Sunday, March 21, 2010

သတိရမိတယ်


၂၀၀၈ နိုဝင်ဘာလဆန်းမှာသမီးလေးကိုပြန်မွေးဖို့ ကိုယ်ဝန်အရင့်အမာနဲ့ ရန်ကုန်ကိုတစ်ယောက်ထဲ မားမားပြန်သွားခဲ့ တယ်။ စင်ကာပူကဆရာမက နိုင်ဘာ ၁၅ ရက်နောက်ပိုင်းလေယာဉ်မစီးဖို့ မှာထားပါတယ်။ အဲ့ ဒါနဲ့ ရန်ကုန်ရောက်ရောက်ခြင်း ကိုယ်ဝန်အပ်ဖို့ ဆရာဝန်ကိုအမြန်ရှာရပါတယ်။ နောက်ဆုံး ဆရာဦးမြင့် မောင်မောင်နဲ့ အပ်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့ မှာမန်းလေးကိုတစ်ယောက်တည်းလေယာဉ်စီးပြီးသွားဖြစ်ခဲ့ တယ်။ မန်းလေးမှာလည်း ၄ ရက်ဘဲနေရပါတယ် ရန်ကုန်ကိုတစ်ခါပြန်လာရပြန်တယ် အန်းကုံးကလိုက်ပို့ ပေးတယ်လေ။ ဒီလိုနဲ့ ရန်ကုန်မှာသမီးမွေးမည့် ရက်ကိုစောင့် နေဖြစ်ခဲ့တယ်။ စင်ကာပူမှာတုံးကဆရာမက ဂျူးဒိတ်ကို ဒီဇင်ဘာ၃၁ လို့ ပေးထားခဲ့ တယ် ဒါပေမဲ့ ဆရာဦးမြင့် မောင်မောင်ကတော့ ဒီဇင်ဘာ ၁၈ ရက်တဲ့ ။ အဲ့ ဒိလိုနဲ့ စောင့်နေရင်းဆရာဦးမြင့်မောင်မောင်က ခွဲစိတ်ရင်အဆင်ပိုပြေကြောင်းပြောလာခဲ့ တော့တယ်။ မားမားကရိုးရိုးမွေးလို့ မရဘူးလားလို့ ဈေးဆစ်လို့ ဆရာအဆူလဲခံထိတယ်လေ။ ဖွားဖွားတို့ တစ်အိမ်လုံးက၀ိုင်းပြီးနာချကြတယ် ။



နောက်တော့သမီးရဲ့ ကြီးတော်နှစ်ယောက်နဲ့ မားမားတို့ ဗေဒင်တွေသွားမေးကြတယ် ဘယ်ရက်ခွဲမွေးရင်ကောင်းတယ်ဆိုပြီးတော့လေ။ ဒေါက်တာဒဂုံ ဆီကိုေ၇ာက်သွားတော့ ဆရာက မွေးခါနီးဖွားခါနီးဗေဒင်လာမေးလို့ အံသြနေလေရဲ့ ။ ဆရာက ဒီဇင်ဘာ ၂၁ နောက်ပိုင်းက ရက် သုံးရက်ကကောင်းလို့ ရွေးပေးလိုက်ပါတယ်။ ပြီးတော့သူကဒီနေ့ ဘယ်သူ မှမဟောပေးဘူးလို့ နေတာ ဗိုက်ကြီးတစ်လုံးနဲ့ လာမေးတာတွေ့ လို့ ဟောပေးတာလို့ လဲပြောလေရဲ့ ။ ဆရာကလဲပြောသေးတယ် သမီးကောင်းလိမ်မာလိုချင်ရင်ကိုယ်ကလည်းသမီးကောင်းလိမ်မာဖြစ်ရမယ်လို့ ပြောတယ် ။ အဲ့ ဒိစကားကတော့ဗေဒင်ဟောစရာမလိုအောင်ကိုမှန်ပါတယ်။ အဲ့ ဒိလိုနဲ့ မားမားကလဲရိုးရိုးမွေးမယ်လို့ ပြောဆရာဝန်ကလည်းခွဲရမယ်နဲ့ မတင်မကျဖြစ်နေတုံး ။ ပန်းလှိုင်မှာအက်ထရာဆောင်းရိုက်ဖို့ သွားဖြစ်တော့ အဲ့ ဒိကဆရာမက သမီးဟာ ၇ ပေါင်ခွဲအနဲဆုံးရှိနေပြီဖြစ်ကြောင်းပြောလာပါတယ်။ ဆရာဦးမြင့် မောင်မောင်ကပါးပါးရဲ့ အကို ကလေးသုံးယောက်လုံးကိုသူနဲ့ ဘဲမွေးခဲ့တာမို့ စိတ်ချရတယ်လို့ ဖွားဖွား(ပါးပါးရဲ့ မားမား)ကလည်းပြောလာတာနဲ့ ခွဲမယ်လို့ ဆုံးဖြစ်မိသွားပါတယ်။ ဆရာဦးမြင့်မောင်မောင်က မွေးနေ့ ကိုဘဲရွေးခွင့် ရှိပြီးမွေးရက်ကိုရွေးခွင့် မရှိလို့ မားမားကဂျူးဒိတ်နဲ့ အနီးဆုံးဖြစ်အောင်Monday ကိုရွေးမယ်လို့ စည်းစားထားတယ် ။ အဲ ဒိနေ့ ကဆရာ့ ကိုသွားပြတော့မားမားရဲ့ လင်ညီအမလို့ ဘဲခေါ်မလား(ပါးပါးအကိုရဲ့ မိန်းမ)မသီတာကလိုက်ပို့ ပေးတယ် မားမားနဲ့ နှစ်ယောက်ပေါ့။ မားမားက မန်းဒေးလို့ ပြောတော့ဆရာက ဒီဇင်ဘာ ၈ ရက်ကိုေ၇ွးတယ် မားမားနဲ့ ဈေးဆစ်ရပြန်ရောအဆူခံထိပြန်ရော မားမားကသမီးကိုတက်နိုင်သမျှဂျူးဒိတ်နဲ့ နီးပြီးမွေးချင်တယ် ။ အိမ်ပြန်ရောက်တော့မားမားလေတစ်ညလုံးအိပ်လို့ မပျော်ဘူး သမီးအတွက်စိတ်ပူလွန်းလို့ ရင်တွေပူပြီးအိပ်လို့ မရတာလေ မားမားမအိပ်နိုင်တော့သမီးဖွားဖွားလဲမအိပ်နိုင်ဘူး။ မားမားကိုနှစ်သိမ့် တယ် အားလုံးအဆင်ပြေသွားမှာပါလို့ ။ မနက်မိုးလင်းတော့မားမားအိမ်ကဘယ်သူ့ ကိုမှအသိမပေးဘဲ ဆရာ့ အိမ်ကိုဖုန်းလှန်းခေါ်တယ် ခွဲမဲ့ ရက်ကို wednesday ပြောင်းလို့ ရလားပေါ့ သမီးလေးအတွက် တစ်ရက်နှစ်ရက်ကလည်းအရေးကြီးတယ်လို့ ထင်မိလို့ ပါ။ ဒါပေမဲ့ သူတို့ ကမေ့ ဆေးဆရာဝန်တွေ ကလေးဆရာဝန်တွေနဲ့ အကုန် ဒိတ်ယူပြီးသွားပြီလို့ ပြောတယ်။ မားမားဘာတက်နိုင်အုံးမှာလဲ။

0 comments on "သတိရမိတယ်"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates