Tuesday, May 11, 2010

သမီးအသက် ၁ နှစ် ၅ လမှာ


သမီးလေးတောင်အသက် ၁ နှစ်နဲ့ ငါးလရှိပြီနော်။


သမီးလေးတစ်နှစ်ကျော်ရင်သမီးကို စာအုပ် ၊ ပိုက်ဆံ နဲ့ ကစားစရာ တွေထဲကဘယ်ဟာရွေးမယ်ဆိုတာစမ်းသပ်မယ်လို့ စိတ်ကူးဘူးပါတယ်။ နောက်သမီးကိုမန်းလေးအိမ်ပြန်ပို့ လိုက်တာနဲ့ အစီစဉ်ကအထမမြောက်ဘူးဖြစ်သွားပါတယ်။ ဟိုတစ်နေ့ ကမှညီမလေးက ပြောပြတယ် သမီးကို ရေချိုးပြီးခါစဘယ်အကျီင်္ဝတ်ပေးရမလဲလို့ ရွေးနေတုန်းသမီးက အခုဝတ်ထားတဲ့ အကျီင်္လေးကိုယူလာပြီးသူ့ ကိုဝတ်ပေးဖို့ လာပေးတယ်တဲ့ ။ ဓတ်ပုံလဲကြည့် လိုက်ရော မားမား.........

အိုက်တင်တော့ထုတ်နေပါရဲ့ ဒါပေမဲ့ မှန်ကိုဘဲစိုက်ကြည့်နေတယ်။


ဒီနှစ်နွေရာသီမန်းလေးမှာအပူအရမ်းပြင်းတယ်။ နှစ် ၅၀ တွင်းအပူဆုံးလို့ ပြောကြတယ် အပူချိန်တွေကတောမားမားတို့ ကျောင်းမှာ ပထ၀ီသင်တုန်းက ချောက်တို့ မြင်းခြံတို့ မှာ ပူတယ်ဆိုတဲ့ အပူချိန်ထက်တောင်မြင့်တယ်။ ကျောင်းသုံးစာအုပ်တွေတောင်သင်ရိုးညွန်းတန်းပြောင်းရတော့မလားမသိဘူး။ သမီးကိုတော့ဂတုံးလေးတုန်းပေးလိုက်တယ်။


ဖုန်းဆက်တိုင်းသမီးကို ဂတုံးတုံးပေးလိုက်ဖို့ ပြောမိတယ်။ တစ်နေ့ မနက်စောစော သမီးမနိုးခင် အန်းကုန်းကဆံပင်ညှပ်ဆိုင်ကလူတစ်ယောက်ကို ဓားကပ်ကြေးတွေအပြည့်အစုံနဲ့ အတူခေါ်လာပြီးသမီးအိပ်နေတုန်းတုံးပေးလိုက်ပါတယ်။




0 comments on "သမီးအသက် ၁ နှစ် ၅ လမှာ"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates