Thursday, April 1, 2010

သမီးနဲ့ ဖွားဖွား


သမီးလေးကိုရန်ကုန်ကဖွားဖွားအိမ်မှာမွေးတာလေ။ ဖွားဖွားရဲ့ ၁၀ယောက်မြောက်မြေးမလေးပေါ့ ။ သားအချစ်မြေးအနှစ်ဆိုသလိုဘဲ ။ မားမားကိုလဲလိုလေသေးမရှိအောင်မီးတွင်းထဲမှာပြူစုပြီး သမီးလေးကိုလည်းအရမ်းချစ်ပါတယ်။ ဖွားဖွားကတော့ မားမားကိုယ်ဝန်စရှိပြီဆိုတာသိကတည်းကရန်ကုန်မှာပြန်လာမွေးဖို့ ကိုဘဲပြောပါတယ်။
ဖွားဖွားကအသက် ၇၀ကျော်နေပြီဆိုတော့ စင်ကာပူလာပြီး ကလေးထိန်းဖို့ ကျတော့မဖြစ်နိုင်ဘူးလေ။
ပါးပါးကသမီး ၁၀ ရက်ရတော့စင်ကာပူကိုပြန်သွားတယ်လေ။ မားမားရယ်သမီးရယ် အိမ်ဖော်ကောင်မလေးရယ်က ဖွားဖွားတို့ အိမ်မကြီးဘေးကအိမ်သေးလေးမှာနေကြတယ်လေ။ ဖွားဖွားကတော့တစ်နေ့ ကိုမနက်တစ်ခါညနေတစ်ခါတော့ရောက်ရောက်လာတယ်။ ညဖက်မားမားနဲ့ အတူအိပ်ရအောင်တော့အဒေါ်ကြီးတစ်ယောက်ကိုအဖော်ခေါ်ထားတယ်။ သမီးတစ်လမပြည့်ခင်လေးပေါ့ တစ်ညသမီးကဘာဖြစ်လို့ မှန်းလည်းမသိဘဲ ကိုယ်တွေခြစ်ခြစ်တောက်ပူလာတယ်။ သမီးဖျားတော့မားမားလည်းစိုးရိမ်ပြီးဖွားဖွားကိုခေါ်လိုက်တယ်။ သမီးကလူကိုယ်ပေါ်ကကိုမဆင်းတော့ဘူး မားမား တစ်လှည့် ဖွားဖွား တစ်လှည့် အဒေါ်ကြီး တစ်လှည့် သမီးကိုချီရတာမနက်မိုးလင်းထိပေါ့ ။

နောက်တော်တော်ကြာမှမားမားကလေးကျန်းမာရေးစာအုပ်တွေထဲကဖတ်ရတာတော့ ကလေးတွေကမွေးပြီးသုံးလအတွင်းမှာ ကိုယ်ခံအားတက်ရင်ကိုယ်ပူပြီးဖျားတက်တယ်တဲ့ ။







0 comments on "သမီးနဲ့ ဖွားဖွား"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates