Thursday, September 17, 2009

သမီးပုံလေးတွေ


ပါးပါးဝယ်ပေးထားတဲ့ ခြူဘောလုံးလေးနဲ့ ဆော့ နေတာလေ။
ဒီလိုလဲမြောက်ပြီးဆော့ တက်နေပြီ။

အိမ်မှာစနိုးပြီးရင်ဒီ ကွန်ပြူတာကတန်ဖိုးအရှိဆုံးပါ။ ဒါပေမဲ့ သမီးအဆော့ ကောင်းလို့ အခုသူလဲသိပ်ပြီးအလုပ်မလုပ်ချင်တော့ဘူး။

မားမားလာကြိုလို့ အိမ်ပြန်ရတော့မှာမို့ သူလဲပျော်နေလေရဲ့ ။ ကိုယ်တွေလဲမြန်မာပြည်ကိုအလည်ပြန်ရတော့မယ်ဆိုရင်ပါးစပ်ကိုစေ့လို့ မရအောင်ကိုပျော်တာ။ နိုဝင်ဘာမှာအိမ်ကိုပြန်ဖို့ ခွင့်တင်ထားတာလဲကျသွားပြီ။

ဒီအရုပ်လေးကသမီးရဲ့ မမလို့ ပြောရမှာပါ။ ပါးပါး ကမားမားကိုဝယ်ပေးတာလေ။ ၂၀၀၇ ခုနှစ် ၁ လပိုင်း လဆန်းတုန်းကပေါ့ ။ တိုက်တိုက်ဆိုင်ဆိုင် သမီးကလည်းတရုပ်ကြွတ်နှစ်မှာမွေးတယ်နော်။

1 comments on "သမီးပုံလေးတွေ"

The Queen on September 17, 2009 at 7:45 PM said...

တကယ့် ကိုချစ်ဖွယ်လေးပါပဲ ။ နာနီ နဲ့ အဆင်ပြေလို့တော်သေးတာပေါ့နော်။ အခုလိုကြ ပြန်တော့လဲ ပိန်သွားတယ်လို့ မထင်ရပြန်ဘူး။ ပြန်ပြည့် လာတယ် ထင်တယ်။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates