Thursday, September 10, 2009

နို့ ဗူး


ငါးလသမီးအထိမိခင်နို့ တစ်မျိုးထဲတိုက်တဲ့ အတွက်သမီးသည်မွေးစ ၅ပေါင် ကျော်ကျော်မှ ၀၀ကစ်ကစ် လေး ဖြစ်လာခဲ့ ပါတယ်။ ငါးလပြည့် ပြီး ၃ရက်အကြာမားမားအလုပ်ပြန်ဆင်းတော့သမီးမှာ နို့ ဗူးကိုဘယ်လိုမှမသောက်တက်သေးပါ။ ပါးပါးနှင့်မားမားမှာ သမီးနို့ ဗူးသောက်ရေးအတွက်ရတက်ပွေရပြန်ပါတယ်။ မားမားအလုပ်စအ၀င် သုံးလေးရက်မှာသမီးသည်နာနီအိမ်တွင်အစားမစားဘဲဆန္ဒပြတော်မူပါလေတော့သည်။ ပါးပါးမှာအလုပ်ပြန်လျှင်ုKiddy Palace ကိုသွားပြီး မိခင်နို့ နှင့်အတူဆုံးဟူသောနို့ သီးခေါင်းအမျိုးမျိုးကိုဝယ်ခဲ့ပါသည်။ သို့ သော်သမီးသည်ယခု ကိုးလသမီးအရွယ်ထိ နို့ ဗူးကောင်းကောင်းမစို့ ပါ။ စိတ်ပါလျှင်သောက်ပြီးစိတ်မပါပါကမသောက်ပါ။

ရန်ကုန်မှာတုံးကအဒေါ်တစ်ယောက်ကသမီးအတွက်လက်ဆောင်ပေးတဲ့နို့ သီးခေါင်းလေးပါ။
ဒါကတော့Farlinတံဆိပ်ထင်တာဘဲ နို့ သီးခေါင်းထိပ်မှာအဖုလေးတွေပါလို့ မိခင်နို့ နဲ့ တူတယ်ဆိုလို့ ။


တစ်ချို့ ကလေးတွေက ရာဘာနို့ သီးခေါင်းမှဆို့ တယ်ဆိုလို့ ပါးပါးဝယ်ခဲ့ တာပါ။

Piegon တံဆိပ်ပါ FairPrice မှာအ၀ကြီးနဲ့ ကမိခင်နို့ နဲ့ ပိုတူတယ်ဆိုလို့ ဗူးရောအစုံလိုက်ဝယ်ရပြန်ပါတယ်။
မထူးပါဘူးဝယ်လက်စနဲ့ Standard size ပါဝယ်ခဲ့လိုက်တယ်။


မားမားကသူဖတ်တဲ့ကလေးMagazine မှာNUK တံဆိပ်ကBreastfeeding မှ Bottlefeeding ပြောင်းတဲ့ကလေးတွေအတွက်သင့်တော်တယ်လို့ ဖတ်ရကြောင်းအတွန့် တက်လို့ ဝယ်ထားတာ။



2 comments on "နို့ ဗူး"

nu-san on September 11, 2009 at 8:34 AM said...

ကလေးအတွက် နို့သီးခေါင်းလေးတွေ ၀ယ်ထားတာ အများကြီးပဲနော်.. သိထားသင့်တာလေးတွေမို့အမလည်း မှတ်သွားတယ် ညီမလေးရေ.. :)

့်Home Sweet Home on September 13, 2009 at 6:02 PM said...

အမ nu-san ရေ ကလေးမွေးပြီးအလုပ်ပြန်လုပ်ဖို့ စိတ်ကူးထားရင်တော့ မွေးကတည်းကနို့ ဗူးနဲ့ အမေနို့ ကိုညစ်ပြီးကျင့်ထားသင့် တယ်။ ဒါမှမဟုတ်ရင်ကျွန်တော်တို့ လိုဘဲဖြစ်လိမ့်မယ်။

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates