Friday, January 8, 2010

မန္တ္တ္တ္တ္တ္တ္တ္တလေးဆောင်း


ဆောင်းရာသီကိုရောက်လို့ လာခဲ့ ပါပြီ။ ၂၀၀၆ ရဲ့ ဆောင်းရာသီမှာသမီးပါးပါးနဲ့ လက်ထပ်ပြီးကထဲကဝေးသွားခဲ့ တာ ၄နှစ်တိုင်ခဲ့ ပါပြီ။ ဆောင်းရောက်ပြီဆိုတာနဲ့ နွေတုံးကအ၀တ်တွေဆောင်တွေကိုအထုတ်နဲ့ ပရုပ်လုံးထည့်ပြီးဘီရိုထဲမှာသိမ်းရပါတယ်။ တစ်နွေလုံး တစ်မိုးလုံးသိမ်းထားခဲ့ တဲ့ ဆောင်အထူတွေအနွေးထည်အထူတွေကိုပြန်ထုတ်ရပါတယ်။ ညဆိုအထပ်ထပ်ဝတ်ထားခြုံထားတဲ့ ကြားထဲကကိုချမ်းလို့ နေပါသေးတယ်။ ဦးပုညစာထဲကလို လမ်းဆုံမှာကုန်းလို့ သာအော်လိုက်ချင်ပါတော့တယ်။ ဥပုတ်နေ့ မနက်ဆိုဆွမ်းလောင်းပြီးတာနဲ့ နေပူဆာလှုံကြပါတယ်။ မနက်ဝေလီဝေလင်းအပြင်လမ်းပေါ်မှာလဲမီးလှုံနေတဲ့ လူတွေကိုတွေ့ နိုင်ပါတယ် ။ သမီးပါးပါးနဲ့ အိမ်ထောင်ကျပြီးမှ မချမ်းတဲ့ ရန်ကုန်ဆောင်းကိုကြုံဖူးပါတယ်။ ၂၀၀၆ ဒီဇင်ဘာမှာစင်ကာပူကိုလိုက်လာတော ဆောင်းရာသီဆိုတာမရှိတော့ပါဘူးသမီးရယ် ။ ၂၀၀၈ မှာသမီးမွေးဖို့ မြန်မာနိုင်ငံကိုပြန်တော့ နိုဝင်ဘာလထဲမှာ မွေးခါနီးကြီးကို မန္တလေးကို ၄ ရက်သွားလိုက်ပါသေးတယ် ဆောင်းစ၀င်နေပြီပေါ့ သမီးရယ်။ အခုတော့သမီးက မားမားကိုယ်စားမန္တလေးမှာဆောင်းတွင်းကျနေတယ်နော်။ မနက်ဆိုသမီးလေးချမ်းလွန်းလို့ ပါးအို့ လေးတွေရဲ နေတာဘဲဆို ။ ညအိပ်ရင်လည်းလူငွေ့ ရအောင်အမ်းမနဲ့ အမ်းကုန်းကြားမှာအိပ်တယ်ဆို။ သမီးရယ် ချမ်းနေရော့မယ်နော် လက်အိပ်တောင်ဝတ်ထားရတယ်ဆို။ လွမ်းတယ်သမီးရယ် မန္တလေးဆောင်းကိုကောသမီးကိုကော...........

0 comments on "မန္တ္တ္တ္တ္တ္တ္တ္တလေးဆောင်း"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates