Wednesday, June 16, 2010

ရင်သွေးငယ်အတွက် တစ်နေ့ စာအာဟာရ ပြင်ဆင်ခြင်း


အစားအစာတစ်ခုကို ကလေးကထွေးထုတ်တဲ့ အခါ မကြိုက်ဘူးလို့ ထင်မြင်ယူဆ ဆုံးဖြတ်ချက်ချမယ့် အစားဒီအစာကိုပဲ နောက်တစ်မျိုးပြင်ဆင်ပြီးကျွေးလို့ ရပါတယ်။ အစားအသောက်စားတဲ့ ဆီမှာကလေးစိတ်ဝင်စားအောင်အမျိုးမျိုးချော့ မော့ ပြောဆိုတာ အားပေးအားမြှောက်လုပ်ပေးတာတို့ နဲ့ ဆွဲဆောင်ရပါမယ်။ ကလေးကိုယ်တိုင်လက်ကလေးနဲ့ သူယူစားခွင့်ပြုခြင်းဖြင့် လည်း အစားအစားလာအောင် စည်းရုံးရပါမယ်။



အရေးကြီးတဲ့ အချက်ကတော့လူကြီးတွေလို တစ်ခါစားရင်အ၀စားစနစ်နဲ့ တစ်နေ့ မှာအကြိမ်ရေနည်းနည်းသာ ကျွေးလို့ တော့မဖြစ်ပါဘူး။ တစ်နေ့ ကို ရှစ်ကြိမ်လောက်ခွဲပြီး နည်းနည်းနှင့်ခဏ ခဏကျွေးတဲ့ စနစ်သာ ရင်သွေးငယ်ရဲ့  တစ်နေ့ တာလိုအပ်ချက်အာဟာရပြည့်ဝမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ မှာခွံကျွေးသလောက် ကိုထိုင်စားတဲ့ အခါရှိသလို တစ်ခါတစ်ရံမှာနည်းနည်း သာစားပြီးထသွားတက် တဲ့ အခါ တွေလည်းရှိမှာပါပဲ ။ အဲ ဒီအခါမျိုးမှာအတင်း ပြန်ခေါ်၊ အတင်းခွံကျွေးလုပ်မယ့် အစား နောက်တစ်ကြိမ် မှာပိုမို ကျွေးခြင်းဟာသင့်လျှော်ပါတယ်။ တစ်နေ့ တာအတွက်လုံလောက်တဲ့ အာဟာရ အပြည့်အ၀ကျွေးလိုက်နိင်မှာလည်းဖြစ်ပါတယ်။



အစာကျွေးစဉ်မှာကလေးဟာဆော့ကစားပြီး တစ်အိမ်လုံးအစားအစာများဖိတ်စဉ်ညစ်ပတ်ပေရေမယ့် ဒုက္ခလည်းရှိပါသေးတယ်။ ဒီအတွက်တော့ အစာကျွေးမယ့် သူရဲ့ စည်းရုံးနိုင်မှု၊ စိတ်ပြောင်းလဲပေးနိုင်မှုအစွမ်း လိုအပ်ပါတယ်။ အစာမကျွေးမီ တစ်ပတ်လည်လုံး သတင်းစာနဲ့ စာအုပ်များတင်ထားတဲ့  ကုလားထိုင်တွေ ထိုင်ခုံ အမြင့် တွေနဲ့ ဝိုင်းရံထားပြီး ၀ိုင်းအတွင်းမှာသာကျွေးမယ်ဆိုရင်တော့ ဆော့ကစားချင်တဲ့ ကလေးအနေနဲ့  ဒီစာအုပ်တွေကိုသာဆော့စရာအဖြစ်ကစားရင်းစားမှာဖြစ်ပါတယ်။ အစာကျွေးပြီးရင်စာအုပ်များအလွယ်တကူ ပြန်လည်စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ကုလားထိုင်ပေါ်မှာ လင်ပန်းငယ်တစ်ခုတင်ထားပြီး ကလေးငယ်ကို သူသောက်နေတဲ့ မတ်ခွက် ကလေးထားရမယ့်နေရာအဖြစ်လင်ပန်းမှာစက်ဝိုင်းလေးဆွဲပြ၊လိုက်ရွှေ့ ခိုင်းစေပြီး မှန်အောင်လုပ်ဆောင်နိုင်တဲ့ အခါ ချီးကျူးပေးတဲ့ ကစားနည်းမျိုးလေးများနဲ့ လည်းဆွဲဆောင်ရင် အစားပိုစားစေနိုင်ပါတယ်။

You & Your Toddler

ဒေါက်တာမာမာဆွေ

မားမား။ ။ သမီးကအခု အသက် တစ်နှစ်ခွဲရှိနေပါပြီ အရင်လိုသူ့ ကိုလင်ဗန်းလေးတင်ထားတဲ့ ခုံလေးမှာထိုင်စားခိုင်းလို့ မရတော့ပါဘူး။ သမီးလေး ၇ လလောက်တုန်းကတော့သူ့ ကိုအဲ့ ဒိခုံလေးမှာထိုင်ခိုင်းပြီးကျွေးရတာတော်တော်အဆင်ပြေခဲ့ ပါတယ်။ သိတာလေးနဲနဲ နဲ့  အန်းမကိုဆရာလုပ်မိပါတယ်။

0 comments on "ရင်သွေးငယ်အတွက် တစ်နေ့ စာအာဟာရ ပြင်ဆင်ခြင်း"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates