Monday, September 28, 2009

မဟုတ်ရပါ


သမီးစနိုး ၅လအထိ မားမားအိမ်တွင်းပုန်းနေလို့ ကိုယ့် ကိုယ်ဆင်ခန္ဓာဝက်ကိုယ်လုံးဖြစ်နေတာကို သတိမမူမိပါ။ အလုပ်ပြန်လုပ်မိမှဘဲ ပတ်ဝန်းကျင်နဲ့ ပြန်ပြီးဆက်စပ်မိလို့ ကြားရတဲ့ စကားလုံးများကတော့ နားမချမ်းသာစရာပါ။
ဟိုတစ်နေ့ ကအစ်ကိုဝမ်းကွဲကသူ့ အိမ်မှာ 7Month Festival(ချစ်ရေပွမ်) ရှိလို့ မိသားစုသွား လည်တာ။ ယောင်းမက မတွေ့ တာကြာလို့ နောက်တစ်ဗိုက်လားလို့ အမေးခံရတယ်။ မဟုတ်ပါကြောင်းရှင်းပြနေတုန်း ၊ ညီမ၀မ်းကွဲတစ်ယောက်က ဟုတ်တယ် တော်တော်ပူနေတယ်နော် လို့ ပြောနေတုန်း ၊ ပါးပါးကပါ ဟုတ်တယ် ၀ီိတ်ချဖို့ သင့်ပြီလို့ ဝင်ပြီးထောက်ခံပြန်တယ်။

အဲဒိလိုအဖြစ်အပြတ်တွေဖြစ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တုန်း ။ တစ်ရက်မားမားတို့ အလုပ်ကို လာတဲ့ Supplier တစ်ယောက်က နင်ဗိုက်ကြီးနေတာလားတဲ့ ။ မဟုတ်ရပါလို့ ပြောတော့ အခါခါတောင်းပန်ပြီးမှပြန်သွားတယ်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန် တော့ လုပ်လို့ ဖြစ်မှာလား။ အဲညနေသမီးကိုနာနီအိမ်သွားကြိုတော့ မားမားသမီးကိုလှန်းချီလိုက်ပြီးခါးကိုနဲနဲကော့ လိုက်တော့ ။နာနီကတစ်ခါ နောက်တစ်ဗိုက်လားတဲ့ ။ မဟုတ်ရပါလို့ ပြော နေတာတောင် တော်တော်ပူနေတုန်းဘဲနော် လို့ ထပ်ပြီးရစ်လိုက်သေးတယ်။

ဒီနေ့ လဲတစ်ခါ အလုပ်ကမားမားရဲ့  Colleague က နောက်တစ်ဗိုက်လားလို့ ထပ်မေးပြန်တယ်။ အနာပေါ်ဒုတ်ကျတာလောက်နာတာမရှိဘူး ။ အခုတော့ ကိုယ်ကိုယ် ပုံပျက်နေတာကိုဝန်မခံချင်ဘဲကိုမရတော့ဘူး။ အရင်ပေါင် ၁၀၀ ကနေ ၁၂၈ ပေါင် ဖြစ်နေကထဲကိုက အဖြေကရှင်းနေတာကို။ ဒါပေမဲ့ဘာဖြစ်လို့ နောက်တစ်ဗိုက်လားဆိုတာကိုမေးမေးနေရတာလဲသိဘူးနော်။ တော်တော်ဝနေတယ်လို့ ပြောရမှာအားနာလို့ လားဟင်။


2007 Christmas မှာမားမား နဲ့ ပါးပါး လေ


သမီးမမွေးခင်တုံးကဘုရားစူးပိန်ပိန်လေးပါ

2 comments on "မဟုတ်ရပါ"

The Queen on September 28, 2009 at 5:59 PM said...

ကျွန်တော် ကျွန်တော် နဲ့ပြောလို့ စနိုး ပါပါးလားလို့ ၊ မာမားဖြစ်နေတာကိုး ၊ ဆောတီးပါ။အခုမှပဲရှင်းသွားတော့တယ်။ အင်း ။... ဒီမှာက လဲ နေ့စဉ်အလုပ်တွေနဲ့ လုံးပန်းနေရတော့ လေ့ကျင့်ခန်းတွေ ဘာတွေလုပ်ဖို့ အခွင့်အရေး မရနိုင်ဘူးနော်။ ဗိုက်ခွဲမွေးတော့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်လို့ လဲမရ ။ တနေ့လုံးလဲ အလုပ်မှာထိုင်နေရတော့ အဆီတွေ စု လာတယ် ထင်တယ်။ သမီးလေး နဲနဲ ကြီးလာရင် ရေသွား ကူး ကြပါလား။ ကလေးလဲ ရေဆော့ရ ၊ လူကြီးလဲ ဝိတ်ကျ တာပေါ့။

nu-san on September 30, 2009 at 7:50 PM said...

စနိုးလေး မားမားကမှ ကလေးမွေးပြီး ၀လာလို့ အမေးခံရတာ.. တို့တုန်းကဆိုလေ အိမ်ထောင်ကျပြီး သိပ်မကြာဘူး ၀လာတော့ (ဗိုက်နေရာပေါ့) ခဏခဏ အမေးခံရတာ စိတ်ကို ညစ်ရော.. ထိုင်ရတာများတော့ အဆီတွေ မစုသင့်တဲ့နေရာ စုလာရင် စိတ်ညစ်ရတယ်နော်.. :D

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates