Friday, December 11, 2009

လွမ်းစာ(၁)



သမီးရေ


မားမားနဲ့ ပါးပါး သတိရစွာနဲ့ စာရေးလိုက်ပါတယ်။ သမီးကောနေကောင်းရဲ့ လား ။ အရင်လို ဘဲစားနိုင်သောက်နိုင်ဘဲနော်။ အန်းကုန်းအန်းမတို့ ပြောစကားကိုနားထောင်နော်။ နို့ လဲမှန်မှန်သောက်နော်။ ငါးဆန်ပြုတ်ကတော့သမီးနဂိုကတည်းကကြိုက်လို့ အဲဒါတော့စားမှာသေချာတယ်။သမီးပြန်မပါလာလို့ သမီးလေးဘလောက်ရဲ့ ပရိတ်သတ်တွေကတောင်မေးနေကြတယ်စနိုးမန်းလေးအိမ်မှာအဆင်ပြေရဲ့ လားတဲ့။ သမီးရဲ့ နာနီနဲ့ သူ့ သားလေးနှစ်ယောက် ကလည်းတစ်မေးတည်းမေးနေကြတယ် စနိုးဘယ်တော့ပြန်လာမှာလဲတဲ့ ။ သမီးရေအရမ်းသတိရနေတာကိုလွမ်းတယ်လို့ ပြောရင် မားမားနဲ့ ပါးပါးတော့အခုမှ လွမ်းတတ်နေပါပြီသမီးရယ်။ မားမာနဲ့ ပါးပါး အရင်အပတ်ကအပြင်သွားတုန်းသူငယ်ချင်းမိသားစုနဲ့ ဆုံဖြစ်တော့သူတို့ သားလေးကသမီးနဲ့ အသက်သိပ်မကွာဘူးလေ။ မားမားဆိုရင် သူတို့ သားလေးကိုငေးပြီးကြည်နေ့မိတယ် ပါးကလဲငေးလို့  ။ သူများမိသားစုတွေကိုကြည့်ပြီးကိုယ့် ကလေးကိုယ်သတိရနေကြတာလေ။ မားဆိုရင်လမ်းမှာကိုယ့် သမီးနဲ့ အရွယ်တူလေးတွေကိုတွေ့ တိုင်းသမီးကိုသတိရလို့ တက်နိုင်ရင်အပြင်ကိုမထွက်ချင်ဘူး။ မားမားနဲ့ ပါးပါး တစ်ကိုယ်ကောင်းများဆန်မိလားသမီးရယ်။ သမီးဘ၀အတွက် လိုအပ်မယ်ထင်တာတွေကိုဖြည့်ဆည်းပေးချင်တာပါးပါးမားမားတို့ ရဲ့ ဆန္ဒပါသမီးရယ်။ လွမ်းနေတဲ့ .......


မားမားနဲ့ ပါးပါး

2 comments on "လွမ်းစာ(၁)"

nu-san on December 11, 2009 at 9:26 PM said...

စနိုးလေးရဲ့ ပါပါးနဲ့ မာမားတို့ရေ.. ဒီပို့စ်လေးဖတ်ရတော့ စိတ်မကောင်းဖြစ်မိတယ်.... ဒါပေမယ့် သမီးလေးကို မန်းလေးက အန်းကုန်း အန်းမ ဆီမှာထားတော့ ပိုပြီး စိတ်ချရတာပေါ့.. စနိုးလေးအတွက် ကောင်းတဲ့ဘက်က ဖြည့်တွေးရင်း အလွမ်းတွေ ပြေပါစေ...

့်Home Sweet Home on January 8, 2010 at 6:58 PM said...

အမnu-san ရယ် အဲ့ ဒိလိုဘဲဖြေရပါတယ်။ အခုမှတကယ့် ကိုလွမ်းနာကျနေတယ်အမရေ။ သတိရလွန်းလို့ တစ်ခါတစ်လေဖြစ်ချင်ရာဖြစ်ဆိုတဲ့ အတွေးတွေတောင်ဝင်မိပါတယ်။ အမရောနေကောင်းတယ်နော်။ အမြဲသတိရနေပါတယ်။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates