Wednesday, December 23, 2009

သနပ်ခါး

0 comments
သမီးလေးကိုသတိရတယ်။
သမီးပါးကွက်လေးနဲ့ ပါရှင်။










Monday, December 21, 2009

မန်းလေးမှာ ဒုတိယရက်

0 comments
လက်ဆေးကန်မှာဝင်ဆော့နေတာပါ။
ပျော်တယ်ပျော်တယ်တို့ ပျော်တယ်။

ရေပိုက်ကိုကိုယ်တိုင်ဖွင့်နိုင်ပါတယ်။



Saturday, December 19, 2009

မန်းလေးမှာ ပထမရက်

0 comments
သမီးမန်းလေးအိမ်ရောက်ရောက်ခြင်းအဖိုးအဖွားတွေကသူ့မြေးလေးကိုပုခက်နဲ့ သိပ်မယ်ဆိုပြီးတော့အိမ်မှာရှိတဲ့ ဒန်းကို ထိုင်ခုံဖြုတ်ပြီးယာယီပုခက်လုပ်ပေးပါတယ်။ ဒါပေမဲ့ စင်ကာပူသူစနိုးကပုခက်မစီးတက်လို့ ပုခက်ထဲမှာထပြီးမှောက်နေလို့ .......
အဖိုးအဖွားနဲ့ ဦးလေးတို့ သမီးရဲ့ အိပ်ရာ ကိုဆင်နေတာပါ။ အပွဲပွဲနွဲခဲ့ သမျှဒီအိပ်ရာကိုမဆင်တက်ဘူးဖြစ်နေပါတယ်။ သုံးယောက်ပေါင်းပြီးဒီလိုဆွဲကြပါတယ်။


ဟဟ .. မရဘူးကွ။ ဘယ်လိုလုပ်ရမှာလဲ ဓတ်ပုံကြီးဘဲဇွတ်မရိုက်နဲ့ လေ နဲနဲလာဝိုင်းကူလုပ်ပေးပါအုံးကလေးအမေရဲ့ ။


သမီးစနိုးနဲ့ ရန်ကုန်လေဆိပ်မှာ မန်းလေးသွားဖို့ လေယာဉ်စောင့်နေတာလေ။


Friday, December 11, 2009

လွမ်းစာ(၁)

2 comments

သမီးရေ


မားမားနဲ့ ပါးပါး သတိရစွာနဲ့ စာရေးလိုက်ပါတယ်။ သမီးကောနေကောင်းရဲ့ လား ။ အရင်လို ဘဲစားနိုင်သောက်နိုင်ဘဲနော်။ အန်းကုန်းအန်းမတို့ ပြောစကားကိုနားထောင်နော်။ နို့ လဲမှန်မှန်သောက်နော်။ ငါးဆန်ပြုတ်ကတော့သမီးနဂိုကတည်းကကြိုက်လို့ အဲဒါတော့စားမှာသေချာတယ်။သမီးပြန်မပါလာလို့ သမီးလေးဘလောက်ရဲ့ ပရိတ်သတ်တွေကတောင်မေးနေကြတယ်စနိုးမန်းလေးအိမ်မှာအဆင်ပြေရဲ့ လားတဲ့။ သမီးရဲ့ နာနီနဲ့ သူ့ သားလေးနှစ်ယောက် ကလည်းတစ်မေးတည်းမေးနေကြတယ် စနိုးဘယ်တော့ပြန်လာမှာလဲတဲ့ ။ သမီးရေအရမ်းသတိရနေတာကိုလွမ်းတယ်လို့ ပြောရင် မားမားနဲ့ ပါးပါးတော့အခုမှ လွမ်းတတ်နေပါပြီသမီးရယ်။ မားမာနဲ့ ပါးပါး အရင်အပတ်ကအပြင်သွားတုန်းသူငယ်ချင်းမိသားစုနဲ့ ဆုံဖြစ်တော့သူတို့ သားလေးကသမီးနဲ့ အသက်သိပ်မကွာဘူးလေ။ မားမားဆိုရင် သူတို့ သားလေးကိုငေးပြီးကြည်နေ့မိတယ် ပါးကလဲငေးလို့  ။ သူများမိသားစုတွေကိုကြည့်ပြီးကိုယ့် ကလေးကိုယ်သတိရနေကြတာလေ။ မားဆိုရင်လမ်းမှာကိုယ့် သမီးနဲ့ အရွယ်တူလေးတွေကိုတွေ့ တိုင်းသမီးကိုသတိရလို့ တက်နိုင်ရင်အပြင်ကိုမထွက်ချင်ဘူး။ မားမားနဲ့ ပါးပါး တစ်ကိုယ်ကောင်းများဆန်မိလားသမီးရယ်။ သမီးဘ၀အတွက် လိုအပ်မယ်ထင်တာတွေကိုဖြည့်ဆည်းပေးချင်တာပါးပါးမားမားတို့ ရဲ့ ဆန္ဒပါသမီးရယ်။ လွမ်းနေတဲ့ .......


မားမားနဲ့ ပါးပါး

ရွှေလက်ခုတ်

0 comments

သမီးလေးရဲ့ တစ်နှစ်ပြည့်အမှတ်တရအနေနဲ့ မန်းလေးအိမ်ရောက်နေတဲ့ သမီးလေးမတ်တပ်ရပ်နိုင်ဖို့ ကြိုးစားနေတာကို ကာယကံရှင်ကောအဖိုးအဖွားများကပါ ၀ိုင်းလက်ခုတ်တီးပြီးကောင်းချီးပေးနေတဲ့ ဗွီဒီယို ကလစ်လေးကိုတင်လိုက်ပါတယ်။

Monday, December 7, 2009

စနိုး၏ ပျံသန်းခြင်း

0 comments
ချန်ဂီလေဆိပ်မှစနိုး၏သမင်လည်ပြန်
ရွှေမင်းသမီးလေကိုခုလိုထွေးပွေ့ ထားတာကသမီးရဲ့ အဒေါ်အငယ်ပါ

ဟောနောက်တစ်ယောက်သူကလည်းစနိုးအချစ်တော်နောက်အဒေါ်တစ်ယောက်


SilkAir ရဲ့ Flight No F35 ကိုသားအမိတွေငေးကြည့်ဖြစ်ပါတယ်။




Thursday, December 3, 2009

အဝေးရောက်သမီးရဲ့ ပုံလေးတွေ

1 comments
မားမာဘာဖြစ်လို့ အခုအထိလာမကြိုသေးတာလဲလို့ များတွေးနေတာလားသမီးရယ်။
စဉ်းစားရင်းမျက်ရည်ဝဲ။


မီးမီးစာဖိုမှုး

ဒီဦးထုတ်ကို စာဖိုမှုးဦးထုတ်လို့ ခေါ်မလား။ တရုတ်စာပွဲထိုးဦးထုတ်လို့ ဘဲခေါ်မှာလား။



Wednesday, December 2, 2009

Video မင်းသမီး (၂)

0 comments

သမီး ရဲ့ ရီးရီး (အဒေါ်) ရိုက်ပြီး ပို့ ပေးလိုက်တာလေ။ ပါးပါးနဲ့ မားမားတော့ဘယ်နှစ်ခေါက်ရှိပြီလဲမသိဘူးပြန်ကြည့်ဖြစ်တာ။

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates