Wednesday, February 24, 2010

ဘ၀နေ့ ရက်များ(၃)




အခုတစ်လောကလေးမရှိလို့ အားနေတုန်း မန်းလေးအိမ်ကပါလာတဲ့ သိုးမွေးအဟောင်းလေးတွေနဲ့ သမီးအတွက်လက်ရှည်အင်္ကျင်္ီထိုးပေးဖြစ်ပါတယ်မထိုးတာကြာလို့ လက်ရာတော့သိပ်မကောင်းပါဘူးဒါပေမဲ့ သမီးလေးအတွက်ပေးချင်ပါတယ်။

ထိုးရင်းနဲ့ ချည်ကုန်သွားလို့ ဒိုင်ဇိုကနေချည်အဖြူ ထပ်ဝယ်ပြီးဆက်ထိုးပါတယ်။ အရောင်တူမရမှာစိုးလို့ အဖြူရောင်ဘဲဝယ်လိုက်ပါတယ်။ စပ်ကြားလေးဆိုတော့တစ်မျိုးလှတာပေါ့ ။လူကြုံမရှိတာနဲ့ သပြေနုကနေသမီးအကျီင်္အဟောင်းလေးတွေနဲ့ ရောပို့ လိုက်တာ ၂၅ ကျပ်ကုန်သွားတယ်။
သမီးအတွက်ဒိုင်ဇိုမှာချည်သွားဝယ်တော့ ၂ကျပ်ဘဲဆိုပြီး ကိုယ့် အတွက်ပါချည်တွေရောင်စုံဝယ်ဖြစ်ခဲ့ ပါတယ်။ တစ်ချောင်းထိုးအပ်လည်း ၃ ချောင်းဝယ်ခဲ့ တာဝါးနဲ့ လုပ်ထားတဲ့ တစ်ချောင်းထိုးအပ်တွေဆိုတော့တစ်ချောင်းကကျိုးသွားပြီးကျန်တာတွေက်သုံးရတာအဆင်မပြေပါဘူး။ မန်းလေးကယူလာတဲ့ စတီးအပ်ကတော့အဆင်အပြေဆုံးဘဲ။

သမီးကိုပို့ ပြီးတစ်လလောက်ကြာတော့ သမီးရဲ့ အန်းကုန်းလဲစင်ကာပူကိုနှလုံးခွဲဖို့ ရောက်လာတယ်လေ။ ခွဲစိတ်ပြီးတော့ လည်းမနားရဘူးမားမားနဲ့ လျောက်လည်ကြတယ်လေ။ မားမားကလည်းSingapore zoo ကိုမေ၇ာက်ဘူးတာနဲ့ အတူတူသွားဖြစ်ကြတယ်။

မားမားလဲသမီးအန်းကုန်းနဲ့ လျောက်လည်ရင်းကလေးလို ပြန်ဖြစ်သွားတယ်။

2 comments on "ဘ၀နေ့ ရက်များ(၃)"

nu-san on March 18, 2010 at 11:09 PM said...

မနေ့ကတည်းက ဒီပို့စ်မှာ comment ရေးသွားသေးတယ်.. ဘာဖြစ်သွားလဲ မသိဘူး.. မတက်လာဘူး.. ဟဲ..ဟဲ.. နောက်တစ်ကြိမ်ပေါ့.. စနိုးလေး မာမားရေ.. အမလည်း အဲဒီလို အင်္ကျီလေးတွေ အမသမီးအတွက် ထိုးပေးချင်တယ်.. ဒါပေမယ့် အမက တစ်ချောင်းထိုးကို အင်္ကျီလောက်အထိ အဖြစ်မရှိခဲ့ဘူး.. ၂ချောင်းထိုးလည်း အဲလိုပဲ.. စနိုးလေး မာမား အားရင် ၁ ချောင်းထိုး အင်္ကျီထိုးနည်းလေးတွေ ဝေမျှပါဦးနော်.. စနိုးလေးကို လွမ်းတိုင်း အဲဒီလိုလေးတွေ ထိုးဖြစ်တယ်ဆိုတော့ အမှတ်တရဖြစ်တာပေါ့..

့်Home Sweet Home on March 19, 2010 at 6:37 AM said...

အမ nu-san ရေ
အမေကောသမီးကောနေကောင်းကြတယ်နော်။ အမရေ တစ်ချောင်းထိုးကနှစ်ချောင်းထိုးထက်စာရင်လွယ်ပါတယ်။ အမ သမီးလေးအတွက် ဦးထုတ်လေးတွေစမ်းပြီးထိုးပေးကြည့် ပါလား။ အရင်ဆုံးစာအုပ်ဝယ်ပြီးအဲ့ ဒိမှာပါတဲ့ ပတ်တမ်အတိုင်းထိုးလိုက်ရုံဘဲ။ ကျွန်တော်လဲ တိုင်တို ၊တိုင်ရှည်နဲ့ ဖွတ်မြီးလောက်ဘဲထိုးတက်တာ။ တစ်ချောင်းထိုးစာအုပ်တစ်အုပ်ဝယ်လိုက်ပြီးကိုယ့် ဟာကိုယ်စူးစမ်းတယ်လေ။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates