Wednesday, October 14, 2009

ကြွားဝါခြင်း


ပါဂျဲရိုး
သူကတော့ လမ်းမရွေးဘူးလေ၊ ဘီးလုံးကလဲကြီးတော့ ညိမ့်ပြီးသက်တောင့်သက်သာရှိတယ်။ သူ့ စီးသွားရင်မြင်သူတကာငေးကြည့်ရအောင်လည်းခန့် တယ်လေ။ ခရီးဝေးသွားဖို့ လည်းသင့်တော်တယ် လမ်းမှာလိုအပ်သမျှတွေအကုန်ကားထဲထည့်သယ်သွားဖို့ နေရာကလဲကျယ်ကျယ်ဝန်းဝန်းရှိတယ်လေ။ လမ်းမှာပင်ပန်းရင် ကားပေါ်မှာအိပ်ပြီးလိုက်သွားလို့ လဲရတယ်။ ဒါပေမဲ့ သူကကိုယ်ထည်ကြီးတော့ Parking ထိုးရတာ ၊ လမ်းကျဉ်းကိုသွားရ တဲ့ အခါတွေဆိုနဲ နဲ ကသီတယ်။ သမီးစင်ကာပူပြန်ဖို့ လက်မှတ်ဝယ်ပြီးသွားတော့ သမီးရဲ့ ဦးကြီး(ပါးပါးရဲ့ အကို)က ငါ့ တူမ စင်ကာပူပြန်ရင်ကားတစ်စီးထည့်ပေးလိုက်မှဖြစ်မယ် ။ ဟိုမှာက ကားမရှိလို့ မဖြစ်ဘူးဆိုပြီး သူ့ သား(သမီးရဲ့ အကိုဝမ်းကွဲ) တုံတုံလေးစီးနေတဲ့ ပါဂျဲရိုးကားကို ထည့် ပေးလိုက်တယ်။ တုံတုံလေးအတွက်ကတော့ နောက်ထပ်ကားအသစ်တစ်စီးပေါ့ ။


ဆူဇူကီး
သူကတော့ သေးပြီးပေါ့ပါးတယ်လေ ။ Orange colourဖြစ်ပြီး ဘီးလုံးလေးတွေကလည်းသေးသေးလေးတွေ ဆိုတော့ ဖန်စီဖြစ်ပြီးခေတ်မှီတာပေါ့ ချစ်လည်းချစ်စရာလေးလေ။ သူကသေးတော့ နေရာမယူဘူးလေ ။ Parking ထိုးဖို့ လည်းမပူရဘူး။ လမ်းကျဉ်းတွေကိုလည်းသွားနိင်တယ်။ ပြီးတော့ သူ က ပါဂျဲရိုး ထက်ဈေးသက်သာတယ်။


ပါးပါး မားမားမှားစင်ကာပူရောက်ကထဲက ဒီပါဂျဲရိုးကိုတသသနဲ့ ပေါ့ ။ ဒါပေမဲ့ တန်ဖိုးကြီးမို့ သူ့ ကိုနေရာတိုင်းသုံးရတာအဆင်မပြေဘူးအဲဒါနဲ့  ပါးပါးကတစ်ရက် OG မှာကားတွေလျှော့ ဈေးရှိတယ်ဆိုတာနဲ့ ဆူဇူကီးကားလေးတစ်စင်းထပ်ဝယ်ဖြစ်သွားတယ်လေ ။ အခုဆိုစနိုးဆီမှာကားနှစ်စီးတောင်ရှိနေပြီ။

1 comments on "ကြွားဝါခြင်း"

nu-san on October 15, 2009 at 8:09 PM said...

စနိုးလေးက သူဌေးပဲ.. ကား ၂ စီးတောင် ရှိတယ်ဆိုတော့လေ.. :D ကလေးအတွက် ကားရှိတော့ သွားလာရတာ အဆင်ပြေတာပေါ့.. မြန်မာပြည်မှာဆို အပြင်သွားတိုင်း ကလေးချီထားရတာ မြင်ရတာတင် မသက်သာလှဘူး...အဟဲ.. လေ့ကျင့်ခန်း လုပ်စရာမလိုပဲ လက်မောင်းတော့ကြီးတာပေါ့လေ .. :D

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates