Friday, October 9, 2009

ဘ၀နေ့ ရက်များ(၂)


စက်တင်ဘာလကစပြီးသမီးက အရင်ထက်ပိုပြီးဆော့ လာတယ်။ လေးဘက်ထောက်ပြီးတစ်အိမ်လုံးအနှံလျှောက်သွားနေတက်ပြီ။ သမီးခြေထောက်အေးမှာစိုးလို့ ချီထားရင်လည်းကော့ပြီးအတင်းအောက်ပြန်ဆင်းတယ်။ သမီးဟာသူ့ ရဲ့ ပထမခြေလှမ်းအတွက်ပြင်ဆင်နေပါပြီ။ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ပါးပါးရဲ့ ဦးဆောင်မှုနဲ့ မားမားတို့ မိသားစု IKEA ကိုရောက်ခဲ့ ပါပြီ။ သစ်သားပြားတစ်ထုတ်ကို ၂၅ကျပ်နဲ့ ၅ထုတ်ဝယ်ခဲ့ပြီး ညတွင်းချင်းခင်းကြပါတယ်။ ပါးပါးကသစ်သားတွေကို ဖြတ်ပြီး မားမားကတော့  "အားမလျှော့နဲ့ ပြီးလုပြီး ကြိုးစားတပ်ပါမည်" လို့ အားပေးရင်းပါးပါးဖြတ်ပေးတဲ့ သစ်သားချောင်းတွေကိုတပ်နေပါတယ်။ သမီးစနိုးကတော့ Walker ပေါ်မှလိုအပ်သည်များကို " ကြည့်ရှစစ်ဆေးမှာကြား"






2 comments on "ဘ၀နေ့ ရက်များ(၂)"

nu-san on October 11, 2009 at 9:29 PM said...

သမီးလေးက ဆော့တတ်နေပြီဆိုတော့ ပါးပါးမာမားတော့ လိုက်ကြည့်နေရတော့မှာနော်.... အဲဒီက အိမ်ခန်းတွေက ကျယ်ကျယ်ဝန်းဝန်းရှိတယ်ဆိုတော့ ကလေးက အိမ်ထဲမှာ လျှောက်ဆော့ဖို့ နေရာရှိသေးတယ်..ဒီက အခန်းတွေက အရမ်းကျဉ်းတာပဲ.. ဒါကြောင့် ပိတ်ရက်ဆို အားလုံးပန်းခြံရောက်ကုန်ကြတယ်.. အိမ်ထဲမှာ ဆော့လို့ သိပ်မကောင်းဘူးနဲ့ တူတယ်.. :)

့်Home Sweet Home on October 15, 2009 at 1:57 AM said...

ဟုတ်တယ်အမ nu-san ရေ ။ သမီးကတွေ့ သမျှအကုန်ဆွဲချပြီးကိုက်ကြည့် နေလို့  သူအိမ်ပြန်ရောက်တာနဲ့ တစ်ဖ၀ါးမခွာ မားမားပါးပါး ဘော်ဒီကတ်လုပ်နေရပါကြောင်း။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates