Thursday, April 22, 2010

ဒီလောက်တောင်ဘဲလား


မားမားတို့ အလုပ်ထဲမှာ မလေးတရုပ်မလေးတစ်ယောက်နဲ့ ရောက်တက်ရာရာပြောရင်း မီးပူတိုက်တဲ့ ဆီရောက်သွားတယ်။ မားမားကအိမ်မှာ လင်မယားနှစ်ယောက်လုံးအတွက်မီးပူတိုက်ရကြောင်းပြောမိပါတယ် သူကတော့မီးပူတိုက်ရတာပျင်ကြောင်းနဲ့ တော်ရုံဝတ်လို့ ရရင်မီးပူမတိုက်ကြောင်းပြောပါတယ်။ ပြောရင်းမားမား က မီးပူတိုက်ရာမှာ အတွင်းခံများကိုပါမီးပူတိုက်ကြောင်းပြောမိပါတယ် ။ အံသြံလွန်းလို့ Oh ! My God ! ဖြစ်နေပါတယ်။ သူတို့ တစ်ခါမှ အတွင်းခံတောင်မီးပူတိုက်တာမကြားဘူးကြောင်းပြောပါတယ်။ မားမားကတော့ ၇ တန်းကတည်းက ကိုယ်အတွင်းခံကိုယ်လျှော်ပြီးမီးပူတိုက် ပရုပ်လုံးထည့်ပြီးအံဆွဲထဲမှာသေချာသိမ်းတက်တဲ့ အကျင့် ရှိ့ပါတယ်။ သူတို့ ကဒီလောက်တောင်ဘဲလားလို့ ပြောလာပါတယ်။

1 comments on "ဒီလောက်တောင်ဘဲလား"

nu-san on April 22, 2010 at 10:06 AM said...

စနိုးလေး မာမားက အတွင်းခံတွေပါ မီးပူတိုက်တာကိုး.. အဲဒီလို လုပ်တာ ကောင်းပါတယ် ညီမလေးရယ်.. အမက အဲဒါတော့ မတိုက်ဖြစ်ပေမယ့် လက်သုတ်ပုဝါ၊ အိမ်နေရင်း အ၀တ်၊ ရုံးအ၀တ် ၊ စောင်၊ အိပ်ယာခင်း အားလုံး မီးပူတိုက်ပြီးမှ သုံးတတ်တယ်..အခုဆို ကလေးအသုံးအဆောင်တွေပါ အားလုံး မီးပူတိုက်ပြီးမှ သုံးတော့ တနေ့တနေ့ မီးပူတိုက်နေရတာက အလုပ်တစ်ခုလို ဖြစ်နေတာပေါ့..

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates