Friday, July 24, 2009

သမီးလေးပါရှင်


သမီးလေးကိုရန်ကုန်ပင်လုံဆေးခန်းမှာ ၂၀၀၈ ဒီဇင်ဘာ ၈ ရက်မှာ ဒေါက်တာဦးမြင့်မောင်မောင်မှခွဲစိပ်မွေးဖွားပေးခဲ့ပါတယ်။ သမီးလေးကို မနက်၅နာရီ၅၅မိနစ်မှာမွေးဖွားခဲ့ပြီးအလေးချိန်ကတော့ ၅ ပေါင်နဲ့ ၇ အောင်စခွဲပါ။ သမီးလေး မွေးခါစကပိန်ပိန်ရှည်ရှည်နဲ့ မော်ဒန်ဂဲနဲ့ တူတယ်။ မွေးပြီး ၂ ရက်လောက်အထိနို့ ကောင်းကောင်းမဆို့ တက်သေးလို့ မားမားငိုရသေးတယ်၊နို့ လဲ့အကျိတ်ဖြစ်ပြီးတော်တော်ခံလိုက်ရတယ်။ သမီးကမွေးကတည်းကနို့ ကောင်းကောင်းမစို့ နိုင်လို့ ၃ ရက်မြောက်နေ့ မှာစပြီးမီးပြရပါလေရော။ပိန်ပါတယ်ဆိုပါမှထပ်ပြီးမီးပြရတော့ပါးပါးနဲ့ မားမားမှာမျက်ရေမဆည်နိုင်အောင်ပါဘဲ။ သမီးကတော့မော်ဒန်ဂဲလို့ မပြောရဘူး၊မီးပြတုံးတောင်မှအိုက်တင်နဲ့ ။ပါးပါးကတော့သူသမီးလေးမျက်စိကိုအလင်းရောင်ဝင်မှာစိုးလို့ ကောင်းကောင်းမအိပ်နိုင်ဘဲထထကြည့် ရတာအမောပါဘဲ။ အဲဒိအချိန်မှာဘဲသမီးလေးရဲ့ တစ်ကိုယ်လုံးမှာအနီဘုတွေထွက်လာလို့ ပရိဇီဝဆေးကိုအကြောထဲကနေသွင်းရတယ်လေ။ သမီးလေးရဲ့ လက်နှစ်ဖက်ကိုကောခြေထောက်နှစ်ဖက်ကိုပါမွစိလန်အောင်ထိုးပြီးမှအကြောရှာလို့ ရခဲ့ပါတယ်။



0 comments on "သမီးလေးပါရှင်"

Post a Comment

 

Home Sweet Home Copyright 2009 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez | Distributed by Deluxe Templates