Thursday, April 8, 2010

ဘ၀ ချိန်ခွင်



ပါးပါးနဲ့ မားမားမှာသမီးစင်ကာပူပြန်လာနိုင်ဖို့ အစီအစဉ်တွေဆွဲနေကြပါတယ်။ ပါးပါးကတော့သမီးကိုတစ်နေကုန်ကျောင်းမှာမထားချင်ပါဘူး။ သမီးလေးက ၅ လသားကတည်းကတည်းကနာနီအိမ်မှာ မနက် ၇ ည ၇နေခဲ့ ရတော့ ပါးပါးကရေရှည်မှာသမီးအတွက်မကောင်းဘူးလို့ ထင်တယ်။ အလုပ်ကအိမ်ပြန်လာရင်လည်း အိမ်သန့် ရှင်းရေးလုပ် နေရတာနဲ့ ချက်နေပြုတ်နေရတာနဲ့ ကိုယ့် ကလေးနဲ့ အေးဆေးမနေရဘူးလို့ ပြောနေတယ်။ သမီးကိုလည်းမနက်အစေားကြီးနိုးပြီးကျောင်းမပို့ ချင်ဘူးတဲ့ ။ ပါးပါးရဲ့ သဘောက အိမ်ဖော်တစ်ယောက်ခေါ်ပြီး သမီးကိုအချိန်ပိုင်းတစ်နေ့ ကို ၂ နာရီဘဲသင်တဲ့ ကျောင်းလေးမှာထားချင်တယ်။ အလုပ်ကအိမ်ပြန်လာရင်လည်း အိမ်ဖော်ကအိမ်အလုပ်တွေလုပ်ထားလို့ ကိုယ့် ကလေးကိုအချိန်ပိုပေးနိုင်တယ်လိုပြောတယ်။

တွက်ကြည့်လိုက်ရင်


၁။ သမီးလေးရဲ့ မူကြိုကျောင်းခ က ခန်းမှန်းချေ ---------------------- ၁၅၀ခန့် 

၂။ အိမ်ဖော်အတွက် စင်ကာပူအစိုးရသို့ အခွန်တစ်လ-------------------၂၇၀ တိ

၃။ အိမ်ဖော်နှင့် ညှိမယ်လို့ ကိုယ်စိတ်ကူးထားတဲ့ လစာ( ရမရတော့မသိ)၂၅၀ လောက်

၎။ သူ့ အတွက်စားစရိတ် ------------------------------------------------၁၀၀ နဲ့ ရမလားမသိ

၅။ တကယ်လို့ သူ ကစတိုခန်းထဲမှာမနေနိုင်ခဲ့ ရင်-----------------------၃၀၀ လောက်တော့ရှိမှာပေါ့ 


နံပါတ် ၁ကနေ ၄ အထိပေါင်းကြည့်လိုက်တော့ တစ်လလျှင် ၇၇၀ လောက်ကုန်ကျနိုင်ပါတယ်။ ဒါတောင် နံပါတ် ၅ နဲ့ အိမ်ဖော်ကိုစင်ကာပူမှာစာမေးပွဲအောင်နိုင်အောင် မြန်မာနိုင်ငံမှာကျူရှင်ထားရန်နှင့် ပတ်စပို ၊လေယာဉ်လက်မှတ်ဖိုးတို့ ထည့်မတွက်ထားသေးပါဘူး။ စာမေးပွဲကျရင်ကောဆိုတာတော့ ပူရမှာတွေများနေလို့ ထည့်မတွေးတော့ပါဘူး။


မားမားကတော့အခုအိမ်မှာသူစိမ်းတွေနဲ့ နေနေရတယ်ဆိုပေမဲ့ သူ့ အခန်းသူနေကိုယ့် အခန်းကိုယ်နေစင်ကာပူစတိုင်မို့ မပြောသာပေမယ့် ။ အိမ်ဖော်တစ်ယောက်ခေါ်ဖို့ ကျတော့ဝန်လေးမိတယ်။ မားမားကလည်းနဂိုကတည်းကသူ များကိုခိုင်းရမှာအားနာတယ်။ ပြီးတော့သမီးပါးပါးမားမားတို့ အလုပ်သွားရင် သူရယ်သမီးလေးရယ် နှစ်ယောက်ထဲကျန်ခဲ့ တော့ သူကကြာရှည်ကော နေနိုင်ပါ့ မလားလို့ ။သမီးကိုကောမားမားလို့ ချက်ဟယ်ပြုတ်ဟယ်နဲ့ အပင်ပန်းခံပြီးထိန်းပါ့ မလား။ သမီးကိုခေါ်ပြီးတော့များလျောက်လည်နေမှာလား။ သူ့ စေတနာကိုယ့် စေတနာဘဲဆိုတာကိုလက်ခံပေမယ့် ။ မမြင်နိုင်တဲ့ ကံကြမာကို စိုးရွံမိတယ်။ သမီးကို အခုတော့ Child Care ဘဲပို့ နောက်မှ မီးစင်ကြည့်ကမယ်ဆိုပြီးတော့တွက်ကြည့်လိုက်ရင်


၁။ NTUC Child Care Full Day မှာပို့ ရင် တစ်လကို ၅၀၀ကျော် ပေးရမယ် ။ မားမားအလုပ်နဲ့ ကလမ်းမကြုံတော့ကျောင်းကိုသွားပို့ ဖို့ က နာရီဝတ်လောက်အချိန်ပိုယူရမယ်။ သဘောကသမီးကကျောင်းကို မနက် ၇ နာ၇ီခွဲလောက်ကထဲကသွားရ့ ပြီးညနေ ၆ နာ၇ီကျော်လောက်မှပြန်ရမယ့် ကိန်း။ နာနီအိမ်မှာသမီးကိုပို့ သလိုမျိုးဘ၀မျိုးကိုပြန်ေ၇ာက်သွားမှာပေါ့ ။ ဒါပေမဲ့ သမီး P1 တက်မဲ့ အရွယ်ရောက်ရင်ကောဘယ်လိုလုပ်မလဲ။ ဒီလို တစ်နေကုန်ကျောင်းမှာနေနေရတဲ့ ဘ၀ကိုမားမားဘယ်လောက်ထိသီးခံနိုင်မလဲ။ သမီးလေးကိုနေ့ ဝက်ကျောင်းပို့ ကျန်တဲ့ နေ့ ဝတ်ကိုအိမ်မှာအိမ်စာလေးလုပ်မသိတာရှိရင်မားမားကိုမေး ။ သမီးကအပြင်ထွက်ဆော့ချင်တယ်ဆိုလိုက်ပို့ ပါးပါးပြန်လာတာကိုစောင့် မိသားစုဘ၀ပျော်ရွင်လေးနေချင်မိတယ်။ ကိုယ့် ကလေးကိုကိုယ်ဖိရင်ဖိပြုစုချင်မိတယ်။ စိတ်ကုးယဉ်ကြည့်တာပါ.......


၂။ CreativeLand Childcare & Development Centre အဲ့ ဒါကျတော့ Private အိမ်ရဲ့ အနောက်ဘက်ဘလောက်အောက်ထပ်မှာ နီးတယ်ပေါ့ ။ ၁ နှစ်ခွဲကနေ ၂ နှစ်အထိက ၇၀၀ ၊ ၂ နှစ်ကျော်သွားရင် ၆၅၀ တဲ့ ။ သူကအိမ်နဲ့ နီးတော့ မနက်မားမားအလုပ် သွားရင်းနဲ့ ပို့ ထားဖို့ အဆင်ပြေတယ် ညနေအလုပ်ကပြန်ရင်လည်းကြိုဖို့ လွယ်တယ်။ သဘောကတော့သမီးကတစ်နေ့ ကို မနက် နာ၇ီဝတ် ညနေနာ၇ီဝတ် အိမ်ကနေနောက်ကျထွက် စောစောပြန်ရောက်မယ်ဆိုတဲ့ သဘော။ သူကလည်း waiting list ဘဲပေးထားရမှာလူပြည့်နေပြီ။ စာရင်းတော့မပေးထားဘူး သမီးဒီရောက်ရောက်ခြင်း နေရာအသစ်မှာ ကျောင်းသွားပို့ လိုက်ရင်သမီး စိတ်ခံစားရမှာစိုးလို့ ။ အိမ်မှာဘဲသမီးကို ၁ လ ၂ လလောက် waiting list စောင့် ရင်း အထိုင်ကျသွားစေမယ်။ (အဲ့ ဒိလိုသမီး ၁၆ လပြည့်မှာရေးခဲ့ပြီး နောက်နေ့ သွားစုံစမ်းတော့ waiting list ကအနဲဆုံး ၁ နှစ်ကနေ ၂ နှစ်အထိစောင့်ရမယ်တဲ့ ...တိမ်...)


မားမားဆို ၈ နှစ်အရွယ်တုန်းကကျောင်းပြောင်းရတယ် အရမ်းကိုကြောက်ဖို့ ကောင်းတဲ့ အတွေ့ အကြုံဘဲ ကိုယ့်ကလေးကိုတော့ကိုယ် ငယ်တုန်းကလို မဖြစ်စေချင်ဘူး။ အဲ့ ဒိလိုဘဲအစိုးရိမ်လွန်လို့ လားမသိဘူး သမီးမှာရန်ကုန်မှာ မွေးပြီးချင်း ၂ လနေနောက်တော့မားမားခေါ်ရာစင်ကာပူကိုရောက်လာ ၅ လမှာနာနီအိမ်ရောက် ၁၁ လမှာ မန်းလေးကိုအပို့ ခံရ။ အခုလည်းမားမားကဘာတွေစီစဉ်နေပြန်ပြီလဲလို့ ဆိုအုံးမှာဘဲ။

ဒါပေမဲ့ လည်း လူ့ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တိုင်းဖြစ်ဖို့ မလွယ်ပါဘူး။ ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေကိုအမြဲတမ်းချိန်ခွင်ထိုးနေရပါတယ်။ ဈေးရောင်းသလို ပေါ့ တစ်ခါတစ်လေတော့လည်းသံယောဇဉ်ဆို တာလေးနဲ့ အလေးခိုးမိပါရဲ့ ။
ရေးနေတွေးနေမိတယ် သမီးရဲ့ ၁၆ လပြည့်အမှတ်တရပေါ့ ။

0 comments on "ဘ၀ ချိန်ခွင်"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates