Wednesday, March 17, 2010

လွမ်းစာ(၂)


သမီးရေ

မားမားနဲ့ ပါးပါးသတိရစွာဖြင့်စာရေးလိုက်ပါတယ်။ အခုတစ်လောရာသီပြောင်းလို့ သမီးဖျားဖျားနေတယ်ဆို စင်ကာပူမှာတုန်းက stoamach flu တစ်ခါဖြစ်ရုံကလွဲရင်ဒေါင်ဒေါင်မြည်နေတဲ့ သမီး အခုတော့မချူချာလေးဖြစ်နေပြီနော်။ မန်းလေးရောက်ခါစတုန်းက နို့ ဘူးကောင်းကောင်းစို့ လို့ မားမားနဲ့ ပါးပါးမှာဝမ်းသာလိုက်ရတာ အခုတော့တစ်နေ့ သုံးကြိမ်စို့ တဲ့ နို့ ဘူးတောင်တစ်ခါတစ်လေမကုန်ဘူးဆို။ အဲ့ ဒါကြောင့် သမီးအတွက်ထပ်ပြီး Philip ကသုံးဘက်စို့ လို့ ရတယ်ဆိုတဲ့ နို့ ဘူးရယ်၊ နို့ သီးခေါင်းသုံးမျိုးပါတဲ့  Piegon တံဆိပ်နို့ ဘူးရယ် ကိုဝယ်ပြီး သပြေနုကနေပို့ လိုက်တယ်နော် သမီးလေးနို့ ပြန်စို့ ပါစေကွယ်။ သမီးအခုလမ်းတောင်လျောက်တက်နေပြီဆို တွေ့ ချင်လိုက်တာသမီးရယ်။ စင်ကာပူမှာရှိတုန်းကသူများကလေးတွေ ( The Queen, မင်းရဲ ) လမ်းလျှောက်နိုင်တာကိုတွေ့ရင်သမီးကိုလည်းလမ်းလျောက်စေချင်တာအရမ်းဘဲ။ အခုမားမားမှာဖုန်းဆက်ရင် ကိုယ့် အမေအဖေကိုနေကောင်းလားလို့ အရင်မမေးဘူး သမီးကောဟင်ဘာလုပ်နေလဲနေကောင်းရဲ့ လားနဲ့ အဲ့ ဒိလို ကျေးဇူးဆပ်တာ။ သမီးမန်းလေးရောက်သွားတော့ပါးပါးနဲ့ မားမားစင်ကာပူမှာဘယ်လို နေကျလဲဆိုသမီးကတော့သိချင်နေမှာဘဲနော်။ သမီးရေ အပျင်းရောဂါရနေတယ်လို့ ဘဲပြောရမှာပါဘဲ။ သမီးကိုပြန်မပို့ ခင်တုန်းကတော့လင်မယားနှစ်ယောက် သမီးမရှိတုန်းဟိုသင်တန်းတက်မယ်ဒီသင်တန်းတက်မယ် ဆိုတာလဲအခုတော့ဘာမှလည်းမတက်ဖြစ်ဘဲ လယ်လယ်ဘဲထွက်ဖြစ်နေတယ်။ သမီး တွေ့ ပုချီနော်။ မားမားနဲ့ ပါးပါးလဲအခုမှ ဂျလန်းဂျလန်း လုပ်နိုင်လို့ ပါသမီးရယ်။ သမီးလည်းမန်းလေးမှာလိမ်မာနေနော် ကျန်းမာရေးလဲဂရုစိုက် နို့ လည်းတစ်ဘူးကုန်အောင်စို့ နော် ။ ဆန်ပြုတ်ကတော့ သမီးအရမ်းကြိုက်တယ်ဆိုတဲ့ အကြောင်းအန်းမကအမြဲပြောလို့ ဝမ်းသာရပါတယ်။

လွမ်းနေတဲ့ 

ပါးပါးနဲ့ မားမား

2 comments on "လွမ်းစာ(၂)"

nu-san on March 18, 2010 at 4:14 AM said...

ပါပါး နဲ့ မားမား သမီးလေး မရှိတုန်း ဂျလန်း ဂျလန်းလုပ်တယ်ဆိုလို့ ဘာလဲဟင်.. :D နောက်တာပါနော် စနိုးလေး မားမားရေ.. စနိုးလေး မာမားက ရေးတတ်လိုက်တာ.. မန္တလေးတော့ မသိဘူးရယ်..ရန်ကုန်မှာတော့ နေအရမ်းပူတယ်ပြောတယ်.. လူကြီးတွေတောင်မခံနိုင်ဘူး.. အမလည်း အခုမှ Blog လည်ထွက်ရတယ်.. သမီး အိပ်တုန်းလေး .. ;P

့်Home Sweet Home on March 19, 2010 at 6:58 AM said...

အမ nu-san ရေ
သမီးငယ်လေးတစ်ဖက်နဲ့ အလုပ်များနေမှာဘဲနော်။ အမရေ မန်းလေးက ရာသီဥတုကြမ်းတယ်လေ။ အေးရင်လည်းအရမ်းအေးပြီးပူရင်လည်းအရမ်းပူတယ်။ သမီးလေးကိုရန်ကုန်မှာပြန်မွေးတုန်းက ဒီဇင်ဘာလကြီးထဲကိုပူလိုက်တာအရမ်းဘဲ။ မန်းလေးကပူတာကျတော့ အိပ်လို့ မရအောင်ပူတာ ။ အေးတော့လည်းအေးလို့ သမီးလေးအေးနေမှာဘဲလို့ စိတ်ပူရတယ်။ အခုတော့ မန်းလေးအိမ်ကိုအရမ်းပူရင်သမီးကို စင်ကာပူပြန်ခေါ်ထားဖို့ ပြောထားတယ်။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates