Tuesday, May 25, 2010

သမီးအကြောင်း( ၂၅ မေ ၂၀၁၀)




သမီးလေးအခုတစ်လောထမင်းကောင်းကောင်းမစားတဲ့အကြောင်းသမီးအန်းမကတိုင်တယ်လေ။ မားမားလည်းသမီးအတွက်စိတ်တွေပူပြီး ကလေးဟင်းချက်နည်းစာအုပ်တွေဝယ်ပြီးဖတ်ဖြစ်သလို စာကြည့်တိုက်မှာလည်းသွားပြီးရှာဖြစ်တယ်။ ပြီးတော့ချက်နည်းတွေကိုဘာသာပြန်ပြီး ဂျီမေးကနေမန်းလေးကိုပို့ လိုက်တယ် ဒီလိုလုပ်ပါလားဟိုလိုလုပ်ပါလားနဲ့ ဆရာလုပ်တာလေ။

တကယ်ဆိုသမီးလေးဒီလိုအစာေ၇ွးလိမ့် မယ်လို့ မထင်မိဘူး။ ကလေးဆိုတာကလည်းတစ်ချိန်နဲ့ တစ်ချိန်ကမတူဘူးလို့ သမီးအန်းမကပြောဘူးတယ်။ စင်ကာပူမှာရှိတုန်းကဆိုရင် မားမားကတစ်ပတ်စာ ငါးအသားတွေချည်းဘဲကို အတုံးလေးတွေတုံးပြီးကျွတ်ကျွတ်အိပ်လေးတွေနဲ့ တစ်တုံးချင်းထည့်ပြီးသမီးနာနီကို ၅ တုံးတစ်ပတ်စာ ပေးတယ် အိမ်အတွက်တော့ ၂ တုံးပေါ့ ။ စနေနေ့ ဆိုရင်သမီးကိုနာနီဆီမပို့ ခင် Slow Cooker ထဲမှာ ဆန် ရယ် အာလူးရယ်ကိုထည့်ပြီးပြုတ်ထားလိုက်တယ် ။ မားမားနေ့ ဝက်အလုပ်ကပြန်လာတာနဲ့ သမီးကိုဝင်ကြိုပြီးအိမ်ပြန်လာရင် သမီးရဲ့ ဆန်ပြူတ်ကအရမ်းနူးအိနေပြီ အဲ့ ဒိအချိန်မှ ခါကြက်ဥ(မုန်လာဥနီ)၊ငါးထည့်ပြီး မွေလိုက်ရုံဘဲ ညနေ ၃ နာရီလောက်ဆိုသမီးကိုကျွေးပြီလေ။ ဆန်းဒေးဆိုရင်တော့မနက်ညစာတစ်ခါတည်းများများကြိုထားလိုက်တယ်။ သမီးလေးကအဲ့ဒိတုန်းက ငါးဆန်ပြူတ်ဆိုအရမ်းကြိုက်တာ။

့ သမီးကနို့ ဘူးကောင်းကောင်းမစို့ လို့ ၆ လကတည်းကသမီးကိုအခုလို ဆန်ပြူတ်ကြိုကျွေးရတယ်လေ။ သမီးက ရယ်ဒီမိတ် အာဟာရမှုန့် တွေကိုမကြိုက်ဘူး မားမားကလည်း လူကြီးသက်သာအောင်ဆိုပြီ တံဆိပ်စုံအောင်စမ်းပေမယ့် သမီးကမကြိုက်ခဲ့ ဘူးလေ။ သမီးနဲ့ အပြင်တစ်ခါထွက်ရင် ၁။ ဆန်ပြုတ်ဘူး( အပူလုံတဲ့ စတီးဘူးလေးပါကလေးတစ်ယောက်စာဆန်ပြူတ်ထည့်လို့ အတော်ပါဘဲ) ၂။ ဇွန်းဘူး( ဇွန်းသုံးချောင်းထည့်လို့ ရတဲ့ဘူးလေး) ၃။ wet Tissue ၄။ Tissue ၅။ ဦးထုတ်( သမီးခေါင်းအေးမှာစိုးလို့ ) ၆။ ခြေအိတ် (ခြေဖ၀ါးအေးရင်ကလေးလေနာထတယ်ဆိုလို့ ) ၇။ ဘောင်းဘီအရှည်(သမီးခြေထောက်အေးမှာစိုးလို့ ) ၈။ လက်ရှည်အကျီင်္ (လေးအေးစက်အခန်းထဲမှာသမီးအေးမှာစိုးလို့ ) ၉။ ဆောင်တစ်ထည် (သမီးလေးအေးရင်ခြုံဖို့ မပါမဖြစ်) ၁၀။ အနှီးတစ်ထည် (နေပူရင်သမီးရဲ့ လှည်းလေးကို အနှီးလေးနဲ့ အုပ်ဖို့ ) ၁၁။ အ၀တ်ညှပ် ၂ ခု( အနှီးအုပ်ထားရင်လွှင့်မကျအောင် လှည်းမှာညှပ်ထားရန်) ၁၂။ ရေထည့်ထားတဲ့ နို့ ဘူး (ဆန်ပြူတ်စားပြီးရင်သမီးရေသောက်ရအောင်) ၁၃။ ကလေးကစားစရာတစ်ခုခု(သမီးလေးဆော့ရအောင်)တွေစုံအောင်ထည့်ရတယ် ။ ဟိုနားဒီနားသွားရင်တောင်အနဲ ဆုံးတော့ ရေထည့်ထားတဲ့ နို့ ဘူးလေးတော့ယူသွားရတယ်။

သမီးကိုမန်းလေးပြန်ပို့ တော့မားမားမှာသမီးအန်းမကိုကလေးဆန်ပြူတ်ချက်နည်းသင်ပေးရတယ်။ အန်းမတို့ ခေတ်တုန်းကတော့ထမင်းကိုပိတ်နဲ့ တိုက်ပြီးကျွေးတာလေ အသီးအရွက်တွေကလဲသိပ်မပါဘူး။ ငါးတို့ ကြက်စွတ်ပြူတ်တို့ နွားနို့ တို့ နဲ့ ရေပြီးကျွေးတာ။ သမီးကျတော့နို့ ဘူးမသောက်တဲ့ ကလေးမို့ အာဟာရစုံအောင် အားလူး ၊ ကန်ဇွန်းဥ၊ တို့ ဟူး ၊ ပဲ ၊ ခါကြက်ဥ(မုန်လာဥနီ) ၊ ရွေဗရုံသီး၊ တွေကို ငါးနဲ့ ရောပြီးကျွေးရတယ်ဒါမှ အာဟာရစုံမှာ။

မားမားလည်းအဲ့ ဒိလို ဂျီမေးတွေဘာတွေနဲ့ ဆရာလုပ်ပြီးတစ်ပတ်လောက်နေတော့။ သမီးအမ်းမလည်းသမီးကို Menu အမျိုးမျိုးပြောင်းပြီး ကျွေးကြည့်ရတာပေါ့။ နောက်ဆုံးသမီးက ဂျပန်စာကိုရွေးလိုက်တယ် ရေညှိကို ထမင်းနဲ့ အထဲကကြက်ဥကြော်တို့ သခွားသီးတို့ မုန်လာဥနီတို့ ထည့်ပြီးဝါးပြားလေးနဲ့ လိပ်ပြီး အကွင်းလေးတွေလှီးထားတာလေးကိုသမီးကကြိုက်တယ်။ တစ်နှစ်နဲ့ ငါးလရှိနေပြီဆိုတော့သူလည်း အရင်လို ဆန်ပြူတ်မစားချင်တော့ဘူးလေ။ နောက်ရက်တွေမှာအန်းမက ငါးကြင်းခြစ်ကို အာလူး၊ ခါကြက်ဥတွေနဲ့ ရောပြီး အပေါ်ရံတင်းရုံလေးကြော်ပြီးသမီးကိုကျွေးတာသမီးကကြိုက်တယ်တဲ့ မြုံမြုံပြီးစားတာအဖွားကြီးလိုဘဲတဲ့ ။ ဒီကနေသမီးအန်းမနဲ့ အန်းကုန်းကို ဦးချမိတယ် မိဘကျေးဇူးတွေ မားမားပြန်ဆပ်လို့ မကုန်တော့ဘူး။


0 comments on "သမီးအကြောင်း( ၂၅ မေ ၂၀၁၀)"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates