Tuesday, June 1, 2010

သမီးအကြောင်း ( ၇ ရက် ဇွန်လ ၂၀၁၀)


ငါးကြင်းခြစ် ကို ဆား၊ ခါကြက်ဥ တို့ နဲ့ နယ် ရေညှိနဲ့ လိပ်ပြီးသမီးလေးကိုပေါင်းကျွေးတယ်လေ။



ကြက်ဥကို ခေါက်ပြီး အိုးထဲမှာဆီပါးပါးလေးသုတ်ပြီးကြော်လိုက်ပါ။ ငါးကြင်းခြစ်ကို ဆား၊ ခါကြက်ဥတွေနဲ့ နယ် ကြက်ဥကြော်ပေါ်မှာတင်ပြီးလိပ် အကွင်းလေးတွေလှီး ပဲသီးအစိမ်းလေးကိုအပေါ်ကတင်ပြီးပေါင်း။ သမီးကကြိုက်လို့  ၇ ခုကြီးများတောင်ကုန်အောင်စားလိုက်တယ်နော်။



သမီးလေးအခုတစ်လောအစာတော်တော်ဂျီးများနေပါတယ်။ လွန်ခဲ့ တဲ့ သုံးလေးရက်က နှစ်နှစ်ခြိုက်ခြိုက်စားခဲ့ တဲ့ အစာကို အခုမစားတော့ပြန်ပါဘူး။ အရင်ကသူမစားဘူးလို့ ထင်တာကိုအခုကြိုက်ရင်ကြိုက်နေတက်ပါတယ်။

အခုဆိုလူတစ်ယောက်ကသူ့ အတွက်တစ်နေ့ တစ်မျိုးမရိုးရအောင်ပြင်ဆင်ပြီးကျွေးရပါတယ်။ သမီးအန်းမကတော့မြေးမလေးအတွက်ဆိုပြီးတစ်နေ့ တစ်မျိုးချက်ကျွေးဖြစ်တာတွေကို ဂျီမေးကနေပို့ ပေးပါတယ်။ မားမားတို့ တုန်းက အန်းမ အန်းကုန်းက အစိုးရ၀န်ထမ်းတွေမို့ ကလေးတွေအတွက်အဲ့ ဒိလောက်တကူးတကကြီးမလုပ်ပေးနိုင်ပါဘူး။
မားမားတို့ စင်ကာပူကနေစိတ်ပူတယ်ဆိုတာဘာဟုတ်သေးလို့ လဲ သမီးရဲ့ အန်းမကသမီးထမင်းဟင်းမစားမှာကိုပို လို့ တောင်စိတ်ပူသေးတယ်။ သမီးက ရေညှိထမင်းလိပ်ကြိုက်တယ်ဆိုပြီးကျွေးနေရာကနေ သုံးလေးရက်ကြာတော့မကြိုက်တော့ဘူးဖြစ်သွားပြန်တယ်။ သမီးကအကြော်အလှော်တွေကိုအရမ်းကြိုက် အာလူးကြော်၊ စာကလေးခွေ၊ အပေါက်ကြော်(မတ်ပဲကြော်)တို့ ကိုကိုယ့် ဟာကိုယ်ကိုင်စားတက်နေပြီ ။ သမီးမမြင်အောင် အာလူးကြော်အထုတ်တွေ စာကလေးခွေကြော်အထုတ်တွေကို ဖွတ်ရတာအမောတဲ့ ။ မြင်လို့ ကတော့ အဲ....အဲ ....နဲ့ လက်ညှိးထိုးပြီးတောင်းတယ်လေ။ အရသာခံတက်ပုံများတော့သမီးမကြိုက်တာကိုအတင်းကျွေးလို့ ကတော့ အစာတွေကို လျှာနဲ့ ကလော်ပြီးထုတ်လိုက်တာဘဲ။ ထမင်းအဖြူကိုတော့ အရမ်းကြိုက်တယ်။

သမီးက အခုချိန်ထိတော့ ပါးပါး ....၊ ရုပ်ရုပ်.......၊ လိုင်လိုင်းလိုင်း.......၊ ရီးရီး......အဲ့ ဒိလိုမျိုးနဲနဲတော့ပြောတက်တယ်။ ဒါပေမဲ့ လူကြီးပြောသမျှတော့အကုန်နားလည်နေပြီ လည်လည်သွားမယ်ဆိုအပြင်သွားတော့မယ်ဆိုတာသိတယ်။ လက်ဆေးမယ်ဆိုရင်ဘေစင်ရှိတဲ့ နေရာကိုကိုယ့်ဟာကိုယ်လာတက်နေပြီ။ ခါးခါးလိမ်းမယ်ဆိုရင် ကျောက်ပြင်ရှိတဲ့ နေရာကိုရောက်နေပြီ။ လွန်ခဲ့ တဲ့ အပတ်လောက်တုန်းက အန်းကုန်းနဲ့ အန်းမက တင်တင်အေးထိုးမုန့် သွားဝယ်တုန်း သမီးကကားပေါ်ကနေ တင်တင်အေးထိုးမုန့် ရဲ့ တံဆိပ် ပစ်တိုင်းထောင်ကိုတွေ့ သွားတော့ ရုပ်ရုပ်....ရုပ်ရုပ် ......နဲ့ အော်တယ်လေ။ အိမ်ပြန်ရောက်တော့လဲ ရုပ်ရုပ်.....ရုပ်ရုပ်....နဲ့ ပြောလို့ မပြီးတော့ဘူး။ နောက်ရက်မှာ သမီးရဲ့ ကူကူ (မားမားရဲ့ အကို) နဲ့ ကင်ကင် (မားမားအကိုရဲ့ မိန်းမ) တို့ က မဟာမြတ်မုနိဘုရားရောက်တုန်း ပစ်တိုင်းထောင်ရုပ်လေးကိုသမီးအတွက်ဆိုဝယ်ခဲ့ ရတယ်လေ။

သမီးရဲ့ အကြောင်းလေးတွေကိုအခုလိုအန်းမပြောပြတာလေးကိုဖုန်းထဲကနေတဆင့် ကြားလိုက်ရရင် ရင်ထဲမှာအေးမြသွားတာပါဘဲ။ မားမားတို့ ငယ်တုန်းက အဖိုးအဖွားတွေနဲ့ အတူမနေခဲ့ ရပါဘူး။ မိဘတွေက အလုပ်တစ်ဘက်နဲ့ မို့ တစ်ခါတစ်လေ ကိုယ့် အပေါ်ဂရုမစိုက်မိတာလေးတွေရှိခဲ့ ရင် အဖိုးအဖွားတွေကိုတမ်းတမိပါတယ်။ သူငယ်ချင်းတွေက သူတို့ ရဲ့ အဖိုးအဖွားတွေအကြောင်းပြောရင်ကိုယ့် မှာပြောစရာမရှိအောင်ဖြစ်ရပါတယ်။ သမီးလေးရလာတော့ ကိုယ်ငယ်တုန်းကလိုဖြစ်မှာကို စိုးရိမ်မိခဲ့ ပါတယ်။မိဘတွေကကိုယ့် မဖြစ်ခဲ့ ရတာတွေကို ကိုယ့် ကလေးတွေကိုဖြစ်စေချင်တာကလည်း အတ္တတစ်မျိုးပါဘဲ။

0 comments on "သမီးအကြောင်း ( ၇ ရက် ဇွန်လ ၂၀၁၀)"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates