဖုန်းဆက်တော့ မသွားနဲ့ တော့ဖုန်းဆက်ပြီး Sorry လို့ ပြောလိုက် နောက်ရက်ရွှေ့ ပေးမယ်ဆိုလက်ခံလိုက် မရွှေ့ ပေးနိုင်ဘူးဆိုရင်ထားလိုက်တော့ ကလေးဘဲဆက်ထိန်း တဲ့ လေ ။ နှစ်ခန်းကျော်က ဒီမှာဒေါက်တာဘွဲ့ လာယူနေတဲ့ ညီမလေးတွေရှိတယ် နေ့ ခင်းဘက်အားနေလို့ အကူညီလိုရင်လာ ခဲ့ ဖို့ ပြောဘူးလို့ သွားပြီးကြည့်တော့လူကမရှိဘူး။ အဲ့ ဒိလိုယောက်ယက်ခက်နေတုံး။ အိမ်နားက စလုံးအဒေါ်ကြီးက ဘာဖြစ်တာလဲလို့ မေးလာတာနဲ့ အကြောင်းစုံကိုပြောပြလိုက်တော့ ရတယ်သူ့ ဆီမှာထားခဲ့ သူထိန်းပေးမယ်လို့ လိုလိုလားလားပြောလာတယ်။ သမီးကိုသူ့ ဆီမှာထားပြီးမိုးရွာကြီးထဲကို ခေါ်က်ထီင်္းတစ်လက်နဲ့ ထွက်လာခဲ့ တယ်။

ဆံပင်ဂုတ်ဝဲကို နောက်ကနေစီးထားတယ် မျက်နှာမှာကချွေးတွေနဲ့ မိတ်ကပ်လိမ်းဖို့ အချိန်မရလို့ အဆီတွေကပြန်နေတယ် ခေါ်က်ထီးကြီးတစ်လက်နဲ့ စွပ်ဖိနပ်ကြီးစီးလာတဲ့ မားမားကို အင်တာဗျူးတဲ့ လူက အလှအပအရမ်းကြိုက်ပြီး သေသေသပ်သပ်နေတက်တဲ့ မန်နေဂျာမလေ Resume ထဲကဓတ်ပုံနဲ့ တော်တော်ကွာတယ်နော်တဲ့ ပထမမေးခွန်းက ။ အင်တာဗျူးပြီးသွားတော့ သူရဲ့ နောက်ဆုံးစကားက သူတို့ အလုပ်ထဲမှာစွပ်ဖိနပ်မစီးရပါဘူးတဲ့ ....:)

အိမ်နားကစလုံးအိမ်မှာသမီးကိုပြန်သွားခေါ်တော့သမီးကအိပ်ပျော်နေပြီ။

အဲ့ဒိလိုနဲ့ သမီး ၅ လအရွယ်မှာမားမားအလုပ်ပြန်လုပ်ဖြစ်သွားပါတယ်ကွယ်။

0 comments on "အင်တာဗျူး"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates